Related Posts Plugin for WordPress, Blogger...

 ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၈ ရက်၊ ၂၀၁၄ ခုနှစ်

သန်လျင်မြို့နယ်အတွင်း နေထိုင်သည့် အမျိုးသားနှစ်ဦးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ ကားပစ္စည်း အရောင်းဆိုင်တွင် အလုပ်ရမည်ဆိုကာ အကျိုးဆောင်ခများယူ၍ တရားမ၀င်ပို့ဆောင်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူကို ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်ဟု ရန်ကုန်တိုင်း ရဲတပ် ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ သန်လျင်မြို့နယ်၊ ကျိုက်အင်း ကျေးရွာတွင် နေထိုင်သည့် ဒေါ်သန်းသန်းဆင့် နေအိမ်၌ရှိနေစဉ် ယခင်ကခင်မင်ရင်း နှီးခဲ့သည့် ဦးပီလီဂန်းဆိုသူ ရောက်ရှိလာပြီး ၎င်း၏သားနှစ်ယောက်ဖြစ်သည့် ထွန်းမြင့် အောင်နှင့် သန်းလွင်တို့ကို မလေးရှားနိုင်ငံရှိ ကားပစ္စည်းအရောင်းဆိုင်တွင် အလုပ်လုပ်ရန် တရားဝင်လမ်း ကြောင်းမှ ပို့ဆောင်ပေးမည်ဖြစ်ပြီး တစ်လလျှင် သုံးသိန်းခန့်ရရှိမည်ဟု ပြောဆိုစည်းရုံးခဲ့သည်ဟုဆိုသည်။

ဒေါ်သန်းသန်းဆင့်၏ သားနှစ်ယောက်ကို မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် တောင်ဒဂုံမြို့နယ်တွင် နေထိုင် သည့် ရမ်ကာဆာမိ (ခ)တင်မောင်ဆိုသူက ဆောင်ရွက်ပေးမည်ဖြစ်ပြီး တစ်ဦးလျှင်အကျိုးဆောင်ခ ကျပ် ခုနစ်သိန်းနှုန်းနှင့် ကျပ် ၁၄သိန်းတောင်းယူကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ယင်းနောက် မလေးရှားနိုင်ငံသို့ရောက် ရှိနေသည့် သားဖြစ်သူ ထွန်းမြင့်အောင်က ဦးပီလီဂန်းဆိုသူသည် ၎င်းင်းတို့ကိုမလေးရှား နိုင်ငံသို့ ပို့ဆောင်ရာတွင် တရားမ၀င်လမ်း ကြောင်းမှ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်သန်းသန်းဆင့်ကို ဖုန်းဖြင့်ပြောဆိုခဲ့ပြီး နောက်ပိုင်း အဆက်အသွယ်လုံးဝမရရှိ တော့သဖြင့် တိုင်တန်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ပြည်ပအကျိုးဆောင်လိုင်စင်မရှိဘဲ သားနှစ်ဦးကို မလေးရှားနိုင်ငံသို့ ပို့ဆောင် ခဲ့သည့် ဦးပီလီဂန်းနှင့် ရမ်ကာဆာမိ(ခ)တင်မောင်တို့ကို အရေးယူပေးပါရန် ဒေါ်သန်းသန်းဆင့်၏ တရား လိုပြုတိုင်တန်းချက်ကို သင်္ဃန်းကျွန်း မြို့မရဲစခန်းက (ပ) ၂၇၂/၂၀၁၄၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများကိုဖမ်းဆီး နိုင်ရန် စုံစမ်းလျက်ရှိသည်။

ပြီးခဲ့သည့်မေလ နောက်ဆုံးပတ်က လည်း တာမွေမြို့နယ်အတွင်း နေထိုင်သည့် အမျိုးသမီး သုံးဦးကို တရုတ်နိုင်ငံရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်လုပ်ရန် အကျိုးဆောင်လိုင်စင်မရှိဘဲ ပို့ဆောင်ခဲ့သည့် အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုလည်း ဖမ်းဆီးအရေးယူခဲ့ရသည့်ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ သည်။

ဖြိုးဝေလင်း
Mizzima - News in Burmese

Posted by Arakan News on 6/19/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ