Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၁

၂၀၁၄-၂၀၁၅ ပညာသင်နှစ် စတင်ပြီ ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်း အခြေခံပညာ ကျောင်းအချို့တွင် ပြဋ္ဌာန်းစာအုပ်များ လုံလောက်စွာ မပေးနိုင်သေးကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

လမ်းပန်းဆက်သွယ်ရေး လွယ်ကူသော ရန်ကုန်မြို့လယ်ရှိ မူလတန်းနှင့် အလယ်တန်းအဆင့် အခြေခံပညာကျောင်း အချို့တွင်ပင် ပြဋ္ဌာန်းစာအုပ်များ လိုအပ်နေသေးကြောင်း အမည်မဖော်လိုသူ ကျောင်းအုပ်ဆရာကြီးတစ်ဦးက The Voice သို့ ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန လက်အောက် အခြေခံပညာကျောင်းများသည် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

“ကျောင်းသား သုံးရာလောက် ရှိတဲ့ ကျောင်းကို ၁၂ ဦးစာပဲ ဖတ်စာအုပ်တွေ လာပေးထားတယ်” ဟု အဆိုပါ ကျောင်းအုပ်ဆရာကြီးက ဆက်လက် ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ယင်းအခြေခံပညာကျောင်းနည်းတူ ပြဋ္ဌာန်းစာအုပ် မလုံလောက်သော ကျောင်းအချို့ရှိကြောင်း ၎င်းကဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ဝေးလံသော ဒေသများရှိ အခြေခံပညာကျောင်းများကို ကျောင်းဖွင့်ရာသီအမီ ပြဋ္ဌာန်းစာအုပ်များ ပေးပို့ထားပြီး ဖြစ်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် အတွင်းရှိ ဆိပ်ဖြူမြို့နယ် အခြေခံပညာ မူလတန်းလွန် ကျောင်းများတွင်မူ ပြဋ္ဌာန်းစာအုပ်များ အပြည့်အစုံ ရောက်ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ကျောင်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ပြဋ္ဌာန်းစာအုပ်များ လက်ဝယ်ရရှိမှု နောက်ကျသည့် အပြင် ဒီဇိုင်းသစ် ပြဋ္ဌာန်းစာအုပ်များကို ကျောင်းသားတိုင်း မရရှိကြောင်း ကျောင်းသားမိဘ အသိုင်းအဝိုင်းက ဆိုသည်။

“ရှေ့အတန်း (A ခန်း) က ကျောင်းသားတွေကို အသစ်ပေးတယ်။ နောက်တန်းရောက်တဲ့ ကလေးတွေကျတော့ အဟောင်းတွေ ပေးတယ်။ ဘာတွေမှန်းလဲ မသိဘူး။ ပေးတာ ယူခဲ့ရတာပဲ” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

အခြေခံပညာကျောင်းများသို့ ပေးပို့ထားသော ပြဋ္ဌာန်းစာအုပ်များတွင် ယခင် ပညာသင်နှစ်က လက်ကျန်ရှိသော ပြဋ္ဌာန်းစာအုပ်၊ နောက်ဆက်တွဲ ပြင်ဆင်ချက်များ ထည့်သွင်းထားသော ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းဖွင့်ရာသီအမီ ရိုက်နှိပ်ထားသော ဒီဇိုင်းသစ် ပြဋ္ဌာန်းစာအုပ်အဖြစ် သုံးမျိုး ကွဲပြားနေကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက The Voice သို့ ရှင်းလင်းပြောကြားသည်။

ပညာရေးဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပြဋ္ဌာန်းစာအုပ်နှင့် ကျောင်းလခကြေးများ အခမဲ့ ပံ့ပိုးထားပြီး သူငယ်တန်းမှ စတုတ္ထတန်းအတွက် ငွေကျပ် တစ်ထောင်နှင့် ဗလာစာအုပ် ၆ အုပ်ကို အပိုဆောင်း ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

Posted by Unknown on 6/02/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ