Related Posts Plugin for WordPress, Blogger...

“မျိုးစောင့်ဥပဒေများ ပြဋ္ဌာန်းရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ၏ သဘောထားထုတ်ပြန်ကြေငြာချက်”

ကြေငြာချက်အမှတ်-၀၁၁/၂၀၁၄

၁။ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် ကိုးကွယ်သည့် ဘာသာ အသီးသီးရှိကြသည်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုသည်လည်း ထိုလူမျိုးကိုးကွယ်သည့် ဘာသာတရားကို အခြေပြု၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုနည်းတူ လူမျိုးတစ်မျိုး၏ (အိမ်ထောင်ခန်း၊ အမွေဆက်ဆံမှု) စသည့် ဓလေ့ထုံးတမ်းဥပဒေသည် ထိုလူမျိုး ကိုးကွယ်သည့် ဘာသာတရားကို အခြေပြုသည်။

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ရှိနေသော်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သူမှာ လူများစုဖြစ်ပေသည်။ အခြားဘာသာကိုးကွယ်သူများ၏ ဓလေ့ထုံးတမ်းဥပဒေများတွင် ဘာသာခြားများနှင့် လက်ထပ်ထိမ်းမြားရေး၊ ဘာသာခြားသားသမီးများ အမွေဆက်ခံရေးနှင့် ပတ်သက်၍ မိမိတို့ ကိုးကွယ်သည့် ဘာသာကို ကာကွယ်ထားသော ဥပဒေများတိကျပြတ်သားစွာရှိနေသော်လည်း ဗုဒ္ဓဘာသာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေတွင် ထိုသို့တိကျစွာ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိသောကြောင့် ဗုဒ္ဓဘာသာ ကိုးကွယ်သူများအနေဖြင့် ဘာသာခြားများနှင့် ယှဉ်ပြိုင်ရသောအခါ (လူများစုဖြစ်လျက်) တစ်ပန်းရှုံးနေရသည် ကို လက်တွေ့ထင်ထင်တွေ့မြင်နေရပေသည်။
ဥပမာအားဖြင့် ၁၉၅၄-ခုနှစ်၊ ဗုဒ္ဓဘာသာမြန်မာမိန်းမများ ထိမ်းမြား လက်ထပ်မှုဥပဒေသည် ဘာသာခြားများနှင့် ထိမ်းမြားသော မိန်းမများအတွက် အထိုက်အလျောက် ကာကွယ်မှုပြုလုပ်နိုင်ခဲ့သော်လည်း ထိုမိန်းမများမှ မွေးဖွားသော ဗုဒ္ဓဘာသာ သားသမီးများအတွက် ထိရောက်မှု မရှိဖြစ်နေပေသေးသည်။ ထို ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာမိန်းမများ ထိမ်းမြားလက်ထပ်မှု ဥပဒေသည်ပင်လျှင် မျိုးစောင့်ဥပဒေတစ်ရပ်ဖြစ်ပေရာ မျိုးစောင့်ဥပဒေကို ယခုအခါမှသာ ပြဋ္ဌာန်းရန် ကြိုးပမ်းကြခြင်းမဟုတ်ကြောင်း ထောက်ပြလိုပေသည်။

၃။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှ ပြဋ္ဌာန်းရန် ကြိုးပမ်းနေသော မျိုးစောင့်ဥပဒေများသည် ဘာသာခြားများကိုစော်ကားရန် လူတစ်ဦးချင်းစီ၏ လွတ်လပ်မှုကို မတရားချုပ်ချယ်ကန့်သတ်ရန် ရည်ရွယ်ခြင်း မရှိဘဲ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသူများ၊ တစ်ဖက်သတ်နစ်နာမှုမရှိစေရေး၊ စည်းကမ်းရှိသော လူ့အဖွဲ့အစည်း ဖြစ်ရေးတို့ကို ရည်ရွယ်ခြင်းသာဖြစ်သဖြင့် ရခိုင်ပြည်နယ် အမျိုးဘာသာ သာသာစောင့်ရှောက်ရေးအဖွဲ့မှ ထိုဥပဒေများ ပြဋ္ဌာန်းရေးကို အလေးအနက် ထောက်ခံကြောင်း ဗုဒ္ဓဘာသာ တကာ/တကာမများ အနေဖြင့် လည်း တစ်ညီတစ်ညွတ်တည်း ထောက်ခံကြရန် လိုအပ်ကြောင်း သဘောထားကြေငြာချက်ထုတ်ပြန် လိုက်ပါသည်။

ဘဒ္ဒန္တဇာဂရ
ဗဟိုဦးဆောင်ဆရာတော်
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့
စစ်တွေမြို့၊ ရခိုင်ပြည်နယ်။

ဘဒ္ဒန္တနန္ဒောဘာသ
ဥက္ကဋ္ဌ
ပြည်နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့
စစ်တွေမြို့၊ ရခိုင်ပြည်နယ်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ