Related Posts Plugin for WordPress, Blogger...

 တနင်္သာရီတိုင်းနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ ထီးခီး-ဆူနာရွန်နယ်စပ်ဂိတ်
ထားဝယ်-ထီးခီးနယ်စပ်မှာ ၇ ရက် နိုင်ငံကူး လက်မှတ်ကို ထိုင်းနိုင်ငံဘက်က ယာယီ ရပ်ဆိုင်းတယ်လို့ ကေအန်ယူတပ်မဟာ ၄ နယ်မြေ နယ်စပ်သတင်းရပ်ကွက်အရသိရပါတယ်။
တနင်္သာရီတိုင်းနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ ထီးခီး-ဆူနာရွန်နယ်စပ်ဂိတ်ကို ထိုင်းနိုင်ငံဘက်က လွန်ခဲ့တဲ့ ၂ ရက်ခန့်ကတည်းက ပိတ်ခဲ့တယ်လို့ ကေအန်ယူတပ်မဟာ ၄ ဘိတ်-ထားဝယ်ခရိုင်က လူမှုအကျိုးဆောင် ကိုနေမျိုးသွင်က ဒီဗွီဘီကို ပြောပါတယ်။

ကေအန်ယူ ဗိုလ်မှူးကြီးတဦးထံက တဆင့် ကြားသိရကြောင်းနဲ့ ဒီကနေ့မှာတော့ လူသွားလူလာ မရှိသလောက် ပြတ်တောက်သွားတယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်းက မပိတ်ပေမယ့် လူသွားလူလာမရှိသလောက်ဖြစ်နေပြီး ဘာကြောင့်ပိတ်တယ် ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူးလို့ ဆိုပါတယ်။

လာမယ့် ဇွန်လ ၁၄ ရက်နေ့မှာတော့ ထီးခီးနယ်စပ်မှာ မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေး စခန်းဖွင့်ပွဲရှိပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်မယ်လို့ ကိုနေမျိုးသွင်က ပြောပါတယ်။

By ဒီဗွီဘီ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ