Related Posts Plugin for WordPress, Blogger...

ဇွန်လ(၈)ရက်နေ့ ၊ ၂၀၁၄။ မန္တလေးမြို့။

နိုင်ငံတော် အစိုးရနှင့် တရားဝင် ငြိမ်းချမ်းရေး ယူထားသည့် National Democratic Army (N.D.A) အဖွဲ့မှ ဒုဗိုလ်မှုးကြီး စောအယ်ဆေးထူးနှင့် အခြားအရာရှိ တစ်ဦးအား အမည်မသိအဖွဲ့အစည်းတစ်ခုမှ ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ယင်းဖြစ်ရပ်အား နယ်မြေခံ ရဲစခန်းများထံ အကြောင်းကြား ခဲ့သော်လည်း လာရောက် ကူညီပေးခြင်း မရှိခဲ့ကြောင်း ကို ယင်းကပြောကြားသည်။

“ ကျနော့်ကို စိန်ကမ္ဘာကားဝင်းထဲက တည်းခိုခန်းအရှေ့မှာ ကားထဲကနေထွက်ခိုင်းပြီးဝိုင်းရိုက်ကြတယ် ၊ အဲဒီလိုဖြစ်လို့ ကျနော့် တပ်သားတွေက မူဆယ်ရဲစခန်းကို ချက်ခြင်း လှမ်းအကြောင်းကြားပေမယ့် ကိုယ့်ဟာ ကိုယ်ရှင်းဆိုပြီးတော့ပဲ ပြန်ပြော လွှတ်လိုက်တယ် ဘာမှလုပ်မပေးခဲ့ဘူး” ဟု ဒုဗိုလ်မှုးကြီး စောအယ်ဆေးထူးက ပြောကြားသည်။

ဖြစ်စဉ်မှာ မေလ(၁၉)ရက်နေ့ နေ့လည်နှစ်နာရီဝန်းကျင်တွင် မူဆယ်မြို့ စိန်ကမ္ဘာကားဝင်း တည်းခိုခန်းအရှေ့ တွင် ကားထဲထိုင်နေစဉ်၌ လူဆယ်ဦးပါသော အမည်မသိအဖွဲ့တစ်ဖွဲ့က ကားတံခါးဖွင့်ခိုင်းပြီး အပြင်သို့ အရောက်တွင် ၀ိုင်းဝန်းထိုးကြိတ်ခဲ့ပြီး ယင်းတို့ကားပေါ်သို့ တင်ဆောင်ခဲ့ကြောင်း ၊
ယင်းဖြစ်ရပ်အား အတူလိုက် ပါလာသည့် တပ်သားများက မူဆယ်ရဲစခန်းကို အကြောင်းကြား တိုင်ချက်ဖွင့်သော်လည်း တစ်စုံတစ်ရာ အရေးယူခြင်း မပြုခဲ့ကြောင်း သိရှိရသည်။

“ မူဆယ်ကနေ စစ်ကိုင်းထိကားပေါ်မှာကြိုးတုတ်ခေါ်လာတယ် ၊ စစ်ကိုင်းရောက်တော့ ကျနော့်ကိုဖမ်းလာ တဲ့လူတွေက စစ်ကိုင်းစအဖကို ဖုန်းဆက်ပြီး ကျနော့်ကိုဖမ်းလာတယ်ဆိုပြီး လှမ်းပြောတယ် ၊ သူတို့တဲထဲမှာ တစ်ရက်ခွဲလောက် အစားအသောက်မစားရပဲ ပစ်ထားတာ ၊ နောက်ရက်ကျမှ စအဖက ကျနော့်ကို လာထုတ်သွားတယ်” ဟု ယင်းက ဆက်လက်ပြောကြားသည်။

N.D.A အဖွဲ့အနေဖြင့် နိုင်ငံတော်နှင့် တရားဝင်ငြိမ်းချမ်းရေး ယူထားသည့်အဖွဲ့ဖြစ်ကာ ယခုကဲ့သို့ တရားဥပဒေမဲ့ ပြုကျင့်မှုကို သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သော်လည်း မည်သည့်ကူညီစောင့်ရှောက်မှုများမရရှိခဲ့ခြင်းနှင့် စအဖ အဖွဲ့သည် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့များကို စုံစမ်းထောက်လှန်းခြင်း ညှိနှိုင်းဖြေရှင်းပေးခြင်းတို့ကို လုပ်ရမည့်အစား ယခုကဲ့သို့တာဝန်မဲ့ပြုလုပ်ခြင်းကို အံ့သြမိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ဒုဗိုလ်မှုးကြိး စောအယ်ဆေးထူး အနေဖြင့် ငြိမ်းချမ်းရေး ထပ်မံရယူမည့် အဖွဲ့အစည်းများကို ၎င်းတို့အဖြစ်အပျက် အား နမူနာယူ၍ ငြိမ်းချမ်းရေးယူသင့် မယူသင့်သုံးသပ်ကြစေလိုကြောင်း ၊
လက်နက်နှင့်ငြိမ်းချမ်းရေး လဲထား သော်လည်း ပြည်သူတစ်ဦးကဲ့သို့စောင့်ရှောက်ခြင်းမခံရ၍ စိတ်မကောင်းကြောင်း ပြောဆိုခဲ့သည်။

" စဉ်းစားကြည့် ၊ မူဆယ်ရဲစခန်းကို ကျနော့်တပည့်တွေက သွားတိုင်နေတဲ့အချိန်မှာ သူတို့က ကားနှစ်ဆင့်ချိန်း ပြီးကျနော့်ကိုတောစပ်ဖက် ခေါ်သွားတယ် ၊ လူတစ်ယောက်ကိုသတ်မယ်ဆို
သေဖို့အချိန်လုံလောက်တယ် ၊ သက်ဆိုင်ရာဖက်ကတော့ ဘာအကူအညီမှမရခဲ့ဘူး " ဟု
ယင်းက ပြောကြားသည်။

မူဆယ်မြို့မှ စစ်ကိုင်းမြို့အထိ ကြိုးတုတ်ကာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်ဟု National Democratic Army ၏ ပြောကြားချက်ကိုအတည်ပြုရန်အတွက် စစ်ကိုင်းမြို့စစ်ဖက်ရေးရာနှင့်လုံခြုံရေးအဖွဲအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။

မင်းမင်းလတ်
Mandalay News Agency

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ