Related Posts Plugin for WordPress, Blogger...

မုံရွာအကျဉ်ထောင်မှ အသက်(၇၉)နှစ် အရွယ်
အကျဉ်းသားတစ်ဦးသည် ဇွန်လ ၁၄
ရက်နေ့က မုံရွာပြည် သူ့ဆေးရုံကြီး
သို့ဆေးကုသခံရန်ရောက်ရှိပြီး ၃


နာရီခန့်အကြာတွင် သေဆုံးသွားခဲ့သည့်အတွက် မုံရွာမြို့ မရဲစခန်းက သေမှုသေခင်း အမှုဖွင့်ရေးဖွင့်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသေမှုသေခင်းအမှတ်စဉ် ၁၆/၂၀၁၄ အရ ရဲစခန်းက ရေးဖွင့်ဆောင်ရွက်နေရခြင်းမှာ မုံရွာအကျဉ်းထောင်ရှိ ထောင်မှူး(ဦးစီးအရာရှိ) ဦးသိန်းလွင် ဆိုသူ၏ တရားလိုပြုလုပ်တိုင်တန်းချက်များကြောင့် ဖြစ်ကြောင်း သိရ သည်။

အဆိုပါ သေမှုသေခင်းတွင် သေဆုံးသူ အကျဉ်းသားမှာ ထောင်ဝင်နံပါတ် မရ/၁၃/၀၀၄၄၈/(က) ဦးကျော်မင်း အသက်(၇၉)နှစ်၊ (ဘ)ဦးဖိုးလူ၊ မြ၀တီရပ်ကွက် နယ်မြေအမှတ်(၄)၊ မုံရွာမြို့ ဖြစ်သည်။ ထိုသူ သည် မုံရွာမြို့နယ်တရားရုံး၏ အမှုအမှတ် ၃၂၉၅/ ၂၀၁၃ လောင်ကစားဥပဒေပုဒ်မ ၁၅(က)အရ အလုပ် နှင့်ထောင်ဒဏ် (၂)နှစ်၊ (၆)လ ကျခံရန် စီရင်ချက်များ ချမှတ်ခြင်းခံထားရသူတစ်ဦးဖြစ်သည်။

ထိုသူသည် ဇွန်လ ၁၄ ရက်နေ့မနက်ပိုင်းတွင် သက်ကြီးရောဂါများအရ ကျန်းမာရေးမကောင်းသဖြင့် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးနောက် ညနေ ၃ နာရီခွဲအချိန်တွင် သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းဆေးစာဌာနမှ သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းအချုပ်ခန်းများနှင့် အကျဉ်းထောင်များအား တိုင်းဒေသကြီးတရား လွှတ်တော်ရုံး၏ အမိန့်ညွှန်ကြားချက်များအရ အချုပ်သား/ အကျဉ်းသားများ၏ အခွင့်အရေးမဆုံးရှုံးစေရန် မကြာခဏ ၀င်ရောက်စစ်ဆေးလျက်ရှိသည်။ ယင်းကာလတွင် အသက်(၇၉)နှစ်အရွယ် အကျဉ်းသား တစ် ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။

ကိုတိုးကြီး ချင်းတွင်း

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ