Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၃

၂.၆.၂၀၁၄ ရက်နေ့ ၁၄၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ (၂၀)ရပ်ကွက်၊ ဗိုလ်ရန်နိုင်လမ်းရှိ စားသောက်ဆိုင်တွင် လှိုင်သာယာမြို့နယ်နေ ရခိုင်(ခ)ကျော်အောင်သန်းမှာ သူငယ်ချင်း(၂)ဦးနှင့်အတူ အရက်သောက်နေခဲ့ကြောင်း၊ ထိုစဉ် ငလွင်(ခ)ကိုသန်းလွင်ရောက်ရှိ လာခဲ့ရာ ၁၀၀၀ အချိန်ခန့်က (၂၀)ရပ်ကွက်ရှိနာရေးတစ်ခု၌ မုန့်ဟင်းခါးအိုး သယ်ရာတွင် ၎င်းတို့(၂)ဦး တိုက်မိခဲ့သည့်ကိစ္စအား ရခိုင်(ခ)ကျော်အောင်သန်းမှ မကျေမနပ်ဖြစ်ကာ ငလွင်(ခ)သန်းလွင်ကို ဘီယာ ပုလင်းနှင့် ရိုက်မည်ပြုသဖြင့် စကားများခဲ့ကြကြောင်း၊ ထိုသို့စကားများစဉ် ဆိုင်ရှင်ဖြစ်သူမှ ဖျန်ဖြေပေးခဲ့၍ ငလွင်(ခ)ကိုသန်းလွင်မှာ ဆိုင်အတွင်းမှ ပြန်ထွက်သွားခဲ့ရာ ရွှေလမင်းလမ်းသို့အရောက်၌ ရခိုင်(ခ) ကျော်အောင်သန်းမှာ နောက်မှလိုက်သွားပြီး အရိုး၊ အသွား(၁၀)လက်မခန့်ရှိ ၀က်အူလှည့်ဖြင့် ထိုးခဲ့ကြောင်း၊ ထိုသို့ပြုလုပ်ခဲ့သဖြင့် ငလွင်(ခ)ကိုသန်းလွင်မှာ နောက်ကျောထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့ပြီး လှိုင်သာယာဆေးရုံသို့ပို့အပ်စဉ် သေဆုံးသွားခဲ့ကြောင်းကို သေဆုံးသူ၏ညီဖြစ်သူ ကိုမျိုးအောင်မှ တိုင်တန်းလာခဲ့ကြောင်းသိရှိရပါသည်။

တိုင်တန်းချက်အရ သောင်ကြီးနယ်မြေရဲစခန်း(ပ)၃၇၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူ ရခိုင်(ခ)ကျော်အောင်သန်း၊ (၄၀)နှစ်၊ (ဘ)ဦးအောင်သိန်းညွန့်၊ လှိုင်သာယာမြို့နယ်နေသူအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
http://www.thithtoolwin.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ