Related Posts Plugin for WordPress, Blogger...

အိန္ဒိယနိုင်ငံရဲ့ ၂၉ ခုမြောက် ပြည်နယ်သစ်အဖြစ် တယ်လန်ဂါနာပြည်နယ် (Telangana ) ဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်ကြီးတခုဖြစ်တဲ့ အင်ဒရာ ပရာဒက်ရှ့် ပြည်နယ် (Andhra Pradesh) ကနေ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့က ခွဲထွက်ထူထောင်ခဲ့ကြပါတယ်။
Telangana_full_380တယ်လန်ဂါနာပြည်နယ်ဒေသဟာ ကုန်းတွင်းပိတ်ဒေသတခု ဖြစ်ပြီး ကမ်းရိုးတန်းဒေသတွေထက်စာရင် ဖွံ့ဖြိုးမှု အလွန်နောက်ကျခဲ့ပါတယ်။
တယ်လန်ဂါနာ ဒေသခံပြည်သူတွေဟာ အင်ဒရာ ပရာဒက်ရှ့်ပြည်နယ်အတွင်း အခွင့်အရေးတူ မရရှိခဲ့ကြတာကြောင့် အခုလို ခွဲထွက်ထူထောင်ခဲ့ကြတာလို့ ဆိုကြပါတယ်။
အခုနှစ်ဆန်းပိုင်းကတည်း အိန္ဒိယလွှတ်တော်က  ပြည်နယ်အသစ်အဖြစ် ထူထောင်ခွင့်ပေးခဲ့ပေမယ့် ခွဲထွက်ထူထောင်မှုကို သဘောမတူတဲ့ အတိုက်အခံတွေက နောက်ဆုံးချိန်အထိ ဟန့်တားခဲ့ကြတာကြောင့် အခုမှ တရားဝင်ထူထောင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ပြည်နယ် ခွဲထွက်ထူထောင်ရေးလှုပ်ရှားမှုအဖွဲ့တခုရဲ့ ဥက္ကဋ္ဌတဦးဖြစ်တဲ့ ကိုဒန်ဒရမ် (Kodandaram) က နှစ်ပေါင်းများစွာ ရုန်းကန်ပေးဆပ်မှုတွေနဲ့ စည်းလုံးညီညွတ်မှုရဲ့ ရလဒ်ဖြစ်ပြီး ပြည်နယ်အတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အရင် အင်ဒရာ ပရာဒက်ရှ့်ပြည်နယ်ကြီးရဲ့ မြို့တော်ကြီးဖြစ်တဲ့ ဟိုက်ဒရာဘတ်မြို့ဟာ ကမ္ဘာ့နည်းပညာအချက်အချာ မြို့ကြီး ဖြစ်ပြီး ၂ ပြည်နယ်လုံးရဲ့မြိုတော်အဖြစ် ၁၀ နှစ် ဆက်ထားထားမှာ ဖြစ်ပါတယ်။
လူဦးရေ ၃၅ သန်းရှိတဲ့ တယ်လန်ဂါနာပြည်နယ်ဟာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတွေ အခွင့်အရေးတူရရှိရေးအတွက် အိန္ဒိယနိုင်ငံရေးဇာတ်ခုံပေါ်မှာ အခြားပြည်နယ်တွေနဲ့ တန်းတူ တောင်းဆိုခွင့်ရတော့မှာ ဖြစ်ပါတယ်။


ဒီဗွီဘီမြန်မာသတင်း

Posted by Unknown on 6/02/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ