Related Posts Plugin for WordPress, Blogger...

ရွှေပြည်သာတံတားပေါ် တွင် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ဒုတပ်ကြပ်အဆင့်ရှိရဲအား လှိုင်သာယာမြို့ နယ်တရား ရုံးမှ ထောင်ဒဏ်လေး နှစ်အမိန့်ချမှတ်ခဲ့ကြောင်း လှိုင်သာယာမြို့နယ် မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 ၂၀၁၃ သြဂုတ်လက ရွှေ ပြည်သာတံတားပေါ်တွင် ရဲတပ် သားတစ်ဦးက အသက်(၁၆)နှစ် အရွယ် အမျိုးသမီးငယ်တစ်ဦးကို အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့၍ ၎င်းအားလှိုင်သာယာ မြို့နယ် တရားရုံးက ဇွန်လ ၃ ရက် တွင်ထောင်ဒဏ်လေးနှစ် ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ၎င်းသည် လက်ရှိရဲစည်း ကမ်းဥပဒေအရ အင်းစိန်ထောင် တွင် ထောင်ဒဏ်တစ်နှစ် ကျခံ လျက်ရှိကြောင်း  သတင်းရရှိ သည်။

   ‘‘အခုချမှတ်တဲ့ အမိန့်က သင့်တော်တဲ့အမိန့်လို့ သုံးသပ်မိ ပါတယ်။ ဒါပေမဲ့ ဒီအမှုက သက် ငယ်မုဒိမ်းမှုပါပဲ။ အာဏာပိုင် ကကျူးလွန်တဲ့ အမှုဆိုတော့ ထိ ရောက်ဟန့်တားမှုမျိုး ဖြစ်သင့် တယ်။ နောက်ကောင်မလေးကို ကယ်ခဲ့တဲ့ ဆိုင်ကယ်သမားတွေ ကိုလည်း တာဝန်ဝတ္တရားနှောင့် ယှက်မှုနဲ့ ပြည်သူပိုင်ပစ္စည်းဖျက် ဆီးမှုတွေနဲ့ ပုဒ်မတပ်ပြီး အမှုရင် ဆိုင်နေတော့ ဒီအမှုအပေါ် သုံး သပ်ချင်တာက ဒီအမှုမှာ ဒီလူတွေသာ မကယ်ခဲ့ရင် ဒီလူတွေ ပြဿနာမဖြစ်ဘူး။  ကောင်မလေးကိုအဓမ္မပြုကျင့်တာ တာဝန်ထမ်းဆောင်နေတာလား။ လက်ပိုက်ကြည့်နေရမှာလား’’ ဟု တရားလိုဘက်မှ တရားလွှတ်တော်ရှေ့နေဦးအောင်သူရိန်ထွန်းကပြောသည်။

ဖြစ်စဉ်မှာ သြဂုတ် ၃၁ ရက် က လှိုင်သာယာမြို့နယ် ၂၀ ရပ် ကွက်အတွင်း နေထိုင်သူ အသက် (၁၆)နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးသည် ခင်ပွန်း ဖြစ်သူနှင့် နေအိမ်တွင် စကားများ ရန်ဖြစ်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် တညင်းကုန်းလမ်းဆုံသို့ သွားခဲ့ ရာ ရွှေပြည်သာတံတားပေါ် အ ရောက်တွင် ရဲတပ်သားတစ်ဦးက ၎င်းတို့ဆိုင်ကယ်ကို  တားဆီးခဲ့ သည်။

ထိုသို့ တားဆီးပြီး အမျိုးသမီးငယ်ကို ရဲကင်းတဲအတွင်းသို့ခေါ် သွားခဲ့သည်။   ရဲသုံးဦးရှိသည့်အ နက်တစ်ဦးက ဓာတ်မီးဝယ်ရန် ဆိုင်ကယ်  ကယ်ရီသမားအား လိုက်ပို့ခိုင်းစဉ်  ဆိုင်ကယ်စက်ပျက်သွားခဲ့၍  ကယ်ရီခတစ် ထောင်ပေးပြီး ပြန်လွှတ်ခဲ့သည်။ ထို့နောက် ကယ်ရီသမားသည် ဂိတ်ရှိအခြားသော ဆိုင်ကယ် ကယ်ရီမောင်း ငါးဦးကိုခေါ် ဆောင်ပြီး တံတားပေါ်သို့ ပြန် လည်လာရောက်ခဲ့ရာ ရဲကင်းတဲ အတွင်း ဒုတပ်ကြပ်ဖြစ်သူက အ မျိုးသမီးငယ်ကို အဓမ္မပြုကျင့်နေ ကြောင်း တွေ့ရှိခဲ့သည်။

 ထို့ကြောင့် ၎င်းတို့ငါးဦးက အမျိုးသမီးငယ်ကို  ကယ်ထုတ် စဉ်ခိုက်ရန် ဖြစ်ပွားခဲ့၍ ရဲကင်း ပျက်စီးခဲ့ရသည်။ အဆိုပါ ရဲကင်းပျက်စီးမှုဖြင့် ၎င်းတို့ကို ၀တ္တရားနှောင့်ယှက်မှုအပြင် ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုဖြင့် ဖမ်းဆီးအရေးယူထားသည်။ လက်ရှိတွင်၎င်းတို့မှာ လှိုင်သာယာမြို့နယ် တရားရုံး၌ အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။

7Day Daily

http://7daydaily.com/story/13190#.U5uzpCgVdnE

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ