Related Posts Plugin for WordPress, Blogger...

ခန္တီး၊ ဇွန် ၁၁

ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ၊ ရွာသစ်ကုန်းရပ်ကွက်၊ ချင်းတွင်းမြစ် ရေချိုးဆိပ်ကမ်း၊ ကျောက်တုံးကြီးအနီး တွင် ရေချိုးဆင်းလာသည့် စွမ်းအနားမကြား အမျိုးသမီးတစ်ဦးအာဲး စစ်သားတစ်ဦးမှ သားမယားအဖြစ် အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့သည့်အတွက် ခန္တီးမြို့မရဲစခန်းက ဇွန်လ ၁၀ ရက်နေ့ မွန့်တည့် ၁၂ နာရီ ၅၀ မိနစ်အချိန်က အမှုဖွင့်အရေးယူခဲ့သည်ဟု ထိုရဲစခန်းရှိ ရဲအရာရှိတစ်ဦးမှ မဇ္ဈိမသို့ပြောပြသည်။

ဆင်သေကျေးရွာ၊ ရွာသစ်ကုန်းရပ်ကွက်နေ မ….အသက်(၂၃)နှစ်၊ စွမ်းအနားမကြားဝေဒနာရှင်တစ်ဦးသည် ဇွန်လ ၇ ရက်နေ့ ညနေ ၃ နာရီက ချင်းတွင်းမြစ် ရေချိုးဆိပ်ကမ်းသို့ အဖော်မပါဘဲ ရေချိုးဆင်းလာစဉ် ဆင် သေကျေးရွာအခြေပြု စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ကိုယ်ပိုင်အမှတ် တ/ ….. တပ်သား အောင်မျိုး ၀င်း(ခ)ညောင်တုန်းဆိုသူက သားမယားအဖြစ် အလိုမတူဘဲ အဓမ္မပြုကျင့်လိုက်သည်ဟု ခန္တီးမြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

အလိုမတူဘဲ စစ်သားတစ်ဦး၏ သားမယားအဖြစ်ပြုကျင့်ခြင်းခံရသူ မ…သည် နေအိမ်သို့ ပြန်ရောက်လာ သည့်အခါ ၎င်း၏ ဖခင်ဖြစ်သူ ဦးစန်ထောင် ဆိုသူထံ အသံတိတ်ဘာသာစကားဖြင့် တိုင်တန်းပြောဆိုခဲ့ သည်။ ထို့ကြောင့် သူမ၏ ဖခင်ဖြစ်သူက ခန္တီးမြို့မရဲစခန်းသို့သွားရောက်၍ တရားလိုပြုလုပ်ကာ အမှုအား တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်တန်းချက်နှင့်ပတ်သက်၍ ခန္တီးမြို့မရဲစခန်းက အမှုကြီးအမှတ်စဉ် ၂/ ၂၀၁၄(ပ) ၂၉/ ၂၀၁၄ ပြစ် မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူခဲ့သည်။ သားမယားအဖြစ် အလိုမတူဘဲ အဓမ္မပြုကျင့်လိုက်သည်ဟု စွပ် စွဲခံထားရသူမှာ စစ်သားတစ်ဦးဖြစ်နေသည့်အတွက် ထိုအမှုအား စစ်ဗျူဟာအဖွဲ့ အခြေချ(၂)ခန္တီးရုံးတွင် စစ်ဆေးလျက်ရှိပြီး အမှုအား စစ်ဘက်ဆိုင်ရာမှ အရပ်ဘက်ဆိုင်ရာ ဥပဒေများအရ အရေးယူဆောင်ရွက်နိုင် ရန် အမှုစစ်ရဲအရာရှိမှ စစ်ဗျူဟာရုံးသို့ တင်ပြထားရှိကြောင်း သိရသည်။

( မဇ္ဈိမသတင်းဌာန)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ