Related Posts Plugin for WordPress, Blogger...

Aung Moe Win's Facebook Status

ဒေါက်တာသန်းငြိမ်းဈာပန မှာတုံးက ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွှန့်ကို အငမ်းမရ နှုတ်ဆက် (လက်အုပ်ချီတဲ့သူကချီ) နေတဲ့ နိုင်ငံရေးအကျဉ်းသမားဟောင်း ဆိုသူတွေအကြောင်းကို မိတ်ဆွေတယောက်က ပြောပြတယ်။

ဖြစ်မှဖြစ်ရလေ လို့ပဲ ပြန်ပြောလိုက်မိတယ်။ အမှတ်သည်းခြေရှိသူ၊ ကျောရိုးမာသူနဲ့ ပျော့သူ --- လောကကြီးမှာ အမျိုးမျိုးပေါ့လေ။ အခုတလော ကျနော်တို့ နိုင်ငံရေးလောကမှာ မြေခွေးဥပုဒ်စောင့်ချိန် လွန်သွားသောအခါ ဆိုတဲ့ ဝေါဟာရတခု တိုးလာတယ်။ မြေခွေးဆိုတဲ့သတ္တဝါက အစာမရခင်တော့ ဥပုဒ်စောင့်တော့တာပေါ့. အစာလည်း ရရော နဂို စရိုက်တွေက ထိန်းမရတော့ဘူး။

ဒီနေ့မြန်မာပြည်က နိုင်ငံရေးလောက ကလည်း ဒီအတိုင်းပါပဲ။

လူထုရှေ့မှာတော့ ရဲရဲတောက်တွေ ပြောနေတာ။ ပြီးရင် ငြိမ်းချမ်းရေးစင်တာက လူတွေဆီကို တွေ့ချင်လို့ဆိုပြီး ဖုံးခဏခဏ ဆက်တယ်။ ဟိုက လူတွေက ဟာသလုပ်နေတယ်။

ခင်ဗျားတို့ ကျောင်းသားခေါင်းဆောင်တွေဗျာ ကျနော်တို့ကို တွေ့ချင်တယ် ဆိုပြီး ဖုံးဆက်နေတာ (၃) ခါ လောက်ရှိနေပြီ။ ကျနော်တို့က နောက်ဆုံးအခေါက်လောက်ကျ မှ ဖုံးပြောလိုက်ပါတယ် တဲ့။

အမှန်က ဟိုဘက်ကလည်း သတင်းတွေကို လှည့်ပတ်ပို့ပေးပြီး ဟာသ လုပ်နေတာ။

တကယ်တော့ ကျနော်တို့ချင်းက လိမ်လို့မရပါဘူး။

လွန်ခဲ့တဲ့ (၂- ၃) နှစ်လောက်က ထိုင်းနယ်စပ်မှာ ၂၀၀၈ အခြေခံဥပဒေကို တိုက်ဖျက်ရမယ် ဆိုပြီး ပြည်တွင်းက လူတွေကို ခေါ်ပြီး သင်တန်းတွေပေးတယ်။ အောင်မယ်။ ဟော်တယ် တခု တခု မှာ သင်တန်းပေးတာ တပွဲ တပွဲ လူ(၅၀) ကျော်သတဲ့။ သင်တန်းဆရာက တလကို ဘတ် (၁) သောင်းရတယ်။ ကျန်တဲ့ လခ နဲ့ ပေါင်းလိုက်ရင် ဘတ်(၂) သောင်းလောက်ရတယ်။

၂၀၀၈ ကတော့ ဘာမှ မဖြစ်ပါဘူး။

သစ္စာဆိုတဲ့သူက ဆို၊ လွှတ်တော်ထဲ ရောက်တဲ့သူက ရောက်၊ နယ်စပ်က မဟာမဟာ့ ယူဂျီခေါင်းဆောင်များကလဲ ပြည်တွင်းထဲ ပရောဂျက်တွေပွေ့ပြီး ပြန်ရောက်သွားတယ်။

ဦးအောင်မင်းက လက်ချာရိုက်နေတာကို ကုပ်ကုပ်လေး နားထောင်နေတဲ့ လက်ဝဲယောင်ယောင် လူငယ်ပါတီခေါင်းဆောင်များကိုလည်း စိတ်မကောင်းစွာ ကြည့်နေမိတယ်။

ဒီလူတွေက ထူးတော့ထူးတယ်။

ဘာအလုပ်မှသာ မရှိတာ မွေးနေ့ပွဲတွေကလည်း ခြိမ့်ခြိမ့်သဲ၊ သောက်စားနိုင်ကြတယ်။ ဘာမှန်းညာမှန်းမသိတဲ့ ပြည်တွင်းက ကျောင်းသားတွေကလည်း အဲ့ဒီပုံတွေကို တင်တင် ပြီး ပျော်ကြသဗျာ။ ထိုင်းနယ်စပ် နိုင်ငံရေးက ပြည်တွင်းကို ရွေ့သွားပြီ ဆိုမှ တော့ လူငယ်တွေလည်း ပျော်ကြပြီပေါ့။

တကယ်တော့ ဘဝမှာ သင်ခန်းစာယူစရာတွေက အများကြီးပါ။

မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ အစ ------ ၂၀၁၀ ရွေးကောက်ပွဲ မသမာမှုစာတမ်း အလယ်၊ ခရိုနီ လေလံတင်ပွဲနဲ့ ဖဆပလ လို လွတ်လပ်ရေးရစဉ်က အဆုံး ----

ဘယ်သူတွေ ပါဝင်ခဲ့သလဲ။ ဘယ်သူတွေ ပြောတဲ့အတိုင်း လုပ်ခဲ့သလဲ။ ကိုယ်တို့ချင်း လိမ်လို့မရပါဘူး။

အင်း -- နောက်ဆုံးတော့ ဘဝ ရဲ့ အတွေ့အကြုံအရ၊ တကယ် ဦးဆောင်တိုက်ပြမယ့် ခေါင်းဆောင်သာ ယုံပါတယ်။

ဝေဖန်လိုက်၊ သစ္စာဆိုလိုက်၊ ကိုယ်မုန်းတယ် ဆိုတဲ့ သူတွေနဲ့ စီးပွားလုပ်လိုက် -----

ပုဂံက မနူဟာ ဘုရားကို သွားဖူးပါလားဗျာ။ မွန်ဘုရင်က စစ်သုံပန်းဖြစ်ပေမယ့် ပုဂံဘုရင် အနော်ရထာနဲ့ ဗမာတွေကို သင်ခန်းစာပေးသွားတယ်။ ဘုရားရုပ်ထုကြီးကို မျက်နှာကြက်တော်နဲ့ ကပ်ပြီး ဆောက်ထားတော့ အဲ့ဒီ ဘုရားထဲကို ဝင်တဲ့သူတိုင်းဟာ မွန်းကြပ်သွားတယ်။ သူတပါး လက်အောက်မှာ အကျဉ်းကျနေရတာ ဘာသာရေးအရလည်း မလွတ်လပ်လို့ ပြောသွားတာ။ မွန်ဘုရင်ကို စာနာနားလည်စိတ်ဖြစ်ခဲ့မိတယ်။

တကယ်တော့ ၂၀၀၈ အခြေခံကို လက်မခံဖို့ လိုသလို၊ စကားမတည်ကြည်၊ အကျင့်ပျက်နေတဲ့ နိုင်ငံရေးသမားတွေကိုလည်း ရှုတ်ချဖို့လိုပါတယ်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ