Related Posts Plugin for WordPress, Blogger...

Photo: ကုလအကြီးအကဲ ရခိုင်နှင့် ကချင် သွားရောက်လေ့လာမည်

ရန်ကုန်၊ ဇွန် ၁၁

ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Ms.Kang Kyung-wha မြန်မာနိုင်ငံသို့ ငါးရက်ကြာ ရောက်ရှိနေပြီး ရခိုင်နှင့် ကချင်ပြည်နယ်တို့ကို သွားရောက်လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက်သည်။

တောင်ကိုရီးယားနိုင်ငံသူ Kang Kyung-wha ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ငါးရက် ကြာမြင့်မည် ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် ပေါက်တောမြို့တို့ကို သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း ယင်းသတင်း ထုတ်ပြန်မှုတွင် ပါရှိသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နှစ်ဖက် လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု အခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှု အခြေအနေများကို လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဇွန်လ ၁၂ ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ကုလသမဂ္ဂ အဖွဲ့အစည်းများ လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ရန်၊ မျှမျှတတ ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးရန် ကိစ္စများကို တင်ပြသွားမည် ဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။

အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်း ဖြစ်သူ Kang Kyung-wha ၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိရှိခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။

ကချင်ပြည်နယ် ခရီးစဉ်တွင် ဝိုင်းမော် ဒုက္ခသည်စခန်းကို သွားရောက်မည် ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီပေးသည့် ဒေသတွင်း NGO ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူး Ms.Kang Kyung-wha မြန်မာနိုင်ငံသို့ ငါးရက်ကြာ ရောက်ရှိနေပြီး ရခိုင်နှင့် ကချင်ပြည်နယ်တို့ကို သွားရောက် လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်လိုက်သည်။

တောင်ကိုရီးယားနိုင်ငံသူ Kang Kyung-wha ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ငါးရက် ကြာမြင့်မည် ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့နှင့် ပေါက်တောမြို့တို့ကို သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်မည် ဖြစ်ကြောင်း ယင်းသတင်း ထုတ်ပြန်မှုတွင် ပါရှိသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် နှစ်ဖက် လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု အခြေအနေများ၊ လူသားချင်း စာနာထောက်ထားမှု အခြေအနေများကို လေ့လာမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဇွန်လ ၁၂ ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မြို့မိမြို့ဖများနှင့် တွေ့ဆုံရန် စီစဉ်ထားပြီး ကုလသမဂ္ဂ အဖွဲ့အစည်းများ လုပ်ငန်းဆောင်ရွက်ရာတွင် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ရန်၊ မျှမျှတတ ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးရန် ကိစ္စများကို တင်ပြသွားမည် ဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။
အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးလည်း ဖြစ်သူ Kang Kyung-wha ၏ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ သိရှိခြင်း မရှိသေးကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။
ကချင်ပြည်နယ် ခရီးစဉ်တွင် ဝိုင်းမော် ဒုက္ခသည်စခန်းကို သွားရောက်မည် ဖြစ်ပြီး လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးသည့် ဒေသတွင်း NGO ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။
The Voice Weekly

Posted by Arakan News on 6/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ