Related Posts Plugin for WordPress, Blogger...


ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ဥပဒေအမှ တ် ( ၂ / ၂၀၁၀ ) ဖြင့် ပြဌာန်းခဲ့သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တွင် ( White Card ) ကိုင်ဆောင်ထားသူများကိုပါ နိုင်ငံရေးပါတီတည်ထောင် ခွင့်ပေးထားခဲ့သောကြောင့် ယင်းနေရာ၌"" နိုင်ငံသားများသာ "" ဟု အစားထိုးခွင့်ကို ယနေ့ အမျိုးသားလွှတ်တော်၌ အတည်ပြုပြဌာန်း လိုက်ခြင်းဖြစ်သည် ။

အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက နိုင်ငံသားမဟုတ်သည့်ဧည့် နိုင်ငံသား / ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများကို နိုင်ငံရေးပါ တီတည်ထောင်ခွင့် ပြဌာန်းချက်ကို ပြင်ဆင်ရန် ကြားနာခဲ့ပြီးနောက် ယနေ့အမျိုး သားလွှတ်တော်က အတည်ပြုပေးလိုက်ခြင်းဖြစ်သည် ။ ( White Card ) နေရာကို ပါယ်ဖျက်ကာ " နိုင်ငံသား "ဟု အစားထိုးပြင်ဆင်
လိုက်ပြီး နိုင်ငံသားဖြစ်သူများကိုသာ ပါတီတည်ထောင်ခွင့် အတည်ပြုလိုက် ကြောင်း ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည် ။

၎င်းအပြင် နိုင်ငံရေးပါတီဝင်များစည်းရုံးခွင့်ကို နိုင်ငံသားဖြစ်မှသာဟု ပြောင်း လဲလိုက်ပြီး နိုင်ငံသားစီစစ်ရေးကဒ်ပြားရှိသူ / နိုင်ငံသားဖြစ်ခွင့်ရသူစသည့် အ ချက်နှစ်ချက်နှင့် အစားထိုးလိုက်သည့်အတွက် ဧည့်နိုင်ငံသားများ / ယာယီသက်
သေခံလက်မှတ်ကိုင်ဆောင်ထားသူများနိုင်ငံရေးပါတီဝင်အဖြစ် ရတော့မည် မ ဟုတ်ကြောင်း သိရှိရသည် ။

White Card ကိုင်ဆောင်ထားသူများ မဲပေးပိုင်ခွင့်ရှိနေသည့်အပေါ်တွင် လည်း ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ရန် တင်ပြထားကြောင်း နိုင်ငံသားမဟု တ်သူများ မဲပေးပိုင်ခွင့်ရှိ/မရှိကို လွှတ်တော်က မကြာခင် ဆုံးဖြတ်ပေးမည်ဖြစ် ကြောင်း ဒေါက်တာအေးမောင်က ပြောဆိုလိုက်သည် ။

"" နိုင်ငံသားမဟုတ်တဲ့သူ / ယာယီသက်သေခံလက်မှတ် ( White Card ) ကိုင်ဆောင်ထားတဲ့သူတွေကို မဲပေးပိုင်ခွင့်ပြုလိုက်လို့ရှိရင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့ "" ဒို့တာဝန် အရေးသုံးပါးတို့အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ ဘယ်နေရာမှာ သွားထားကြမလဲ ""သူတို့ အလိုဆန္ဒတွေမပြည့်စုံတော့ မြန် မာနိုင်ငံ လွတ်လပ်ရေးယူခဲ့တာတောင်မှမှားနေတယ်လို့ သူတို့ပြောကြလိမ့်မေ ။

ဆက်ပြီး"" တည်ဆဲ နိုင်ငံရေးပါတီဥပဒေအရ အရင်ကမှတ်ပုံတင်ထားခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကိုလည်း ကာလတစ်ခု သတ်မှတ်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တာဝန်ပေးပါတယ် ။ အခုလက်ရှိ နိုင်ငံသား/ဧည့်နိုင်ငံ
သား/ယာယီသက်သေခံလက်မှတ်နဲ့ ပါတီထောင်ထားတဲ့သူတွေ ရှိကောင်းရှိနေ တယ်လေ ။ သုံးခေါက်ချိုးလို့ခေါ်တဲ့အမျိုးသား မှတ်ပုံတင်ကလည်း အကျုံးမဝင် တော့တာမို့လို့ နိုင်ငံရေးစီစစ်ရေးကဒ်ပြားရအောင် လျှောက်ကြပေါ့ ။

ပေးသင့်ပေးထိုက်တယ် လဝက ဥပဒေနဲ့လည်းညီတယ်ဆိုရင် လဝကဝန်ကြီးဌာနက ပေးပါလိမ့်မေ ။ ပေးသင့် / မပေးသင့်ချိန်ဆ တဲ့အပိုင်းကတော့ ဥပဒေနဲ့မညီညွတ် ဘဲပေးခဲ့ရင် ပေးတဲ့သူပါ အရေးယူခံရတော့ မှာပါ ။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရအရေးယူမှာပေါ့လေ ။ လိမ်လည်လျှော က်ထားတဲ့သူကိုလည်း မျိုးဆက်တွေ အထိ စစ်ဆေးပြီးတော့ မမှန်မကန်တဲ့သက် သေခိုင်လုံခဲ့ရင် ထိထိရောက်ရောက် အရေးယူဖို့လည်း အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ် ""ဟု ဒေါက်တာအေးမောင်က ဖြေကြားခဲ့ခြင်းဖြစ်သည် ။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ