Related Posts Plugin for WordPress, Blogger...

 ရွှေအရောင်းအ၀ယ်ပြုလုပ်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လတ်တလော ကမ္ဘာ့ ရွှေဈေးကွက်တွင် ဈေးကျနေသဖြင့် ရွှေဝယ်စုသူများ ယခုနှစ်အတွင်း ဝယ်ယူ စုဆောင်းခြင်း မပြုသင့်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် မတ်လလယ်မှ စကာ ကမ္ဘာ့ရွှေဈေး ကျနေသည့် အတွက် ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်တွင် ဖြစ်ခဲ့သော တစ်အောင်စလျှင် ၁,၁၈၄ ဒေါ်လာအထိ ရောက်ရှိသွားနိုင်ကြောင်း စီးပွားရေး ခန့်မှန်းချက်များ တွင်လည်း ရေးသား ဖော်ပြထားသည်။

‘‘လောလောဆယ်မှာ ကမ္ဘာ့ဈေးက အကျပိုင်းထဲမှာပဲဖြစ်နေတော့ မြန်မာ့ ရွှေဈေးကလည်း အကျဘက်ဖြစ်နေတာပေါ့။ ဈေးတွေကတော့ အကျဘက်မှာပဲ ဦးတည်နေလို့ ဆက်ကျနိုင်သေးတယ်’’ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဦးဝင်းမြင့်က ပြောသည်။

ထို့ကြောင့် ပြီးခဲ့သည့် နှစ်ကုန်ကတည်းက ဈေးအကျရောက် ရှိ၍ ဝယ်ယူစုဆောင်းထားသူများ အရှုံးဖြင့်သာ ရင်ဆိုင်နေကြရသည်။

ရွှေဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေချိန်တွင် ဝယ်ယူသူများမရှိဘဲ ပြန်ထုတ်သူများသော ဈေးကွက်တစ်ခုအဖြစ်ရှိနေကြောင်း အပိုင်းဈေးကွက်မှ ကုန်သည်များ က ဆိုသည်။

ကမ္ဘာ့ ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁,၂၅၀ ဒေါ်လာ အောက်ကျဆင်းပါက ဝယ်ယူရန် မသင့်ဟု ဈေးကွက်ကျွမ်းကျင်သူများက ဆိုထားချိန်တွင် တစ်အောင်စလျှင် ၁,၂၄၄ ဒေါ်လာထိ ဈေးနှုန်းများကျဆင်းသွားပြီဖြစ်သည်။

ကမ္ဘာ့ဈေးပေါ်တွင် မူတည်၍ ဈေးနှုန်းပြောင်းလဲမှုဖြစ်နေသော ပြည်တွင်းရွှေဈေးနှုန်းများမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆၄၇,၀၀၀ ကျပ်အထိ ဈေးနှုန်းများ ကျဆင်းနေပြီဖြစ်သည်။

ရွှေဆိုင်များတွင်လည်း အပိုင်းနှင့် ဖျက်စဈေးကွက်တို့တွင် ဝယ်လိုအားများ ကျဆင်းနေပြီး အထည်ဈေးကွက်များတွင်သာ ဝယ်လိုအားကောင်းနေကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များက ဆို သည်။

Author: သိမ့်သိမ့်စိုး
7DAY DAILY

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ