Related Posts Plugin for WordPress, Blogger...

သူငယ်ချင်းရေ-
    လွှတ်တော်ကချွတ်ချော်တာတွေကတော့ ပြော မကုန်ဘူး။ အစိုးရအဖွဲ့ကတစ်လွဲတွေလုပ်နေလို့ လွှတ်တော်ကိုအားကိုးရမလား အောင့်မေ့တယ်။ လွှတ်တော်က ကိုသာစိုး၊ အစိုးရအဖွဲ့က မိုက်တီးတွေ များလွန်းလို့ ပြည်သူကစိတ်ညစ်နေတာ။ ညစ်ညစ် နဲ့ လွှတ်တော်ဘက်လှည့်ကြည့်တော့ နဲနဲတော့သက် သာတယ်ကွ။ ရီရတယ် ဝန်ကြီးတွေပုဆိုးလှန်ပြတာ မကြည့်ရဲတော့ လွှတ်တော် ဃံဗနြူ ကိုကြည့် လိုက်တော့ မပြုံးဘဲနဲ့ ဝါးလုံးကွဲရီချင်တယ် သူငယ်ချင်း ရဲ့...

    မရှိတာထက် မသိတာခက်ဆိုသလိုပါဘဲ သူ ငယ်ချင်းရေ မရှိတာက ဒီမိုကရေစီမသိတာက လွှတ် တော်အမတ်လို့ ပြောရမလိုတော့ဖြစ်နေပြီ၊ မင်းတို့ လွှတ်တော်ထဲမှာလေ ငယ်ငယ်ကရှင်မပြု ကိုရင်မ ဝတ်ခဲ့ရဘူးတဲ့ အမတ်တစ်ယောက်ရှိတယ်၊ ကိုရင် တောင်မဝတ်ခဲ့ဘူးတော့ ရှင်ပုည-ရှင်ဥာဏတို့ရှင် ကောဝိဒတို့ဆိုတဲ့ ဘွဲ့တွေဘာတွေ မရခဲ့ဘူးနဲ့တူတယ်။ ဘွဲ့ထူးဂုဏ်ထူးတအားလိုချင်တယ်။ လိုချင်ရှာမှာပါ။ သူ့ရှေ့မှာဘွဲ့ထူးဂုဏ်ထူးရှိတဲ့ အမတ်ကဗိုက်ကြီးလှန် ပြဟိုဟာလှန်ပြ ဒီဟာလှန်ပြနဲ့ စတားဖြစ်နေတော့ အတုမြင်အတတ်သင် မကောင်းတဲ့အကျင့်ဆိုတာ ချက်ခြင်းကူးတာ မဟုတ်လား။

    သူ့ကိုဘွဲ့ဂုဏ်ထူးပေးဖို့ အစီအစဉ့်ရှိမရှိသိချင် တယ်တဲ့ တိတ်တိတ်ပုန်းညောင်နှစ်ပင်မှာ နှစ်ရှည်လ များဖွဲ့စည်းပုံရေးဆွဲခဲ့ကြလို့တဲ့။ သူဆွဲခဲ့တဲ့ ဖွဲ့စည်းပုံမွှေချက်ကတော့ ကမ်း ကုန်ရောဘဲ။ အဲဒီ အမွှေ ဇယားကို ကြိုတင် ကြံစည်ရေးဆွဲ တယ်လို့ ဘာလို့ ပြောနိုင်တာလည်း သူငယ်ချင်း၊ ငါရှင်းပြ မယ် အဲဒီဖွဲ့စည်းပုံကကြိတ်ဝိုင်း ဆွဲထားတာ။ သူတို့ ရေးဆွဲကြ တုန်းက အဲဒီနားတဝိုက်မှာ ကာဖျူးထုတ် ထားသလား အောက်မေ့ရတယ်။ ဘယ်သူမှ သွားလို့မရဘူး။ အဲဒီ ညောင်နှစ်ပင်စခန်းထဲကို ဝင်ရင်ဂိတ်ဝမှာ ဟန်းဖုန်း၊ ကင်မရာ၊ ကားအကုန် ထားခဲ့ရတာ။ အကုန်လမ်းဆင်းလျှောက်၊ စည်းကမ်း တင်းကျပ်လွန်းတော့ အဲဒီထဲမှာ တာဝန်ကျတဲ့အ ရာရှိဝန်ထမ်း အကုန်အိမ်ပြန်ပြေးတာ တချို့ဆို အိမ်ထိလိုက်ခေါ်ရတာ၊ အိမ်မပြန်အောင်ွှုဠ၊ မာဆတ်၊ ဗီဒီယိုရုံ၊ အငြိမ့်၊ လိုချင်တာအကုန် အဲဒီ ဝင်းထဲထည့်ပေးထားရတာ၊ မြန်မာ့နိုင်ငံရေး မှာဒုက္ခ ပေးဖို့ ၁ဝနှစ်လောက်အချိန်ယူ ကြိုတင်ရေးဆွဲကြ ပေမယ့်လဲ လူထုလမ်းပေါ်ထွက်ရင် တစ်လမ ခံပါဘူး သူငယ်ချင်းရာ။ စဆွဲကတည်းက အဲဒီလောက် ဒုက္ခ ပေးတဲ့ဖွဲ့စည်းပုံ ခုထက်ထိလဲ အမွှေမရပ်သေးဘူး၊ အဲဒီဖွဲ့စည်းပုံကြောင့် သမ္မတရော လွှတ်တော် ဥက္ကဋ္ဌ ရော၊ ကာချုပ်ရော လူထုခေါင်းဆောင်ရော တစ် ချက်မှ အငြိမ်မနေရဘူး၊ ပြည်သူတွေလဲ ဒါကြီးကြောင့် စိတ်မချမ်းမြေ့ဖြစ်ကြရတယ်။ သွားလေသူကြီးက တော့ ယခုနိုင်ငံ့ခေါင်းဆောင်တွေ ဖင်ကြားထဲ ခဲညှပ် နေတာကို ကြည့်ပြီးငါလုပ်တာ ငါလုပ်တာဆိုပြီး တစ်ယောက် ထဲစာဖတ်ရင်းပျော်နေမှာ မြင်ယောင်မိ သေးတယ် သူငယ်ချင်း---

    ညောင်နှစ်ပင်ညီလာခံမှာ ၁ဝနှစ်ကြာ တက်ခဲ့ တာကို မဟာသူရဲကောင်းကြီးလုပ်ပြီး ဘွဲ့ထူးဂုဏ်ထူး လိုချင်နေသေးတဲ့ အမတ်မင်းကိုလည်း သနားမိတယ်။ အစိုးရစရိတ်နဲ့ သူများချက်ြေ<ွကးတာစား၊ ညောင်း ရင်မာဆတ်သွား၊ ပျင်းရင်ဗီဒီယိုကြည့်၊ အငြိမ့်ကြည့်၊ လစ်ရင်အိမ်ပြန်ပြေး၊ အဲဒီခြံဝန်းကြီးထဲမှာ ဇိမ်ခံခဲ့တဲ့ နှစ်တွေကို ဃဃွှဠ မှာပြန်ရှာပြီး ပြလိုက်ချင်တယ်၊ ငါတို့ပြည်သူတွေနည်းနည်းလိုသွားတယ်ကွ။

    ညောင်နှစ်ပင်ဝန်းထဲမှာ သူတို့ကိုဖျော်ဖြေဖို့ အ ငြိမ့်တွေဇာတ်တွေမလွှတ်ရဘူး၊ အမေ ရိကားက ဂျင်ဂျုန်းနဲ့အဖွဲ့ကိုလွှတ်ပေးရမှာ၊ အဲဒီညောင်နှစ်ပင် စခန်းတည်ထောင်ထားတဲ့ ပုံစံက အမေရိကန် ဘာ သာရေး ခေါင်းဆောင်ဂျင်ဂျုန်းရဲ့စခန်းနဲ့တစ်ပုံစံ တည်း မြို့နဲ့ဝေးပြီး လူသူမနီးတောစပ်မှာ ဘယ်သူမှ လဲဝင်ထွက်ခွင့်မရှိ ဂျင်ဂျုန်းကို ယုံကြည်သူတွေ နောက်လိုက်တွေစုနေကြတာ ဂျင်ဂျုန်းပြောသမျှယုံ၊ ခိုင်းတာလုပ်ပြီး နောက်ဆုံးအဆိပ်ခွက် ကိုယ်စီ သောက်ပြီး အဆုံးစီရင်လိုက်ကြတယ် သူငယ်ချင်း-

    ညောင်နှစ်ပင်ညီလာခံထဲ ဂျင်ဂျုန်းလွှတ်လိုက် ခဲ့ရင် ဒီကနေ့ မြန်မာနိုင်ငံကို ၅၉(စ)အတွက် လမ်း ပေါ်ထွက်စရာမလိုတော့ဘူး၊ ဒိုင်းနမိုက်ဖွဲ့စည်းပုံဆို တာ ဘာကြောင့်တင်စားခေါ်ဝေါ်ရတာလဲသိလား အဲဒီဖွဲ့စည်းပုံကြောင့် တိုင်းပြည်ဟာ ဒိုင်းနမိုင်းနဲ့ ခွဲ လိုက်သလို အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားနိုင်တာ ကြောင့် ရူပကအလင်္ကာနဲ့ ပေါက်ကွဲပြိုကျစေမဲ့ သ ဘောတရားနှစ်ခုကို ထပ်တူပြုထားတာပါ။

    သူငယ်ချင်းရေ-
    ဒိုင်းနမိုက်တီထွင်ခဲ့တဲ့ အဲဖလက်နိုဘယ်က သူ့ ကြောင့်လူတွေသေကြေကြရတယ်ဆိုပြီး သူ့ရဲ့စည်းစိမ် ဥစ္စာတွေရောင်းချမတည်ကာ လူသားအကျိုးပြုလုပ် ငန်းတွေအတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို တည် ထွင်ပေးခဲ့တယ်။ မင်းတို့လွှတ်တော်ထဲက အမတ်က ဖွဲ့စည်းပုံကိုသူတို့ရေးဆွဲမိခဲ့တဲ့အတွက် ပြည်သူ တွေ ဒုက္ခရောက်နေတာကို နောင်တမရတဲ့ အပြင် ဘွဲ့ထူးဂုဏ်ထူးပါ တောင်းနေသေး တယ်။ ဒိုင်းနမိုက်ကြောင့် လူတွေသေကြကျေကြသလို ဒီဖွဲ့စည်းပုံ မပြင်လို့ပြ ဿနာတွေတက်ပြီး လူတွေ ဘယ်လောက်သေကျေအုံး မှာလဲ သူငယ်ချင်း-

    မသိတာတော့ တော်တော်ကိုမသိတာနော်၊ ဘယ်လောက်အထိ မသိသလဲဆိုရင် သူဘယ်လို လွှတ်တော်အမတ်ဖြစ်လာသလဲ ဆိုတာတောင်သိမှာ မဟုတ်ဘူး၊ နိုင်ငံရေးတရားလဲ ဘယ်နှစ်ခါမှဟော ဘူးမှာမဟုတ်ဘူး၊ ဒီမိုကရေစီဆိုတာ အဝိုင်းလား လေးထောင့်လားလဲ သိမှာမဟုတ်ဘူး ဒို့ရွာမှာ ကျောင်းဆရာမရှိလို့ ဆွဲခန့်ထားတဲ့မူလတန်းပြ ဆွဲ ခန့်ကျောင်းဆရာလေးလောက်တောင် အဲဒီဆွဲခန့်အ မတ်က အထူအပါးနားမလည်ဘူး၊ တကယ်ဆိုရင်အဲ ဒီဖွဲ့စည်းပုံဆွဲခဲ့မိလို့ အဆိပ်သောက်တာ တို့ဆွဲကျိုးချ တာ တို့လုပ်လိုက်ရင်တောင် နိုင်ငံကျော်မကဘူး ကမ္ဘာကျော်သွားမှာ၊နာမည်ကြီးဖို့လုပ်ရာမှာ နည်းလမ်း မမှန်တော့ ပေါ်ပြူလာမဖြစ်ဘူး နည်းလမ်းလေးပေး လိုက်ပါအုံး သူငယ်ချင်းရာ-

    အနည်းဆုံတော့ ပြည်သူ့အပေါ်မှာ ကိုယ်ပြုမိ ခဲ့တဲ့မှားယွင်းတဲ့ ဖွဲ့စည်းပုံရေးဆွဲမှုကြောင့် လွှတ်တော် အမတ်ကနှုတ်ထွက်ပြီး သာသနာ့ဘောင်အပြီးတိုင် ဝင်ရောက်သွားပါပြီဆိုရင် နောက်တစ်နေ့ ဂျာနယ် မျက်နှာဖုံးမှာ ကျိန်းသေပါလာမှာ၊ လိုသေးတယ်။ သိတ်လိုသေးတယ်။ ကိုယ်စားနေတာ ဘာလဲကိုယ် သိဖို့လိုတယ်။ ချေးလား ငှက်ပျောလား မခွဲခြားတတ် ဘဲနဲ့အထက်လွှတ်တော်အမတ် အောက်လွှတ်တော် အမတ်တက်လုပ်နေကြတော့ မြန်မာနိုင်ငံ ရေးက ပဲခူးရေကြီး သလိုဖြစ်နေတယ်လို့ ငါကာတွန်းဆရာတစ်ယောက်နဲ့ လက်ရာ ထဲက စကားလုံးကို ယူသုံးရရင် ပဲခူးရေ ကြီးတော့ ဘာဖြစ်သလဲ၊ ရေကြီးတော့  အိမ်ခေါင်ပေါ်ခွေးတွေရောက်နေတာ ပေါ့ကွာတဲ့။ ငါကတော့ အဲဒီဥပမာကို မကြိုက်ပါဘူး။ မင်းတို့အားလုံး လွှတ် တော်ထဲကို ရောက်နေတာ ပြည်သူတွေက အတင်းအကျပ် အကူအညီတောင်းလို့ အားနာပါး နာနဲ့ လုပ်ပေးနေကြရတာ တစ်နိုင်ငံလုံး အသိဘဲ   ဥစ္စာ-  နော်
            မင်းရဲ့
အရမ်းသန်းညွန့်

ပြည်သူ့ဆန္ဒဂျာနယ်အတွဲ(၂)အမှတ်စဉ်(၃)
http://www.thithtoolwin.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ