Related Posts Plugin for WordPress, Blogger...

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးတွင် လုပ်ငန်းခွင် အတွင်း အသုံးပြုနေသည့် ယန္တရားများနှင့် ကားကြီး ကားငယ်များတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ အများအပြား ပါဝင်နေ သဖြင့် သက်ဆိုင်ရာ မှပြန်လည် စိစစ်ရန် လိုအပ်နေကြောင်း ကြေးနီ စီမံကိန်း ၀န်ထမ်း များက The Messenger သတင်းစာ သို့ ပြောသည်။

နိုင်ငံတော်အဆင့် ကြေးနီစီမံကိန်းကြီးအတွင်း ပြည်ပမှ တရားမ၀င်ရောက်ရှိ လာသည့် မော်တော်ယာဉ် များကို တွင်ကျယ်စွာ အသုံးပြုနေခြင်း ကြောင့် နိုင်ငံတော် အခွန်ဘဏ္ဍာ များစွာကို ထိခိုက် နိုင်ကြောင်းနှင့် အဆိုပါ လိုင်စင်မဲ့ မော်တော်ယာဉ် များကြောင့် စီမံကိန်းဝန်ထမ်းများ တစ်စုံတစ်ခု ဖြစ်ပွားပါက အာမခံပေးနိုင်ရန် ခက်ခဲမည်ကို စိုးရိမ်နေကြောင်း ၀န်ထမ်းများက ပြောသည်။

တရုတ် အလုပ်သမားတွေမှပဲ without မဟုတ်ဘူး။ စီမံကိန်းကြီးထဲမှာ အသုံးပြု နေတဲ့ ယာဉ်တွေကလည်း without တွေ ဖြစ်နေတာကို တွေ့နေရတယ်။ လိုင်စင်မဲ့ကားတွေကို တရားဝင် လိုင်စင် လုပ်ပေးလိုက်ရင် နိုင်ငံတော်လည်း အခွန်တိုးလာမယ်။ ၀န်ထမ်းတွေ အတွက်လည်း အာမခံ ရှိမယ်။ အခုတော့ စီနိုဟိုက်ဒရို (၂) ဆိုဒ်တွေထဲမှာ အသုံးမပြုဘဲထားတဲ့ ကားအသစ်တွေမျိုးစုံရှိနေ တာကို တွေ့နေရတယ် ဟုမြန်မာဝမ်ပေါင် ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

လိုင်စင်မဲ့ တရားမ၀င်ကားများမှာ ကြေးနီစီမံကိန်း၊ လိပ်ခွံတောင်ခြေအနီးရှိ စီနို ဟိုက်ဒရို (၂) ကန်ဆိုဒ် အတွင်းများစွာ ရှိနေပြီး၊ အဆိုပါ ကုမ္ပဏီသည် လုပ်ငန်း လည်ပတ်မှု ရပ်ဆိုင်းတော့မည့် ကုမ္ပဏီ တစ်ခုဖြစ်ကာ မြန်မာဝန်ထမ်းများအား နစ်နာကြေးပေးကာ အလုပ်ရပ်စဲ ထားသည်။ သို့သော်လည်း ယခုလက်ရှိတွင် တရုတ်အလုပ်သမားအသစ် များနှင့် တရားမ၀င် ကားအသစ်များ ပိုမိုကျယ်ပြန့်စွာ ၀င်ရောက်နေ သဖြင့် သက်ဆိုင်ရာမှ ပြန်လည် စိစစ်ကြပ်မတ်ရန် လိုအပ်နေကြောင်း သိရသည်။

ယင်း စီမံကိန်းအတွင်းရှိ တရားမ၀င် လိုင်စင်မဲ့ကားများတွင် ဇိမ်ခံကား SuZuki Suff အနက်ရောင်ကားများ အများဆုံး ပါဝင်ပြီး၊ ဖယ်ရီကား တစ်စီး၊ ဘက်ဖိုးတစ်စီး၊ ရေသယ်ကား တစ်စီးတို့အပြင် တခြား လိုင်စင်မဲ့ကား (၂၀) စီးခန့်တို့ စီနိုဟိုက်ဒရို ကန်ထရိုက် ကုမ္ပဏီတွင် ရှိနေကြောင်း သိရ သည်။ ပြန်လည် စိစစ်ဖို့ ညွှန်ကြားထားပြီးပါပြီ။ လိုင်စင်မရှိရင် လိုင်စင်လုပ်ဖို့ကိုပါ။ လိုင်စင်ပါမှသာ စီမံကိန်းအတွင်း မောင်းနှင် ခွင့်ပြုထား ပါတယ် ဟု လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ မြန်မာ့ စီပွားရေး ဦးပိုင် လီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Messenger News Journal

Posted by Arakan News on 6/19/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ