Related Posts Plugin for WordPress, Blogger...

"...ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း လုပ်မယ်ဆိုရင်လည်း ညီမ တတ်နိုင်သလောက် တနိုင်တပိုင်အသေးစား လုပ်ငန်းတွေကနေ အောင်မြင်တဲ့ နေရာအနေအထားတခု ရောက်နိုင်အောင် ကြိုးစားမယ်။
အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတဦး ဖြစ်တဲ့အထိ ညီမကြိုးစားသွားမယ်..."

(ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

ရန်ကုန် မွန်လူငယ်များဖိုရမ်မှာ ကိုယ်စားလှယ် တဦးအနေနဲ့ တာဝန်ယူ လှုပ်ရှားနေပါတယ်။
ပထမက ညီမ မွန်အမျိုးသားနေ့မှာ မွန်လူငယ် တယောက်အနေနဲ့ အားဖြည့်ဆောင်ရွက် ပေးရာကနေစပြီး အဆက်အသွယ်တွေ ရလာတယ်။
နောက်ပိုင်းမှာ ဒီလို အဖွဲ့အစည်းတွေ ရှိတယ်ဆိုတာ သိရပြီးတော့ ဒီ မွန်လူငယ်များဖိုရမ်မှာ ဝင်လုပ်ဖြစ်တာပါ။
  •   မိယမင်းခိုင် (ခ) ပိုန်ဒေဝီ (Poon Dei Wie)
  • စီးပွားရေးစီမန့်ခန့်ခွဲမှု မေဂျာ - BBA (Bachelor of Business Administration)
  • ရန်ကုန်စီးပွားရေးတက္ကသိုလ်

အခုလောလောဆယ် ညီမ မွန်စာပေကို လေ့လာနေတယ်။
ညီမက မွန်တိုင်းရင်းသူ တယောက် ဆိုတော့ မွန်စကားကို ကောင်းကောင်း ပြောတတ်ပေမယ့် မွန်စာတော့ ကောင်းကောင်းမသိဘူးလေ။
အဲဒီတော့ မွန်စာကို ကောင်းကောင်း တတ်ထားသင့်တယ်၊ နောက်လူငယ်တွေကိုလည်း လက်ဆင့်ကမ်းချင်တယ်။
 ညီမကိုယ်တိုင်ကလည်း ဒီမွန်စာပေ၊ မွန်ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ချင်တာရယ်ကြောင့် ညီမ မွန်စာကို သင်ဖြစ်တာပါ။

ရှေ့ဆက်ပြီး လုပ်ဖို့ကတော့ ညီမအခု စီးပွားရေးဘွဲ့နဲ့ ပတ်သက်ပြီး လုပ်သွားမှာဆိုတော့ အခုလက်ရှိတော့ ဘဏ်မှာ အလုပ် လျှောက်ထားတယ်။ ဘဏ်မှာ အလုပ်လုပ်မယ်။
 ပြီးတော့ တဘက်တလမ်းကနေ ညီမတို့ မွန်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တတ်နိုင်သလောက် လှုပ်ရှားဆောင်ရွက်သွားမယ်။

စီးပွားရေးနဲ့ ပတ်သက်ပြီး စဉ်းစားထားတာကတော့ ညီမ ရထားတဲ့ ဘွဲ့ကလည်း Management အပိုင်းဆိုတော့လေ၊ စီမံခန့်ခွဲတဲ့ နေရာမျိုးတွေပေါ့၊ မန်နေဂျာဆိုရင်လည်း Management ကောင်းတဲ့ မန်နေဂျာတယောက်ပေါ့။
အဲဒီလို ဖြစ်အောင် ညီမ ကြိုးစားမှာပါ။

ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း လုပ်မယ်ဆိုရင်လည်း ညီမ တတ်နိုင်သလောက် တနိုင်တပိုင်အသေးစား လုပ်ငန်းတွေကနေ အောင်မြင်တဲ့ နေရာအနေအထားတခု ရောက်နိုင်အောင် ကြိုးစားမယ်။
အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတဦး ဖြစ်တဲ့အထိ ညီမကြိုးစားသွားမယ်။

ညီမရဲ့ နောက်ဝါသနာပါတာ တခုက ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။ အရင်ကဆို အမျိုးသမီး ဓာတ်ပုံဆရာမ တယောက်လည်း ဖြစ်ချင်ခဲ့ဖူးတယ်။ သဘာဝ ရှုခင်းပုံတွေ ရိုက်ရတာ ကြိုက်တယ်။
မြန်မာနိုင်ငံမှာ ခရီးသွားချင်တဲ့ ဒေသတခုကို ပြောပါဆိုရင် ချင်းပြည်နယ်ကို အရမ်းသွားချင်ပါတယ်။

ညီမက မွန်တိုင်းရင်းသူ ဖြစ်ပေမယ့် ချင်းပြည်နယ်ကို ဘာကြောင့်သွားချင်လဲဆိုတော့ ချင်းပြည်နယ်က အေးတဲ့ဒေသလေ။ ပြီးတော့ သွားရတာလည်း ခက်ခဲတယ်။ တော်တော်တန်တန် မရောက်နိုင်ဘူး။
 ရေမြေတောတောင် သဘာဝရှုခင်းတွေ အရမ်းလှတယ်။ ပြီးတော့ ညီမ အဲဒီက ဒေသခံတွေနဲ့ အနီးကပ်ထိတွေ့ပြီး စကားပြောချင်တယ်။ ဓာတ်ပုံတွေလည်း ရိုက်ချင်တယ်။
 ပြီးတော့ အဲဒီဒေသမှာရှိတဲ့ မဖွံ့ဖြိုးသေးတဲ့ ရွာလေးတွေ၊ ရွာတွေမှာရှိတဲ့ ကလေးတွေကို တတ်နိုင်တဲ့ ဘက်ကနေ စာသင်ပေးတာတို့၊ စားစရာတွေ လှူပေးတာတို့ အဲဒီလို ပရဟိတလေးတွေ လုပ်ပေးချင်တယ်။

မွန်ပြည်နယ်မှာ ရှိတဲ့ မဖွံ့ဖြိုးသေးတဲ့ ဒေသဘက်တွေသွားပြီး ညီမ တတ်နိုင်သလောက် ပရဟိတ အလုပ်လေးတွေလည်း လုပ်ချင်ပါတယ်။

ညီမက ခေတ်လူငယ် တယောက်ဆိုတော့ အားတဲ့အခါ သီချင်းနားထောင်ရတာ ကြိုက်တယ်။ သီချင်းဆိုရင် ဂီတ အမျိုးအစားစုံ နားထောင်ဖြစ်တယ်။
 ကြိုက်တဲ့အဆိုတော်တွေကတော့ မိန်းကလေး အဆိုတော်တွေထဲမှာ မိစန္ဒီ၊ ယောကျာ်းလေး အဆိုတော်ထဲမှာ လွှမ်းပိုင်ကို ကြိုက်ပါတယ်။

စာအုပ်တွေထဲမှာ စာရေးဆရာဖေမြင့်ရဲ့ စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။

 ဇာတ်ကားတွေထဲမှာတော့ ညီမ သရဲကား ကြည့်ရတာကြိုက်ရတယ်။ ကြောက်လည်းကြောက်တယ်၊ ကြည့်လည်းကြည့်တယ်။  ကြိုက်လည်း ကြိုက်တယ်။

ညီမ မွန်တိုင်းရင်းသားတွေကို အရမ်းချစ်တယ်။ မွန်တိုင်းရင်းသား တယောက်ဖြစ်ရတာလည်း ဂုဏ်ယူပါတယ်။ အဲဒါကြောင့် အခု ဓာတ်ပုံရိုက်တာတောင် ညီမ မွန်ဝတ်စုံလေးနဲ့ မွန်ဖက်ရှင် ပုံစံလေး ရိုက်ဖြစ်တယ်လေ။
ပြီးတော့ ညီမတို့ မွန်တိုင်းရင်းသား တွေရဲ့ တူရိယာဖြစ်တဲ့ မိကျောင်းစောင်းနားမှာ သွားရိုက်ဖြစ်တယ်။ ပို့စ်တွေဘာတွေ သိပ်မပေးထားပေမယ့် အဆင်ပြေပါတယ်။

လူငယ်ဘဝကို ကိုယ်ပိုင်အမြင်နဲ့ အဓိပ္ပာယ်ဖွင့်ပါ ဆိုရင်တော့ လူငယ်ဘဝဆိုတာ လန်းဆန်း တက်ကြွမှု အပြည့် ရှိရမယ်။
လူငယ်ဆိုတာ တက်လူလေ၊ လူငယ်ဘဝမှာ ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်၊ ကိုယ့်ရည်ရွယ်ချက်ကို ရောက်အောင် လုံ့လ ဝီရိယ အပြည့်နဲ့ ကြိုးစားအားထုတ်မှုရှိရပါမယ်။
 ညီမကိုယ်တိုင်လည်း ကိုယ်တတ်နိုင်သလောက် ညီမ ရည်မှန်းထားတဲ့ အနေအထားတခုထိ ရောက်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။

 
  • သီဟတိုး
  • http://blog.irrawaddy.org

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ