Related Posts Plugin for WordPress, Blogger...




ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်က အင်အားငါးသိန်းလောက်ရှိတယ် ဆိုတဲ့စစ် တပ်ကြီးကို စိန် ခေါ် လိုက်တဲ့အခါ အစွန်းရောက်ဒီမိုကရေစီ သမားတွေ က သောင်းသောင်း ဖျဖျ သြဘာပေးကြတယ်။ ချင့်ချိန်စဉ်းစားသူတွေက စိုးရိမ်တဲ့လေ သံထွက်လာတော့ ဒီမိုကရေစီ မလိုလားသူတွေလို့ ဝိုင်းအော်ကြ ပြန်တယ်။

တကယ်တော့ ဒေါ်အောင်ဆန်းဆုကြည် ဟာ ဖခင်ဗိုလ်ချုပ်အောင်ဆန်းလောက် ကံမကောင်း ရှာပါဘူး။ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့ ရဲ့ ပင်ကိုယ်ထက်မြက်မှုအပေါ် မှာ ဘေးက၀န်းရံသူတွေရဲ့ စွမ်း ရည်ပြည့်ဝမှုတွေကြောင့် ပိုမိုတောက်ပ ခဲ့ရပါတယ်။ ထင်ရှားတဲ့ဖြစ်ရပ်တွေထဲက ဥပမာ ပြရရင် ၁၉၄၃ခုနှစ်လောက်က ဗိုလ်ချုပ်အောင်ဆန်း က ဂျပန်ကို တော်လှန်ချင်ချိန်မှာ ဘေးက ၀န်းရံသူတွေက အချိန်မတန်ေ သးေ ကြာင်းအ ကြံညဏ်ေ ပ;နိင်ခဲ့ လို့ ဂျပန်ကျဆုံးမယ့် အချိန်မှတော်လှန်ခဲ့တဲ့အတွက် မိမိအဆုံးအရှုံးနဲ စွာနဲ့ အောင်မြင်ခဲ့ရတယ်။အင်္ဂလိပ်ဆီက တစ်နှစ်အတွင်း လုံးဝလွတ်လပ်ရေး ပေး ရမယ်လို့ အရေးဆို ရမယ့်ကိစ္စပြောသင့်မပြောသင့် တွေဝေနေချိန်မှာ ဘေးက ၀န်းရံသူတွေက ပြတ်ပြတ်သားသား တောင်း ဆိုဖို့ အကြံကောင်း ပေးနိင်ခဲ့ကြတယ်။ဒေါ်အောင်ဆန်းစုကြည်မှာတော့ ဒီလိုမရှိရှာဘဲ အားလုံးက ဒေါ်စု အဆုံးအဖြတ်အတိုင်းပဲ လို့  သူ့ ခေါင်းပေါ်ပဲ ပစ်တင်ပေးနေကြတော့ တစ်ဦးတည်း အာဏာယူထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဖြစ်လါပါတယ်။ ဦးဝင်းတင်လို ဝေဖန် ထောက်ပြပေးမယ့်သူ မရှိတဲ့အခါ အမှားအယွင်းတွေ ဖြစ်လာဖို့ ပိုနီးစပ်လာပါတော့တယ်။

စစ်တပ်ကို စိန်ခေါ် တယ် ဆိုတဲ့စကားဟာ အဓိပါယ် မျိုးစုံပါတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့  ပြောတယ်ဆိုတာ ကာယကံရှင်ပဲ သိမှာဖြစ်ပေမယ့် သေချာတာကတော့ စစ်တပ်ရဲ့ ထောက်ခံမှုရရှိဖို့  ပိုဝေးသွားတာကတော့သေချာပါတယ်။အမှန်တရားက မည်သို့ ရှိစေ အရှိတရားကတော့ ဒီမိုကရေစီ လမ်းကြောင်းမှာ စစ်တပ်မပါဘဲ မရနိင်ဘူးဆိုတာ ခေါင်းဆောင်တဲ့သူတွေ အသိရှိသင့်ပါတယ်။သာမန် လူထုကြိုက် စစ်တပ်ကိုတိုက်ခိုက်ရင် လူထုထောက်ခံမှု ပိုရအောင်ပါတီအတွက် မဲဆွယ် စည်းရုံးတယ် ဆိုရင်တော့ ပြသနာမရှိပေမယ့် တကယ့် ဒီမိုကရေစီရအောင် လုပ်မယ့်ကိစ္စအတွက်တော့ အနှောင့်အယှက်တွေ အများကြီး ဖြစ်လာနိင်ပါတယ်။စိန်ခေါ်တယ်ဆိုတဲ့စကား အစား အခြားရင်ကြား စေ့ စည်းရုံးနိင်တဲ့ ဗမာစကားတွေ အများကြီးရှိပါတယ်။တပ်မတော် ၊တပ်မတော် လို့  အားလုံးသိမ်း ကြုံးပြောနေခြင်းကလည်း တပ်မတော်သား အားလုံးရဲ့ အမြင်မကြည်လင်မှုကို ပိုဖြစ်စေမှာဖြစ်ပါတယ်။ တကယ်တော့ အာဏာပိုင် စစ်ဗိုလ်ချုပ်ကြီး များနဲ့ သာမန်အရာရှိငယ်၊စစ်သည်တွေကို ခွဲခြားပြောသင့် ပါတယ်။စစ်တပ်ရဲ့ သဘာဝ ကို က ခေါင်းဆောင်လုပ်တဲ့သူက လက်အောက်ရဲ့ အသက်ကိုတာဝန်ယူ လုပ်ဆောင်ရတဲ့ လုပ်ငန်းဖြစ်လို့ အဓိက အဆုံးအဖြတ်ဟာ စစ်ခေါင်းဆောင်တွေ ဖြစ်ပါတယ်။လက် အောက်အရာရှိငယ် စစ်သည်တွေကိုပါရောပြီး တပ်မတော်၊ တပ်မတော်လို့ အားလုံးသိမ်းကြုံး ပြော နေသမျှတော့ လူ့ အခွင့်အရေးမှန် သမျှဆုံးရှုံးနစ်နာ ၊သာမန်လူထု မလုပ်နိင်တဲ့ ဆင်းရဲဒုက္ခတွေနဲ့  ၂၄နာရီ တာဝန်ထမ်းဆောင် အသက်စွန့် လုပ်ကိုင်နေရတဲ့ အရာရှိငယ် စစ်သည်တွေ ဟာ အခွင့် ထူး ခံလို့ စွပ်စွဲ ခံရတော့ ပြောတဲ့သူ အပေါ် ဘယ်လိုသဘောထား မယ်ဆိုတာ ရှင်းနေပါတယ်။

လက်ရှိတပ်မတော်ဟာ ယခင် စစ်အစိုးရအမှားအယွင်းတွေကို သိမြင် ထားလို့ နိင်ငံရေးက နေ သိက္ခာရှိရှိ ပြန်ခွာစစ်ဆင်နေတာကို တော့ ထွက်ပေါက်ပေးရမှာ ဖြစ်ပါတယ်။မဟောင်တဲ့ ခွေးလို့  ပဲပြောပြော ၊သရဖူမဆောင်းတဲ့ဘုရင်လို့ ပဲပြောပြော ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့် အပြည့်အ၀ ရထားပေမယ့် နိင်ငံရေးကိစ္စတွေမှာ ဘာမှဝင်ရောက် လွှမ်းမိုးတာမရှိသေးပါဘူး။ယခင် စစ်အစိုးရလက်ထက် သိမ်းထားတဲ့ မြေတွေ ပြန်လည်ပေးအပ်ခြင်းနယ် ဘက်အုပ်ချုပ်ရေးကိစ္စတွေမှာ ၀င်ရောက်မစွက်ဖက်ခြင်း တို့ ကို တွေ့ မြင်ရပါတယ်။ အခြေခံဥပဒေပြင်ဖို့ ကိစ္စမှာလည်းဥပဒေနဲ့ အညီ ပြင်ဆင်ဖို့ သဘောတူ ထားပြီးဖြစ်ပါတယ်။ဒီလိုအချိန်မှာ ရင်ကြားစေ့ရေးအတွက် ဆိုပြီး တပ်မတော်ကို နည်းမျိုးစုံ ပုတ်ခတ်ပြီး စိန်ခေါ်လိုက်တာကတော့ သာမန်လူ ထုနဲ့ အစွန်းရောက်ဒီ မိုကရေစီ တွေ က ၀မ်းသာအားရ လက်ခုပ်တီးကြမှာဖြစ်ပေမယ့် စစ်တပ်မပါဘဲ ဘယ်လိုမှ ဒီမိုကရေစီမရနိင်တဲ့ ပကတိ အရှိတရားမှာ စိန်ခေါ်တယ် ဆိုတဲ့ရဲရဲတောက် စကားတစ်ခွန်းကြောင့် အများကြီး နှောင့်နှေးမှုတွေ ဖြစ်လာနိင်ပါတယ်။

ဒီမိုကရေစီခေါင်းဆောင်ဆိုသူတွေဟာ တိုက်ရဲတာ သတ္တိ မဟုတ်၊အောင်ပွဲ ကို ရအောင်ယူ ပေးနိင်တဲ့ နှလုံးရည်သတ္တိ ကမှ တကယ့် သတ္တိ ဆိုတာ ရှင်းရှင်း လင်းလင်း မြင်ထားဖို့ တော့လို ပါတယ်။၁၉၈၈ မြန်မာပြည်က ပထမဆုံး စတင်ခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကတကမ္ဘာလုံးပြန့် နှံ့ ခဲ့ပြီး အောင်ပွဲ အလီလီရပြီးကြချိန်မှာ အရင်ဆုံး စခဲ့တဲ့ တိုင်းပြည်က ခုချိန်ထိ မရသေးတာ ဘာကြောင့်လဲ ဆိုတာ ခေါင်းဆောင်လုပ် သူတွေ သေသေချာချာ စဉ်းစားသုံးသပ်သင့်ပါပြီ။အခြေခံဥပဒေပြင်ဖို့  ဖိအားပေး တဲ့အနေနဲ့ လူထု ဟောပြောပွဲ တွေနဲ့ စည်းရုံးလှုပ်ရှားတာ ရည်ရွယ် ချက်ကောင်းပေမယ့် နူတ်ကြောင့်သေ လက်ကြောင့်ကြေ ဆိုသလို မဖြစ်ဖို့ တော့လိုပါတယ်။ဒီမိုကရေစီ လမ်းကြောင်းပေါ် လေးဘက်သွားစသွားနေရတဲ့ အခုအချိန်မျိုးမှာ ဗိုလ်စိန်မှန် အောင်ပင်လယ် ဟောပြောပွဲ ကနေ ဘယ်ဝယ်ဘယ်ဆီ ဒီမိုကရေစီ မဖြစ်ပါစေနဲ့ လို့ သာဆုတောင်းလိုက်ရပါတော့တယ်။ ။

ဦးသောင်းအေး
(၃.၆.၂၀၁၄)
http://www.oppositeyes.info

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ