Related Posts Plugin for WordPress, Blogger...

တက္ကသိုလ်ကျောင်းသားကားရှေ့ပြေးဝင်တိုက်ခံကာ အဆုံးစီရင်သွားသည့် ဘီအမ်ကားကို အခင်းဖြစ်ပွားပြီးနောက်တွေ့ရစဉ် (DagonUniversity StudentsUnion)
ဒဂုံတက္ကသိုလ်ကျောင်း ၀င်းအတွင်း ဒုတိယနှစ် ဥပဒေ ကျောင်းသားတစ်ဦးသည် ချစ်သူနှင့် စကားများရန်ဖြစ်ကာ ကားရှေ့ ဖြတ်ပြေးပြီး ယာဉ်တိုက်ခံကာ မိမိကိုယ်ကိုယ်ကို  အဆုံးစီရင်ခဲ့ကြောင်း ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒဂုံတက္ကသိုလ် ကျောင်းဝင်း အတွင်း ဇွန်လ ၁၂ ရက်နေ့လယ် ၁ နာရီခွဲက ဒုတိယနှစ် ဥပဒေတက် နေသည့် ချစ်သူနှစ်ဦးသည် စကားများရန်ဖြစ်ကြပြီး ကျောင်းသားက ၎င်း ၏ မိန်းကလေးအား လည်ပင်း ညှစ်သဖြင့် ကျောင်းလုံခြုံရေး အ ဖွဲ့က ၀င်ရောက်ဖျန်ဖြေခဲ့ရသည်။
 လုံခြုံရေးအဖွဲ့က ဖျန်ဖြေပေးခဲ့ပြီးနောက်  မိန်းကလေးအား ခေါ်ဆောင်သွားစဉ်  အဆိုပါ ကျောင်းသားက တက္ကသိုလ်ကြိုပို့ ဘီအမ်ကျောင်းကားရှေ့ သို့ ဖြတ် ပြေးခဲ့၍  တိုက်မိပြီး  သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
 ‘‘အဓိပတိကားရှေ့ဝင်ပြီး အတိုက်ခံသေးတယ်လို့လည်း ကြားတယ်။ သမီးရည်းစားတွေဆို တော့ အချစ်ရေးကိစ္စနဲ့ပဲပေါ့။ အ ချစ်သက်သေပြတယ်လို့ ယူဆရ မှာပေါ့။ နောက်တော့ ဒီကားနဲ့ တိုက်မိသွားတာ။  အခုလိုဖြစ် တော့ ကားသမားရော  သေသွား တဲ့ကောင်လေးရော မကောင်းဘူး ပေါ့။ ကားသမားမှာ ကလေးနှစ် ယောက်ရှိတယ်ကြားတယ်။ အခု လို ကိုယ့်ကိုယ်ကိုယ် သတ်သေ တာ ဒါပထမဆုံးပဲ။ ဒဂုံတက္က သိုလ်ထဲမှာလည်း အရင်က မဖြစ်ခဲ့ဖူးဘူး။ တခြားပုံစံမျိုးနဲ့ပဲ အက်စီးဒင့်ဖြစ်တာ’’ ဟု ဒဂုံတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘အဓိပတိကားရှေ့ အရင် အတိုက်ခံတာ။ ကားက ရပ်လိုက် လို့ မသေတာ။ နောက်ဘီအမ် ကားက မောင်းလာတော့ ထပ်အ တိုက်ခံတော့ အဲဒီကားနဲ့တိုက်မိ ပြီး သေသွားတာ။ ချစ်သူနဲ့စကား များပြီး လုပ်တာလို့ ကြားတယ်’’ ဟု ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမ များ သမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ဦးအာကာမိုးသူက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သေ ဆုံးသူကျောင်းသား၏သူငယ်ချင်း တစ်ဦးက ‘ကောင်မလေးနဲ့ စိတ်ဆိုးပြီး သူ့ကိုယ်သူ သတ်သေလို့ဖြစ်တာ။ ဒဂုံတက္ကသိုလ် အ၀ိုင်းနားမှာ’’ ဟု ဆိုသည်။
 သေဆုံးမှုဖြစ်စဉ်ကို ပညာ ရေးဝန်ကြီးဌာနသို့ တင်ပြထားပြီး ကြိုပို့ယာဉ်မောင်းအား ဒဂုံအရှေ့ မြို့မစခန်းတွင် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

.7daydaily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ