Related Posts Plugin for WordPress, Blogger...

နေပြည်တော်၊ ဇွန် ၈

၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ မိုင်းတုံ- မိုင်းဆတ်ကားလမ်း၊ လမ်းဘေးဝဲ/ယာရှိ ကျွန်းစိုက်ခင်းများတွင် ကျွန်းပင်ပေါက်များ စိုက်ပျိုးရန် မိုင်းတုံမြို့၊ နောင်ပါရင်ရပ်ကွက်နေ နေဇာအောင်(ခ)ကုလား(၂၃)နှစ်မောင်းနှင်ပြီး အလုပ်သမား ကျား ၅ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း(၂၂)ဦးတို့လိုက်ပါလာသည့် ၉ဌ/xxxxလီဖန်း လေးလုံးထိုးယာဉ်သည် (၉)မိုင်ကျွန်း စိုက်ခင်းသို့မောင်းနှင်လာစဉ် လမ်းယာဘက်ရှိ ချောင်းအတွင်းသို့ပြုတ်ကျ တိမ်းမှောက်ခဲ့သည်။

ထိုသို့ တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၊ မြောက်ကုန်းရွာနေ မသူဇာရီ(၂၇)နှစ်ပါ ၂ ဦးမှာ ဦးခေါင်းကြေမွ၊ မျက်လုံးပေါက်ထွက်ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကျောက်ပန်းတောင်းမြို့နယ်၊ တော်ကော်ရွာနေ မောင်ဌေးလှိုင်(၂၀)နှစ်ပါ ကျား ၅ ဦး၊ မ ၁၅ ဦး၊ စုစုပေါင်း(၂၀)ဦးတို့တွင် ဒဏ်ရာများအသီးသီး ရရှိခဲ့သဖြင့် မိုင်းတုံဆေးရုံသို့ တင်ပို့ကုသခဲ့ကာ ယာဉ်မဆင်မခြင်မောင်းနှင်သူ နေဇာအောင်(ခ)ကုလားအား မိုင်းတုံမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
http://www.thithtoolwin.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ