Related Posts Plugin for WordPress, Blogger...

From : .. ပြည်မြန်မာ


ကျေးလက်ဒေသ ပြည်သူများအတွက် ဒေသဖွံ့ဖြိုးရေးတွင် အဓိက ဖြစ်လာနိုင်သည့် နည်းပညာဆိုင်ရာများ တတ်မြောက်ရန် ရည်ရွယ်သော Mobile School (ရွေ့လျားကားကျောင်း) အစီအစဉ်ကို နေပြည်တော်တွင် စတင်လိုက်ပြီဖြစ်ပြီး စုစုပေါင်း ကွန်တိန်နာ အလုံးရေ ၁၀၀ ခန့်မှာထားကြောင်း ၁၄-၆-၂၀၁၄ ရက်က သတင်းရရှိသည်။ ဇွန်လ ၁၂ ရက်က နေပြည်တော် လယ်ဝေးမြို့နယ် သံကောကြီး ကျေးရွာတွင် စတင်လိုက်သော အဆိုပါ အစီအစဉ်ကို အရှိန်ဆက်မြှင့်ရန်အတွက် မြန်မာမှ မြင့်မြတ်ကောင်းကျော် ကားကျောင်း ဝန်ဆောင်မှုအဖွဲ့ထံ အလားတူ ကွန်တိန်နာ အလုံး ၁၀၀ ခန့် ထပ်မံမှာထားပြီးပြီဟု မွေးမြူရေးလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေဝန်ကြီးဌာန၏ ကျေးလက်ဒေသဖွံ့ဖြိုးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကိုကိုက ပြောသည်။ “လောလောဆယ် ကွန်တိန်နာ တစ်လုံးပဲ ရှိပေမယ့် ကုမ္ပဏီဘက်ကတော့ အလုံး ၁၀၀ လောက် မှာထားပါတယ်။ ကုမ္ပဏီဘက်ကလည်း ပေးမယ်လို့ပြောတယ်” ဟု ဦးစိုးကိုကိုက ပြောကြားသည်။ အဆိုပါ ကားကျောင်းအတွင်း၌ ကွန်ပျူတာ အခြေခံအပြင် အင်တာနက် အသုံးပြုနိုင်ရေးကိုပါ သင်ကြားပေးခြင်းဖြစ်ပြီး ကွန်ပျူတာ ၂၂ လုံး၊ ဆရာမ သုံးဦးဖြင့် စတင်နေခြင်း ဖြစ်ကြောင်းလည်း သိရသည်။ “ကွန်တိန်နာတွေက ၄၂ ပေတွေဆိုတော့ ကျေးရွာထဲကို ကားကြီးတွေဝင်ပြီး ချဖို့ဆိုတာ လမ်းကျဉ်းလို့ အဆင်မပြေဘူး။ ပြီးတော့ ကွန်တိန်နာတွေကို မြေကွက်ကျယ်ကျယ် နေရာတွေမှာပဲ ချထားရတယ်။ ကျွန်တော်တို့ဘက်က တောင်းဆိုထားတာကတော့ ၂၂ ပေ ကွန်တိန်နာတွေ စီစဉ်ပေးဖို့ပါပဲ။ ဒါမှ ကျေးရွာတွေကို ဝင်ဖို့ အဆင်ပြေမှာ” ဟု ဦးစိုးကိုကိုက ဆက်လက်ပြောကြားသည်။ ယင်းအစီအစဉ် စတင်နိုင်ရေးအတွက် ၂၀၁၃ ကတည်းက ဗီယက်နမ်နှင့် ချိတ်ဆက်ကာ ဝန်ကြီးဌာနအောက်တွင် လုပ်ကိုင်လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။ “လောလောဆယ်တော့ ဒီကွန်တိန်နာ တစ်လုံးနဲ့ပဲ စပြီး အနီးအနားက ဒေသခံ လူငယ်တွေကိုပါ သင်ပေးမှာပါ။ ကွန်တိန်နာ အသစ်တွေ ရောက်လာမှ တစ်နိုင်ငံလုံးအနှံ့ ကျေးလက်ဒေသတွေကို ဆင်းမှာပါ။ ကျွန်တော်တို့က ဒီအစီအစဉ်အပြင် ကျေးလက်ဒေသတွေမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို နယ်လှည့်သင်တာတွေကိုပါ လုပ်ဖို့ စီစဉ်နေပါတယ်” ဟု ယင်းက ပြောသည်။ ကားကျောင်းတွင် သင်တန်းသား ၅၂ ဦးတက်ရောက်နေပြီး မနက်၊ ည ခွဲကာ သင်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။ 

.. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ