Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၅

 တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အချို့အကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သော ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် တာမိုးညဲ မြို့နယ်ခွဲအတွင်း ရှေ့တန်းစစ်ကြောင်းမှ ပြန်လာသော မော်တော်ယာဉ် တစ်စီးကို KIA အဖွဲ့က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း အစိုးရနှင့် တပ်မတော် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

တပ်ရင်းမှူး ကျော်ထင်အောင် (စုံစမ်းဆဲ) သည် နောက်တန်းသို့ မိသားစု အပါအဝင် အခြားတပ်မတော်သား ငါးဦးတို့နှင့်အတူ ပြန်လာရာ လမ်းခရီး၌ ပြောက်ကျား ယူနီဖောင်းဝတ် လက်နက်ကိုင်များ တောင်ကုန်းတစ်ခုပေါ်မှာ ဆင်းလာသည်နှင့် တိုးမိကြောင်း၊ ယင်းကြောင့် အတူပါလာသည့် တပ်သားများနှင့်အတူ ရပ်တန့် နေရာယူစဉ် အခြား တောင်ကုန်းတစ်ခုမှ သေနတ်ကျည် ထိမှန်ပြီး နေရာတွင်ပင် ကျဆုံးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရနှင့် တပ်မတော် အသိုင်းအဝိုင်းက အတည်ပြု ပြောကြားသည်။

“လည်ပင်း လေပြွန်မှန်ပြီး တစ်ခါတည်း ကျသွားတာ” ဟု အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။

သို့သော် လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့နေသကဲ့သို့ ချောင်းမြောင်း ပစ်ခတ်ခံရခြင်း မဟုတ်ဟု မေးမြန်း သိရှိထားကြောင်း အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ထပ်မံအတည်ပြုသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ မြစ်ကြီးနားအခြေစိုက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA နည်းပညာ အကြံပေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူထံ ဖုန်းဆက်သွယ် မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

သို့သော် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်ကမူ ရှမ်း (မြောက်) တွင် မကြာခဏ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ မှန်ကန်ပြီး ယခု တပ်ရင်းမှူး ကျသည်ဆိုသော သတင်းနှင့် ပတ်သက်၍မူ တစ်စုံတစ်ရာ မသိရှိရသေးကြောင်း ပြန်လည်ဖြေကြားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းနေချိန်တွင် ယင်းသို့ အောက်ခြေအရာရှိ၊ တပ်သားများ ကျဆုံးရခြင်းမှာ မသင့်တော်ကြောင်း၊ နှစ်ဖက်သဘောတူချက်များ၊ ကတိကဝတ်များကို စောင့်ထိန်းရန် လိုအပ်ကြောင်း အရာရှိတစ်ဦးက သုံးသပ်သည်။

တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွင် လက်နက်ကိုင်အဖွဲ့ အများစုနှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့ပြီး သက်တမ်းအရှည်ကြာဆုံး လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့သူ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့နှင့် အပစ်ရပ်ထားမှုမှာ စံပြဖြစ်ကြောင်း၊ KIA အပါအဝင် ကချင်နှင့် ရှမ်း (မြောက်) ဒေသရှိ လက်နက်ကိုင်အချို့နှင့် တိုက်ပွဲဖြစ်ပွားနေမှုမှာ တပ်မတော်နှင့် လက်နက်ကိုင် နှစ်ဖက်အဖွဲ့များတွင် တာဝန်ရှိကြောင်း ငြိမ်းချမ်းရေး လေ့လာသုံးသပ်သူ တစ်ဦးက မှတ်ချက်ပြုသည်။

တပ်မတော်နှင့် KIA အကြား လက်နက်ကိုင် ပဋိပက္ခများ ပိုမိုအရှိန်မြင့်လာမှုကြောင့် အစိုးရနှင့် ကေအိုင်အိုတို့ မေလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပဋိပက္ခဖြေရှင်းရေး ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူခဲ့ကာ ကော်မတီ လုပ်ငန်းစဉ်များ စတင်ဆွေးနွေးနေပြီ ဖြစ်သည်။

KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် KNU ဗဟိုကော်မတီဝင်များသည် ဇွန်လ ၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် ဆက်တိုက်တွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးနေချိန်တွင် ယခုဖြစ်စဉ် ဖြစ်လာခြင်းမှာ ငြိမ်းချမ်းရေးအတွက် အဟန့်အတား ဖြစ်သွားနိုင်ကြောင်း၊ နှစ်ဖက်အဖွဲ့များ ပွင့်ပွင့်လင်းလင်း တွေ့ဆုံကာ အမြန်ဆုံး အဖြေရှာရန် လိုကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ