Related Posts Plugin for WordPress, Blogger...

နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါတို့ ပါဝင်ကပြတဲ့ Miss Myanmar Internet အငြိမ့်ပွဲတခုကို မနေ့ ဇွန်လ ၁ ရက်
နေ့က ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့ပါတယ်။ 


ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 

နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါတို့ ဘယ်လို အငြိမ့်မှာ ပါဝင်ကပြဖျော်ဖြေသလဲဆိုတာ ဧရာဝတီ ဓာတ်ပုံ သတင်းထောက် ဂျေပိုင်က မှတ်တမ်းရိုက်ကူးထားချက်တွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရင်း မြန်မာကိုယ်စားပြု အလှမယ် ၂ ဦးဟာ 
မှေးမှိန်တိမ်မြုပ်စပြုနေတဲ့ အငြိမ့် ကပြဖျော်ဖြေမှုကို လုပ်ဆောင်ခဲ့တာဟာ ရိုးရာကို ပြန်လည်း အသက် သွင်းနေတာလည်းဖြစ်ပါတယ်။ 



Zillion Business Service Ltd က ဖျော်ဖြေရေးအစီအစဉ် အနေနဲ့ ပရိသတ်များ စိတ်ဝင်စားစေရန် ရည်ရွယ်ချက်နဲ့ Miss Myanmar Internet အငြိမ့်နဲ့ ဖျော်ဖြေရေး အစီအစဉ်ကို ဇွန်လ ၁ ရက် ည ၇ နာရီကနေ ၁၁ နာရီအထိ ပြည်သူ့ဥယျာဉ် ကွင်း ၂ မှာ အခမဲ့ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲမတိုင်ခင် ကြိုတင်ပြင်ဆင်နေစဉ်မှာ  နန်းခင်ဇေယျာနဲ့ ခင်ဝင့်ဝါတို့က ဧရာဝတီက တဆင့် အခုလို ပရိသတ်ကို ပြောသွားခဲ့ပါတယ်။ 

"ဒီပွဲမှာ အငြိမ့်သီချင်းစစ်စစ်နဲ့ ကပြသွားမှာပါ။ ကိုယ်က အငြိမ့်မင်းသမီးလည်း မဟုတ်တော့ အသေးစိတ် ကအစ လေ့လာရမှာပါ။ အချိန်ပေးပြီးတော့လည်း ဂရုတစိုက်သင်မှာပါ။ ပထမဆုံး ကတဲ့ပွဲလည်း ဖြစ်တော့ လူရွှင်တော် တွေနဲ့ အပေးအယူမျှအောင်လည်း လုပ်ရမှာပါ။ နန်းခင်ကတော့ အကောင်းဆုံး ဖြစ်အောင်
လေ့ ကျင့်ပြီး လုပ်မှာပါ။ ပထမဆုံး ကမ်းလှမ်းချိန်မှာ နည်းနည်းတော့ မလုပ်ချင်ဘူး၊ ပြန်စဉ်းစားတဲ့ အချိန် မှာတော့ လုပ်ချင်တယ်၊ ပရိသတ်တွေကို ကွဲပြားတဲ့ အမြင်လေးတွေ ပေးချင်တာကြောင့် လက်ခံခဲ့တာပါ၊ လာကြည့်ဖို့လည်း နန်းခင်ပရိသတ်တွေကို ဖိတ်ခေါ်ပါတယ်ရှင်” လို့ နန်းခင်ဇေယျာက ဧရာဝတီကို ပြော ပါတယ်။

“မြန်မာအကက ညီမအတွက် ဘယ်လိုအခက်အခဲ ရှိလဲဆိုတော့ ညီမက အကြော အရမ်းတင်းတယ်၊ မိန်းကလေး ဖြစ်နေပေမယ့် လက်ဆစ်၊ ခြေဆစ်တွေကအစ မပျော့ဟြေင်းဘူး။ ညီမရဲ့အရိုးအဆစ်တွေက သန်မာတဲ့အတွက် ကတဲ့အခါမှာ အခက်အခဲတော့ ရှိပါတယ်။ မြန်မာအက ကရမယ်ဆိုတဲ့အတွက် စိတ်လှုပ်ရှားမှုတော့ ရှိပါတယ်။ နောက်ပြီး ပရိသတ်တွေ လက်ခံအားပေးပါ့မလား ဆိုပြီးတော့ စိုးရိမ်မိတယ်။ ညီမတို့ပွဲကို ပရိသတ်တွေ လာကြည့်ပြီးတော့ ဝေဖန် အကြံပေးနိုင်ဖို့ ညီမ ဖိတ်ခေါ်ပါတယ်” လို့ ခင်ဝင့်ဝါက ဧရာဝတီက တဆင့် ဟြေပါတယ်။







 

Posted by Unknown on 6/02/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ