Related Posts Plugin for WordPress, Blogger...



ကာလရှည်ကြာ ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နိုင်သည့် အချက်အလက် အချို့ကို Emirates လေကြောင်းလိုင်း၏ အကြီးအကဲက ထုတ်နုတ် ထောက်ပြ ပြောဆိုသွားခဲ့သည်။ တင်မ်ကလက်ခ်က မတ်လ(၈)ရက်နေ့တွင် အရှေ့ဘက်သို့ ဦးတည်ပျံသန်းရင်း ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားသည့် လေယာဉ်ကို အနောက်စူးစူး ဒေသ၌ ဖြန့်ကျက်ရှာဖွေခဲ့ရသည့် ဖြစ်စဉ်၌ အငြင်းပွားဖွယ် အခြေအနေများစွာ ရှိနေကြောင်း ဆိုသည်။ လူပေါင်း(၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ထွက်ခွာကာ အရှေ့မြောက်ပိုင်းရှိ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ ဦးတည် ပျံသန်းခဲ့သည်။

သို့သော်လည်း တောင်တရုတ် ပင်လယ်တွင် ရေဒါနှင့် အဆက်အသွယ်ပြတ်တောက် ပျောက်ကွယ်သွားခဲ့သည်။ နောက်ပိုင်းတွင်မူ လေယာဉ်သည် လာလမ်းအတိုင်း ပြန်လှည့်ကာ မလေးရှားကို ကျော်လွန်သွားပြီး အိန္ဒိယ သမုဒ္ဒရာထဲတွင် ပျက်ကျသွားကြောင်း ဂြိုဟ်တု သတင်းအချက်အလက်များကို အခြေခံပြီး အိန္ဒိယ သမုဒ္ဒရာအတွင်း၌ ရှာဖွေရေးများ လုပ်ဆောင်နေခဲ့သည်။ Emirates၏ ဥက္ကဋ္ဌဖြစ်သူ ကလက်ခ်က ယင်းကဲ့သို့ သမားရိုးကျ မဟုတ်သော အခြေအနေတွင် တိုက်လေယာဉ်များက အဘယ်ကြောင့် ပျံတက်မသွားခဲ့ရကြောင်း ရှုထောင့်တစ်ခုမှ မေးခွန်းထုတ်ခဲ့သည်။ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ရုတ်တရက် ပျောက်ဆုံးသွားသော အခြေအနေတွင် မလေးရှား လေတပ် တိုက်လေယာဉ်များက ချက်ချင်း စစ်ဆေးရမည့် တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

ဒိုဟာရှိ နှစ်ပတ်လည် လေကြောင်းညီလာခံ တစ်ခု၎ ဩစတြေးလျ ဘဏ္ဍာရေး သုံးသပ်ချက် မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကလက်ခ်က “ဆိုပါစို့ဗျာ။ လေယာဉ်ဟာ လန်ဒန်ကနေ အော်စလိုကို ဦးတည်နေခဲ့တယ် ထားပါတော့။ မြောက်ပိုင်းပင်လယ်ကို ဖြတ်ကျော်နေရင်း ရုတ်တရက် လမ်းကြောင်းပြောင်းပြီး အနောက်ဘက် အိုင်ယာလန်ကို ဦးတည်သွားတဲ့အခါ (၂)မိနစ်အတွင်း Tornadoတွေ၊ Eurofighter တိုက်လေယာဉ်တွေက အဲဒီနေရာကို ချက်ချင်းရောက်သွားမှာပဲ။ ဒါဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “ခုချိန်မှာ ဩစတြေးလျနဲ့ အမေရိကန်တို့က ရှာဖွေရေး လုပ်ငန်းတွေကို အဓိက လုပ်ဆောင်နေကြတယ်။ တစ်ခုခုတော့ ထူးခြားလာနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်ရပ်မှာ ဘယ်လို အဓိက ရေဒါစနစ်ကို အသုံးပြုခဲ့တယ်ဆိုတာ ကျွန်တော် သေချာမသိဘူးလေ”ဟုလည်း ဆိုသည်။ နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့ကြီးက လေယာဉ်များ၏ လမ်းပြစနစ်ကို ယခုထက် ပိုမိုကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေဆွေးနွေးနေချိန်၌ ကလက်ခ်က ယခုလို မှတ်ချက်ပြု ပြောဆိုလာခြင်း ဖြစ်သည်။ နိုင်ငံတကာ အရပ်ဘက် လေကြောင်း ပျံသန်းရေး အဖွဲ့ကလည်း လမ်းကြောင်း ခြေရာခံ နည်းလမ်းများနှင့် ပတ်သက်ပြီး ပိုမိုတိုးတက်လာအောင် သုတေသနပြုမှု စတင်နေပြီ ဖြစ်သည်။

“ကျွန်တော့် အမြင်အရတော့ ကျွန်တော်တို့ဟာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စတစ်ခုကို ပြင်ဆင်ဖို့ လိုနေပါပြီဆိုပြီး ထိုင်ပြောနေကြသလိုပဲ။ လမ်းကြောင်းကနေ (၂၅)မိုင်လောက် သွေဖီသွားရင် လမ်းစက ပျောက်သလောက် ဖြစ်နေပြီ။ လေယာဉ်တွေ အမှားအယွင်း ကြုံတဲ့အခါ ဘာတွေများ အမှန်တကယ် ဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ သေချာသိဖို့ လိုလာပါတယ်။ လေယာဉ်ခရီးစဉ်တွေကို တစ်စက္ကန့်ချင်းစီ သုံးသပ် စိစစ်နေဖို့ လိုတယ်လေ”ဟုလည်း ကလက်ခ်က ဆိုသည်။ ၎င်းက MH370 လေယာဉ်ကို တစ်ချိန်ချိန်တွင် ပြန်လည်ရှာဖွေ တွေ့ရှိမည်ဟု ယုံကြည်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

“တစ်နေ့တော့ ပြန်တွေ့လာမှာပါ။ အဲဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ ဖြစ်စဉ်ကို ဟိုးအောက်ခြေကနေ စပြီးတော့ အဖြေရှာနိုင်လိမ့်မယ်”ဟုလည်း ကလက်ခ်က ပြောဆိုသွားသည်။ မလေးရှား လေတပ်သည် လေယာဉ်ပျောက်ဆုံးသွားကြောင်း ကြေညာပြီး မကြာမီမှာပင် လေယာဉ်လမ်းကြောင်းပြောင်းသွားသည့် အထောက်အထားများ တွေ့ရှိလာသော်လည်း ရန်ပြုမည့် အရိပ်လက္ခဏာ မရှိသဖြင့် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှု မရှိခဲ့ဟု နောက်ပိုင်းတွင် ပြန်လည် ဝန်ခံထားသည်။ ကာကွယ်ရေးဝန်ကြီး ဟီရှမ်မက်ဒင် ဟူစိန်ကမူ MH370 ဖြစ်ရပ်သည် နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ လုပ်ဆောင်မှုများကို ပြန်လည် စစ်ဆေးရန် နှိုးဆော်မှုတစ်ခု ဖြစ်လာကြောင်း ပြောကြားထားသည်။

Planet Myanmar Network.

Posted by Unknown on 6/04/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ