Related Posts Plugin for WordPress, Blogger...



မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင်လက်ဝယ်ရရှိထားပြီးဖြစ်သော နော်ဝေးနိုင်ငံအခြေစိုက် Telenor အနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေးစခန်းပေါင်း ၈၀၀၀ ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။လက်ရှိကာလတွင် တယ်လီနောကွန်ရက်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်စက်တင်ဘာမှ အစပြု၍ မိုဘိုင်းလ် Sim Card များကို ငွေကျပ် (၁၅၀၀) ကျပ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်သည်။ အဆိုပါ Sim Card များကို ၀ယ်ယူရန်ကြိုတင် စာရင်းပေးသွားရန်မလိုကြောင်းသိရှိရသည်။ “Sim Card တွေကို ၁၅၀၀ ကျပ်အတိနဲ့ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ် ၀င်စားဖွယ် အရောင်းမြှင့်တင်မှုအစီအစဉ်များလည်းပါဝင်ပါတယ်။ Sim Card ရောင်းချရာမှာ အသက်အရွယ်ကန့် သတ်ချက်မရှိဘဲ မှတ်ပုံ တင်ရှိတဲ့သူတိုင်း လိုသလောက်ဝယ်ယူနိုင်မှာပါ။ ဒါ့အပြင် Sim Card ကို ၀ယ်ယူလိုက်တာနဲ့ အဲ့ဒီ Sim Card ကို သင်ပိုင်ဆိုင်မှာပါ”” ဟု Telenor Myanmar မှ တာဝန်ရှိသူတစ်ဦး ကပြောကြားခဲ့သည်။လက်ရှိကာလတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးမှ ရောင်းချထားရှိသော Sim Card များ၏ စာချုပ်အရ မိုဘိုင်းလ်အသုံးပြုသူများကို Sim Card ငှားရမ်းခြင်းသာ ဖြစ်ကြောင်းရေးသားထားရှိသည်။ Telenor Myanmar အနေဖြင့် ဆက်သွယ်ရေးစခန်း(၁၀၀၀) ကို တည်ဆောက် ပြီးနောက်ပိုင်းကာလများတွင် တစ်လလျှင် ဆက်သွယ်ရေးစခန်းပေါင်း (၃၀၀) မှ (၄၀၀)အထိ တည်ဆောက်သွားမည်ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်ဖြန့်ကျက်မှုကို Telenor Myanmar မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမဆုံး ဆက်သွယ်ရေးစခန်း ၁၀၀၀ ကိုတည်ဆောက်ခြင်းမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်း Telenor Myanmar မှ သတင်းထုတ်ပြန် ထားရှိသည်။

အောင်ရဲကျော်

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ