Related Posts Plugin for WordPress, Blogger...

မန္တလေးမြို့ ၆၅လမ်း၊၂၃လမ်းနှင့် ၂၄လမ်း
ကြားရှိ မန္တလေးတိုင်းဝန်ကြီးချုပ် နေအိမ်
အနီးတွင် ဇွန်၁၅ ရက် ည၁၂ နာရီခန့်
က စတင် ရပ်ထားခဲ့သော အဲဖတ်


(Alphard)ကား အဖြူရောင်ကို မသင်္ကာသောကြောင့် ဇွန်လ ၁၆ ရက် မွန်းလွဲ ၁၂နာရီ ၁၅မိနစ်တွင် အမှတ် ၂ ရဲစခန်းက စစ်ဆေးရာ ဂေါက်ဒုတ်များ၊ ခရီးဆောင်အိတ်နှင့် ဝေါ်ကီတော်ကီ စကားပြောစက်များ ရှာဖွေတွေ့ရှိသည်။

ယင်းကား ရပ်ထားခဲ့သည့် နေရာတွင် ရှာဖွေစစ်ဆေးမှု ၂ နာရီခန့် ပြုလုပ်ပြီးနောက် အမှတ် ၂ ရဲစခန်းသို့ ယူဆောင်၍ ဆက်လက်စစ်ဆေးမှုများ လုပ်ခဲ့သည်ဟု စစ်ဆေးရာတွင် ပါဝင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ပြောသည်။

ကညနဌာနမှ စက်မှုကျွမ်းကျင် ၃ ဦးသူရလှိုင်က အဆိုပါကားကို စစ်ဆေးရာတွင် ကား၏နံပါတ်အရ ဘောင်အမှတ်မှာ Z/2010/AYTY/001/007 ဖြစ်ပြီး စက်အမှတ်1KZ-0722788 ဟု ကွန်ပျူတာ မှတ်တမ်း တွင်ပါရှိသည်။

လက်ရှိကားတွင် ဘောင်နံပါတ် မတွေ့ရှိရသေးသလို အင်ဂျင်အမျိုးအစားလည်း မတူကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်အား အောင်မြေသာစံ မြို့နယ်ရှိ အမှတ် ၂ ရဲစခန်းမှ ညနေ ၅နာရီအထိ စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးပေ။

ပုံစာ- မန္တလေးတိုင်း ဝန်ကြီးချုပ်အိမ်အနီးတွင် ဇွန်လ ၁၅ရက် ညမှ ၁၆ရက် နေ့လည်အထိ ရပ်ထားသည့် ကားကို မန္တလေးမြို့ အမှတ် ၂ရဲစခန်းတွင် စစ်ဆေးနေစဉ်။

(ဓာတ်ပုံ အောင်ကိုဦး)

Mizzima News Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ