Related Posts Plugin for WordPress, Blogger...

R S V's photo.
စစ်တွေ၊ ဇွန်လ ၁၃
စ်တွေမြို့မှ လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးများကို သုံးစွဲနေမှုမြင့်မားလာခဲ့ပြီး ယခင်ဆယ်စု တစ်ခုအတွင်းထက် ငါးဆခန့်မြင့်တက်သွားကြောင်းလည်း ဒေသခံလေ့လာသူများက ဆိုသည်။
“ဆေးသုံးကြတယ်ဆိုတာ လွယ်လင့်တကူဝယ်လို့ရနေတဲ့အတွက်ဖြစ်တယ်။ အဓိကရောင်းချ နေတဲ့ လက်ရင်းဆိုင်တွေရှိတယ်။ ဒါကြောင့် လက်ပွားတွေက ရောင်းလို့ရနေတာတွေရှိ နေ တယ်။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော်တို့ပြောဖို့ခက်တယ်။ လူငယ်တွေကို ကောင်းစားစေချင်တဲ့ စေတနာ အပြည့်ရှိရင် ၀န်ကြီးတွေက ကြပ်မတ်ဆောင်ရွက်ဖို့လိုတယ်။ ဒါမှ မူးယစ်ဆေးဝါးကင်းစင်လာ မှာဖြစ်တယ်”ဟုလည်း ဒေသခံကျောင်းအုပ်ဆရာကြီးတစ်ဦးက ပြောပါသည်။
စစ်တွေမြို့တွင် ရောင်းချနေမှုများရှိနေသဖြင့် ကျောင်းနေအရွယ်ကလေးများအပြင် အသက် ၁၅ နှစ်နှင့် ၄၀ နှစ်အကြား အသုံးများကြောင်း၊ လူအသွားအလာနည်းသော နေရာများတွင် သုံးစွဲ ရာမှ ယခုခါတွင် လူမြင်ကွင်းများ၌ပင် အသုံးပြုမှုများကိုလည်း တွေ့ရှိလာရကြောင်းသိရသည်။

“ရှုးခင်းလာနဲ့ကမ်းနားလမ်းတွေမှာလည်း နေ့လည်ဖက်တွေ တွေမှာတောင် သုံးနေကြတာ တွေ့ ရတယ်။ နောက်ပြီး ရပ်ကွက်တွင်း အသွားအလာနည်းတဲ့နေရာတွေမှာလည်း တွေ့ရတယ်လို့ သိရတယ်။ ဒါဟာ ကလေးငယ်တွေရဲ့ ဘ၀ကိုဖျက်ဆီးနေသလိုဖြစ်နေတယ်။ အတုယူမမှား ကြဖို့ လိုတယ်”ဟုလည်း နိုင်ငံရေးသမား အသိုင်းအ၀ိုင်းမှ အသက် ၈၀ အရွယ် လူကြီးတစ်ဦးက ပြော ပါသည်။
မူယစ်ဆေးဝါးသုံးစွဲရာတွင် ဆေးခြောက်၊ အသင့်စားကွမ်း၊ ဆေးပြားကဲ့သို့ သောက်ဆေး၊ ရှုဆေး များအပြင် ထိုးဆေးများကိုလည်း အပြုနေကြကြောင်းသိရသည်။

 သို့သော်လည်း အဆိုပါမူယစ် ဆေးဝါးများရောင်းချခြင်းအား မဖမ်းဆီးနိုင်ခြင်းသည် လွန်စွာနားလည်ရခက်ကြောင်းနှင့် တိုင်း တစ် ပါးသို့ ပို့ဆောင်မှုများကိုသာ ဖမ်းဆီးနေခြင်းများတွေ့ရပြီး မူးယစ်ဆေးသုံးစွဲမှုဖြင့် ဖမ်းဆီးခံထား ရသူများကိုလည်း လွယ်လင့်တကူ ပြန်လွှတ်ပေးခြင်းနှင့် ပညာပေးလုပ်ရပ်များအလုပ်သည်မှာ သူခိုး အားပေးသလိုမျိုးဖြစ်နေသည်ဟုလည်း ပြောဆိုကြပါသည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး သယ်ယူသူများကိုလည်း အများအပြားဖမ်းဆီးရရှိခဲ့ပြီး စစ်တွေဆိပ် ကမ်းမှ ဘူးသီးတောင်သို့ အထွက်ခရီးသည်များထံမှ ဖမ်းဆီးရရှိမှုမှာ အများဆုံးဖြစ်သည်ဟုလည်း ရဲတပ်ဖွဲ့များထံမှသိရှိရပါသည်။

(သတင်း- မောင်စစ်တွေ)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ