Related Posts Plugin for WordPress, Blogger...

လားရှိုး၊ ဇွန် (၅)

၂၀၁၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ၊ မွန်းလွဲပိုင်း ၁နာရီခွဲအချိန်ခန့် တွင် လားရှိုးမြို့ နယ်၊ ဆုံကွယ် ကျေးရွာ အုပ်စု၌ စိတ်ဖောက်ပြန်တတ်သော အမျိုးသမီးတစ်ဦးက ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအား မဖွယ်မရာ ပြုလုပ် သယ်ဆောင်ခဲ့သည်ကို မျက်မြင်တွေ့ ရှိခဲ့သူများက သက်ဆိုင်ရာသို့  သတင်းပို့ တိုင်တန်းခဲ့ရာ တာဝန်ရှိသူများက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရသည်။

မရီရီအောင် (၄၃) နှစ်သည် လားရှိုးမြို့ ၊ ရပ်ကွက် (၁၂) နယ်မြေ (၁၂) တွင် နေထိုင်သူဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၂၀) ကျော်က ပထမအိမ်ထောင်နှင့် သားကြီးဖြစ်သူကို မွေးဖွားပြီး မီးတွင်း၌ အမျိုးသားဖြစ်သူနှင့် စကားများရာမှ အမျိုးသားဖြစ်သူက ရိုက်နှက်ခဲ့မှုကြောင့် စိတ်ဖောက်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် မိသားစု ဆွေးမျိုးသားချင်းများက ဆေးဝါးကုသစောင့်ရှောက်ပေးခဲ့ရာ ဈေးရောင်း
ခြင်း၊ နေကြာစေ့ထုတ်ခြင်း စသည့် ကျဘမ်းအလုပ်များကို လုပ်ကိုင်နိုင်သော်လည်း တစ်နှစ်လျင် (၂) ကြိမ်ခန့်  စိတ်ဖောက်ပြန်မြဲဖြစ်ပြီး တစ်ကြိမ် စိတ်ဖောက် ပြန်လျင် (၁)လခန့်  ကြာမြင့်တတ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသောနေ့ တွင် မရီရီအောင်သည် လားရှိုးနယ်မြေရဲစခန်း မြောက် ဘက်၊ (၂)မိုင်ခန့် အကွာ၊ ဆုံကွယ်ကျေးရွာအုပ်စု၊ စစ်မှုထမ်းဟောင်းရပ်ကွက်ရှိ ညောင်ပင်တွင် ကိုးကွယ်ထားသည့် ဥာဏ်တော် (၆)လက်မခန့် ရှိ သစ်သားရုပ် ပွားတော်တစ်ဆူအား မသင့်လျော်သည့်နည်းဖြင့် ရွာစပ်လယ်ကွင်းသို့  ယူဆောင် သွားသည်ကို ဆုံကွယ်ကျေးရွာနေသူ မအေးမူ ကတွေ့ ရှိခဲ့ရာ ယောက်မဖြစ်သူ ဒေါ်နှင်းအား အော်ခေါ်ပြီး မရီရီအောင်ထံမှ ဗုဒ္ဓရုပ်ပွားတော်အား ပြန်လည်လုယူ
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မအေးမူကကလည်း ဖြစ်စဉ်ကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ သို့  အကြောင်းကြားခဲ့ရာ ကျေးရွာအုပ်စု အထောက်အကူပြုကော်မတီဥက္ကဌနှင့် ရပ်မိရပ်ဖများ ပါဝင်သော အဖွဲ့ က မရီရီအောင်အား မွန်းလွဲပိုင်း ၁နာရီ ၄၅ မိနစ်အချိန်ခန့် တွင် ဖမ်းဆီးပြီး နယ်မြေရဲစခန်းသို့  အကြောင်းကြားခဲ့ကြောင်း သိရသည်။

သတင်းပို့ တိုင်ကြားချက်အရ လားရှိုးနယ်မြေရဲစခန်းမှ ဒုရဲအုပ် လှိုင်မင်းဆန်းနှင့် အဖွဲ့ သည် နေ့ လည် ၂နာရီခန့် တွင် ဆုံကွယ်ကျေးရွာသို့  ရောက်ရှိပြီး မရီရီအောင်အား ခေါ်ဆောင်လာရာ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့ မှူးရုံး၊ ဒုရဲမှူးကြီး လှမျိုးရှိန်၊ ခရိုင်ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီး အောင်ကျော်မိုး၊ မြို့ နယ်ရဲတပ်ဖွဲ့ မှူး ယာယီရဲမှူး တင်ဖေ၀င်းနှင့် အဖွဲ့ သည် နယ်မြေရဲစခန်းသို့  ရောက်ရှိပြီး ဘာသာရေး ပဋိပက္ခများနှင့် အခြားမလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေး အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ အထောက်အကူပြုအဖွဲ့ များနှင့် ညှိနှိုင်းဆောင်ရွက်ကာ မရီရီအောင်အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး စီမံဆောက်ရွက်ခဲ့ရာ မရီရီအောင်အား လားရှိုးနယ်မြေရဲစခန်းက (ပ) ၇၆/၁၄၊ ပြစ်မှု ၂၉၅ အရ အမှုဖွင့်ထားပြီး စခန်းမှူး ရဲအုပ်စန်းယု က စစ်ဆေးဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။

ဤဖြစ်စဉ်တွင် ကျူးလွန်သူ မရီရီအောင်သည် စိတ်ဖောက်ပြန်တတ်သော အမျိုးသမီးဖြစ်ကြောင်း၊ သူမကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်ဟု ပြောပြကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာန၏ မှတ်တမ်းများတွင်လည်း သူမအား ဗုဒ္ဓဘာသာဝင်ဟု ဖော်ပြထားကြောင်း၊ သူမနေအိမ်တွင်လည်း ဗုဒ္ဓဘာသာ ဘုရားစင်ကို တွေ့ မြင်ခဲ့ရကြောင်း လားရှိုးမြို့ နယ် ရဲတပ်ဖွဲ့ မှူး တင်ဖေ၀င်း ကပြောပြ
သည်။

ထို့ အပြင် လားရှိုးမြို့ အေးချမ်းသာယာရေးအတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့  များက လှည့်ကင်းများဖြင့် မြို့ လုံခြုံရေးကို ဆောင်ရွက်ပေးနေသလို လားရှိုးမြို့ မှာလည်း ပုံမှန်သွားလာသူများဖြင့် အေးချမ်းတည်ငြိမ်လျက်ရှိကြောင်း သိရသည်။

သမန်းကျား

Lashio News Diary

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ