Related Posts Plugin for WordPress, Blogger...

ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၈ ရက်၊ ၂၀၁၄ ခုနှစ်

ဖိနပ်ချုပ်သည့် အလုပ်လုပ်ကိုင်သည့် အမျိုးသားတစ်ဦး ငွေကြေးအဆင်မပြေသဖြင့် မိမိကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၁၇ ရက်၊ နံနက် ၅ နာရီဝန်းကျင်က သာကေတမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ သာကေတမြို့နယ်၊ ၃/ မာန်ပြေရပ်ကွက်အတွင်း နေထိုင်သည့် အောင်မျိုးသူ(၃၅)နှစ်သည် ၎င်း၏ နေအိမ်အရှေ့ခန်း အမြင့်ပေ ရှစ်ပေခန့်ရှိသည့် ခေါင်မိုးထုပ်တန်းတွင် ပုခက်ဆင်ထားသည့် တစ်မတ်လုံးခန့်ရှိသော ပလတ်စတစ်ကြိုးကို ကြိုးကွင်းပြုလုပ်ကာ ကြိုးဆွဲချ သေဆုံးခဲ့ခြင်း ဖြစ်သည်။

အထက်ပါအမျိုးသားမှာ သာကေတမြို့ နယ်၊ (၅) ရပ်ကွက်တွင် ဖိနပ်ချုပ်သည့် အလုပ်လုပ်ကိုင်ရာ ငွေကြေး အဆင်မပြေသဖြင့် စိတ်ဓာတ်ကျနေသူ တစ်ဦးဖြစ်ပြီး အလောင်းတွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ရာ ပီအာရ်-၀၃၅ ဖြင့် လက်ခံထားသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဒု-ရဲမှူး ရွှေဇံ၏ တရားလိုပြုတိုင်တန်းချက်ကို သာကေတမြို့နယ် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၁၃/၂၀၁၄)ဖြင့် အမှုဖွင့်ဆောင်ရွက်လျက် ရှိသည်။ ပြီးခဲ့သည့် မေလ တတိယပတ်ကလည်း လမ်းမတော်မြို့နယ်မှ ဈေးရောင်းသည့် အလုပ် လုပ်ကိုင်နေသည့် အမျိုးသမီး တစ်ဦးသည် စီးပွားရေးအဆင်မပြေသဖြင့် အရက်ပျံပုလင်းအသေး သုံးပုလင်းသောက်၍ သေကြောင်း ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။

ဖြိုးဝေလင်း
Mizzima - News in Burmese

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ