Related Posts Plugin for WordPress, Blogger...

Photo: ဗြိတိန်အခြေစိုက် Jaguar Land Rover မော်တော်ယာဉ်ကုမ္ပဏီ၏ အရောင်း ပြ ခန်း၊ ၀န်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော 3S စင်တာ ရန်ကုန်မြို့ ၌ စတင်ဖွင့်လှစ်
Friday, June 13, 2014

ဗြိတိန်အခြေစိုက် Jaguar Land Rover  မော်တော်ယာဉ်ကုမ္ပဏီ၏ အရောင်းပြခန်း၊ ဝန်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော 3S စင်တာကို ၂ဝ၁၄ ခုနှစ် ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း Capital Automotive Ltd  မှ သိရသည်။
 
“အခုလို Jaguar Land Rover ကို မြန်မာပြည်ဈေးကွက်ထဲ ခေါ်ယူဖို့ကျွန်တော်တို့ တော်တော်ကြိုးစားခဲ့ရပါတယ်။ Jaguar Land Rover မော်တော်ယာဉ်တွေကို ဝယ်ယူအသုံးပြုသူတွေအတွက်လည်း ကျွန်တော်တို့ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးသွားမှာ ပါ။ မြန်မာနိုင်ငံမှာ Jaguar Land Rover  မော်တော်ယာဉ်ကို တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် Capital Automotive Ltd မှရောင်းချပေးမှာ ဖြစ်ပါတယ်”ဟု Capital Automotive Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ပြောကြားသည်။
 
Capital Automotive Ltd သည် Jaguar Land Rover  ကုမ္ပဏီထုတ် မော်တော်ယာဉ်များကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရရှိထားပြီး အဆိုပါJaguar Land Rover ၏ 3S စင်တာကို အမှတ်-၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်၌ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
 
ယခု ဖွင့်လှစ်သော Jaguar Land Rover ကုမ္ပဏီ၏ S3 စင်တာသည် Jaguar Land Rover  ကုမ္ပဏီထုတ် All-New Range Rover, Range Rover Evopue , Jaguar XF  အစရှိသည့် မော်တော်ယာဉ်များကို ရောင်းချပေးမည့်အပြင် ရောင်းချထားသော ကားများကိုလည်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
 
Jaguar Land Rover Automotive PLC သည် ဗြိတိန်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ပြီး ၂ဝဝ၈ ခုနှစ် တွင် Jaguar  နှင့် Land Rover ပူးပေါင်းကာ တည်ထောင်ထားခြင်းဖြစ်သည်။ ၂ဝဝ၂ ခုနှစ်တွင် Jaguar  နှင့် Land Rover တို့သည် Ford Motor ကုမ္ပဏီ၏ လက်အောက်တွင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  ၂ဝဝ၈ ခုနှစ် မတ်လတွင် Ford ကုမ္ပဏီသည် အိန္ဒိယ Tata Motor သို့ Jaguar Land Rover ကို ရောင်းချရန် သဘောတူညီမှုရရှိခဲ့ပြီး ဇွန် ၂ ရက်တွင် Jaguar Land Rover ကို Tata Motor မှ အပြီးသတ်ဝယ်ယူနိုင်ခဲ့၍ Jaguar Land Rover Automotive PLC အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။ Jaguar Land Rover သည် နိုင်ငံပေါင်း ၁၇ဝ ကျော်သို့ ထုတ်လုပ်မှု၏ ၈ဝ ရာခိုင်နှုန်းအား တင်ပို့ ရောင်းချလျက်ရှိပြီး ဗြိတိန်၏အကြီးဆုံးသော ပို့ကုန်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
 
Jaguar Land Rover  ကုမ္ပဏီသည် အိုင် ၅၄ တောင်ဘက် စတန့်ဖိုးရှိုင်းယားစီးပွားရေးဇုန်တွင် စတာလင်ပေါင်သန်း ၅ဝဝ ရင်းနှီးမြှုပ်နှံကာ မော်တော်ယာဉ်အင်ဂျင်များ ထုတ်လုပ်ရန် တည်ဆောက်နေသည်။ Jaguar Land Rover သည် ၂ဝ၁၃ ခုနှစ် မတ်လအထိ ဝင်ငွေ စတာလင်ပေါင် ၁၅ ဒသမ ၈ ဘီလျံ ရရှိခဲ့ပြီးအခွန်မပေးဆောင်မီ အမြတ်စတာလင်ပေါင် ၁ ဒသမ ၆၇၈ ဘီလျံ ရရှိခဲ့သည်။
 
လက်ရှိအချိန်တွင် Capital Auto-motive Ltd သည် ရန်ကုန်မြို့တွင် မော်တော်ယာဉ်အရောင်းပြခန်း ခုနစ်ခုနှင့် မော်တော်ယာဉ်ပြုပြင်ရေးစင်တာ ဆယ့်သုံးခုကို ဖွင့်လှစ်ထားပြီး အမေရိကန်အခြေစိုက် Ford ကားများကို မြန်မာနိုင်ငံသို့တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချလျက် ရှိသည်။

Eleven Media Group  

Jaguar Land Rover ကုမ္ပဏီ၏ 3S စင်တာကားအရောင်းပြခန်း ဖွင့်ပွဲမြင်ကွင်း

ဗြိတိန်အခြေစိုက် Jaguar Land Rover  မော်တော်ယာဉ်ကုမ္ပဏီ၏ အရောင်းပြခန်း၊ ဝန်ဆောင် မှု စင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော 3S စင်တာကို ၂ဝ၁၄ ခုနှစ် ဇွန် ၁၂ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း Capital Automotive Ltd  မှ သိရသည်။

 “အခုလို Jaguar Land Rover ကို မြန်မာပြည်ဈေးကွက်ထဲ ခေါ်ယူဖို့ကျွန်တော်တို့ တော်တော်ကြိုးစား ခဲ့ရပါတယ်။ Jaguar Land Rover မော်တော်ယာဉ်တွေကို ဝယ်ယူအသုံးပြုသူတွေအတွက်လည်း ကျွန်တော်တို့ အကောင်းဆုံး ဝန်ဆောင်မှုတွေပေးသွားမှာ ပါ။ မြန်မာနိုင်ငံမှာ Jaguar Land Rover  မော်တော်ယာဉ်ကို တရားဝင် အရောင်းကိုယ်စားလှယ်အဖြစ် Capital Automotive Ltd မှရောင်းချပေးမှာ ဖြစ်ပါတယ်”ဟု Capital Automotive Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ပြောကြားသည်။
Capital Automotive Ltd သည် Jaguar Land Rover  ကုမ္ပဏီထုတ် မော်တော်ယာဉ်များကို မြန်မာနိုင်ငံတွင် တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးရောင်းချခွင့်ရရှိထားပြီး အဆိုပါJaguar Land Rover ၏ 3S စင်တာကို အမှတ်-၃၊ ၁၂ ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်မြို့နယ်၌ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
ယခု ဖွင့်လှစ်သော Jaguar Land Rover ကုမ္ပဏီ၏ S3 စင်တာသည် Jaguar Land Rover  ကုမ္ပဏီထုတ် All-New Range Rover, Range Rover Evopue , Jaguar XF  အစရှိသည့် မော်တော်ယာဉ်များကို ရောင်းချပေးမည့်အပြင် ရောင်းချထားသော ကားများကိုလည်း ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
Jaguar Land Rover Automotive PLC သည် ဗြိတိန်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ပြီး ၂ဝဝ၈ ခုနှစ် တွင် Jaguar  နှင့် Land Rover ပူးပေါင်းကာ တည်ထောင်ထားခြင်းဖြစ်သည်။ ၂ဝဝ၂ ခုနှစ်တွင် Jaguar  နှင့် Land Rover တို့သည် Ford Motor ကုမ္ပဏီ၏ လက်အောက်တွင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  ၂ဝဝ၈ ခုနှစ် မတ်လတွင် Ford ကုမ္ပဏီသည် အိန္ဒိယ Tata Motor သို့ Jaguar Land Rover ကို ရောင်းချရန် သဘောတူညီမှုရရှိခဲ့ပြီး ဇွန် ၂ ရက်တွင် Jaguar Land Rover ကို Tata Motor မှ အပြီးသတ်ဝယ်ယူနိုင်ခဲ့၍ Jaguar Land Rover Automotive PLC အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။ Jaguar Land Rover သည် နိုင်ငံပေါင်း ၁၇ဝ ကျော်သို့ ထုတ်လုပ်မှု၏ ၈ဝ ရာခိုင်နှုန်းအား တင်ပို့ ရောင်းချလျက်ရှိပြီး ဗြိတိန်၏အကြီးဆုံးသော ပို့ကုန်များထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။
Jaguar Land Rover  ကုမ္ပဏီသည် အိုင် ၅၄ တောင်ဘက် စတန့်ဖိုးရှိုင်းယားစီးပွားရေးဇုန်တွင် စတာလင်ပေါင်သန်း ၅ဝဝ ရင်းနှီးမြှုပ်နှံကာ မော်တော်ယာဉ်အင်ဂျင်များ ထုတ်လုပ်ရန် တည်ဆောက်နေသည်။ Jaguar Land Rover သည် ၂ဝ၁၃ ခုနှစ် မတ်လအထိ ဝင်ငွေ စတာလင်ပေါင် ၁၅ ဒသမ ၈ ဘီလျံ ရရှိခဲ့ပြီးအခွန်မပေးဆောင်မီ အမြတ်စတာလင်ပေါင် ၁ ဒသမ ၆၇၈ ဘီလျံ ရရှိခဲ့သည်။
လက်ရှိအချိန်တွင် Capital Auto-motive Ltd သည် ရန်ကုန်မြို့တွင် မော်တော်ယာဉ်အရောင်းပြခန်း ခုနစ်ခုနှင့် မော်တော်ယာဉ်ပြုပြင်ရေးစင်တာ ဆယ့်သုံးခုကို ဖွင့်လှစ်ထားပြီး အမေရိကန်အခြေစိုက် Ford ကားများကို မြန်မာနိုင်ငံသို့တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချလျက် ရှိသည်။
Eleven Media Group  

Posted by Arakan News on 6/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily

Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ