Related Posts Plugin for WordPress, Blogger...

ကလေး၊ ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲ၌ ရဲတပ်ဖွဲ့ဝင်အချို့က စောင့်ကြည့်မှုနှင့် နှောင့်ယှက်မှုများ ရှိခဲ့ကြောင်း ဦးဆောင် ကျင်းပသည့် ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များက ပြောကြားသည်။

“မေလ ၂၈ ရက်နေ့က ရုံးမှာ လက်မှတ်လာထိုးတဲ့ သူတွေကို စောင့်ကြည့်မှုတွေ လုပ်တယ်။ နောက်ပြီး ရုံးမလာနိုင်တဲ့ သူတွေအတွက် စီစဉ်ပေးထားတဲ့ စာအုပ်တွေ ယူသွားတဲ့ သူတွေကိုလည်း စစ်ဆေး မေးမြန်းမှုတွေ လုပ်တယ်။ နန်းဖာလုံဈေးမှာ ဈေးရောင်းရင်း လက်မှတ်မထိုးရတဲ့ သူတွေ ထိုးဖို့ စာအုပ်ယူခဲ့တာ။ ရဲက ဈေးထဲမှာ အော်ကြီးဟစ်ကျယ် မေးမြန်းတာတွေ လုပ်တော့ လက်မှတ်ထိုးမယ့် သူအချို့ မထိုးရဲတော့ဘူး” ဟု နန်းဖာလုံဈေးတွင် ဈေးရောင်းချသည့် NLD ပါတီဝင်တစ်ဦးက ၎င်းကြုံတွေ့ရသည်ကို ပြောဆိုသည်။

ယင်းနေ့က ရပ်ကွက်အတွင်း လက်မှတ်ထိုးရန် စာအုပ် ယူဆောင်သွားသူ ၁၀ ဦးခန့်ရှိရာ ၎င်းတို့အားလုံး စစ်ဆေး မေးမြန်းမှုများနှင့် ကြုံခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရန်အတွက် လက်မှတ်ရေးထိုးပွဲကို တမူးမြို့တွင် မေလ ၂၈ ရက်နေ့က စတင်ပြုလုပ်ခဲ့ရာ ယင်းနေ့တွင် လက်မှတ်ရေးထိုးသူ ၃၀၀၀ ကျော်ခန့် ရှိကြောင်း၊ လက်မှတ်ရေးထိုးမည့် အစီအစဉ်ကို ဇူလိုင်လ ၂၉ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်ရာ လက်မှတ်ရေးထိုးသူ အနည်းဆုံး ခုနစ်သောင်းကျော် ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း တမူးမြို့ NLD ပါတီထံမှ သိရသည်။

လက်မှတ်ရေးထိုးရာတွင် ရဲတပ်ဖွဲ့ဝင်အချို့၏ နှောင့်ယှက်မှုများနှင့် ကြုံခဲ့ရသည်ဟု တမူးမြို့နယ် NLD ပါတီဝင်များက ပြောဆိုသော်လည်း လက်မှတ်ထိုးချိန်နှင့် ထိုးပြီးချိန်ထိ မည်သည့် အနှောင့်အယှက်မျှ ကြုံတွေ့ရခြင်း မရှိဘဲ ပါတီဝင်များနှင့် ဒေသခံများ ဆန္ဒပြု လက်မှတ်ရေးထိုးခဲ့ကြကြောင်း တမူးမြို့ စော်ဘွားရပ်ကွက်တွင် နေသူတစ်ဦးက ပြောဆိုသည်။

တမူးမြို့နယ် ရဲတပ်ဖွဲ့အနေနှင့် NLD အပါအဝင် မည်သည့်ပါတီကိုမျှ စောင့်ကြည့်မှုမျိုး မပြုလုပ်ခဲ့ကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒထုတ်ဖော် လက်မှတ်ရေးထိုးပွဲကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးခဲ့ကြောင်း၊ ယင်းလက်မှတ် ရေးထိုးရာ နေရာသို့ သတင်းရယူရန် အတွက်သာ သွားရောက်ခြင်း ဖြစ်ကြောင်း NLD ပါတီဝင်များ၏ ပြောဆိုမှုနှင့် ပတ်သက်၍ တမူးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်သော်က ရှင်းလင်း ပြောဆိုသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ