Related Posts Plugin for WordPress, Blogger...

နေပြည်တော်၊ ဇွန် ၈

၂၀၁၄ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန် ရှမ်းပြည်နယ်၊ ပင်လုံမြို့၊ ရပ်ကွက်(၂)နေ ခွန်သျှမ်းအောင်(၄၃)နှစ်သည် မီးရှူးပွဲတွင်လွှတ်တင်ရန်အတွက် မီးရှူးလုံးပြုလုပ်နေစဉ် လုံးပတ်(၂)လက်မ၊ အရှည်(၁)ပေခန့်ရှိ သံပိုက်လုံးအတွင်း ယမ်းများသိပ်ထားပြီး မီးရှူးလုံးအလယ်၌ စနက်တံထည့်ရန် အရှည်(၁)ပေခွဲ၊ လုံးပတ်(၅)စင်တီမီတာခန့်ရှိ အပေါက်ဖောက်ရာက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အခင်းဖြစ်အရပ်သို့ ပင်လုံနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ခွန်သျှမ်းအောင်အား ၀ဲရင်ညွန့်ပေါက်ပြဲ၊ ၀ဲ/ယာခြေဖမိုး/၀ဲလက်ဖျံ မီးလောင်ဒဏ်ရာများနှင့် တွေ့ရှိရသဖြင့် လွယ်လင်ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ၎င်းအား ပင်လုံနယ်မြေရဲစခန်း(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၆/၃၃၈ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ထိုသို့အရေးယူထားစဉ် ယင်းနေ့ နံနက် ၁၀ နာရီ ၂၀ မိနစ် အချိန်တွင် ခွန်သျှမ်းအောင်မှာ ရရှိသောဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၂၈၆/၃၃၈ မှ ၂၈၆/၃၀၄-က သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
http://www.thithtoolwin.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ