Related Posts Plugin for WordPress, Blogger...


  ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် အတွင်းရှိ အခြေခံပညာကျောင်း အားလုံး၏ ၅၂ဒသမ၂၉ ရာခိုင် နှုန်းတွင် အဝီစိတွင်းမရှိသဖြင့် သောက်ရေနှင့်သုံးရေများ ခက်ခဲ လျက်ရှိကြောင်းသိရသည်။

ယနေ့ကျင်းပသော အမျိုးသား လွှတ်တော်အစည်းအဝေးတွင် အခြေခံပညာကျောင်းအားလုံး၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် သန့်ရှင်းသော သောက်ရေနှင့်သုံးရေ လုံလောက် စွာရရှိရန် နိုင်ငံတော်မှ စီမံကိန်း များ ချမှတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်း ကြောင်း အဆိုတင်သွင်းရာတွင် ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၈)မှ ဒေါက်တာခင်မောင် လေးက ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

''လွှတ်တော်နားတဲ့အချိန် ကျောင်းတွေကိုကွင်းဆင်းလေ့လာ တဲ့အခါမှာ တချို့ကျောင်းတွေမှာ စက်ရေတွင်းမရှိဘူး။ ယင်လုံအိမ် သာတွေဆောက်ထားပေမယ့် သုံး စရာရေမရှိဘူးဆိုတာတွေတွေ့ရပါ တယ်''ဟု လက်တွေ့ကွင်းဆင်းမှု တွေ့ရှိချက်များကို၎င်းကဆက်လက် ပြောကြားခဲ့သည်။

ထို့ ပြင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ မြို့ပေါင်း ခြောက်မြို့နယ်တွင် အဝီစိတွင်းမရှိ သောကျောင်းပေါင်း၅၃၅ကျောင်း ရှိပြီး ရာခိုင်နှုန်းအားဖြင့် အထက် တန်းကျောင်းအားလုံးတွင် ၃၂ ဒသမ၂၅ရာခိုင်နှုန်း၊ အလယ်တန်း ကျောင်းအားလုံးတွင် ၃၃ဒသမ ၃ ရာခိုင်နှုန်း၊ မူလတန်းကျောင်းအား လုံးတွင် ၅၃ဒသမ၈ ရာခိုင်နှုန်း စုစုပေါင်း ကျောင်းအားလုံး၏ ၅၂ ဒသမ၂၉ရာခိုင်နှုန်းမှာ အဝီစိတွင်း မရှိခြင်းကြောင့် သောက်ရေနှင့် သုံးရေများ မည်သို့သုံးစွဲနေရသည် ကို စဉ်းစားရန်လိုကြောင်းတင်ပြ ခဲ့သည်။
ထိုသို့တင်ပြခဲ့မှုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ကထောက်ခံခဲ့ပြီး ယင်းအဆိုကို အမျိုးသားလွှတ်တော်တွင် လက်ခံ ဆွေးနွေးရန် လွှတ်တော်ကအတည် ပြုခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေ ဖြင့် ကျောင်းကျန်းမာရေး အဆင့် မြှင့်တင်ရန်အတွက် ၁၉၉၆ ခုနှစ်မှ စတင်ပြုလုပ်ခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာနှင့် ပညာရေးဝန်ကြီးဌာန တို့ပူးပေါင်းကာ နှစ်စဉ် သြဂုတ်လ တိုင်းတွင် ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်း ကျန်းမာရေးလုပ်ငန်းစဉ်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက် ခဲ့သည်။

တင်တင်အေး
The Union Daily

Posted by Arakan News on 6/19/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ