
“ငါကတော့ နင့်ကိုအရမ်းလှတယ်ထင်ထားတာငါအတော်အသုံးမကျတဲ့ ကောင်ပဲ။ ဘာလို
့လဲဆိုတော့ ပြင်ထား တဲ့ ဓာတ်ပုံထဲမှာတွေ့ ရတဲ့ နင့်ကိုသိပ်ချောတယ်လို
့ထင်ထားခဲ့ တာကိုး “
အထက်ပါစကားများကိုပြောကြားခဲ့သူကတော့စင်ကာပူကမက်အန်ထော်နီဆိုသူဖြစ်ပါသည်။
သူနှင့်အချိန်ကြာစွာဖေ့စ်ဘွတ်မှာအွန်လိုင်းရည်စားဖြစ်နေသောမိန်းကလေးကို
ဈေးဝယ်စင်တာတစ်ခုမှာလွန်ခဲ့ သောနှစ်ရက်ခန့်က သူကဆုံခဲ့ပါသည်။
အန်ထော်နီ၏
ရည်းစားကဖေ့စ်ဘွတ်နှင့်တွစ်တာအွန်လိုင်းစာမျက်နှာမှာနာမည်ကြီးတစ်ယောက်ဖြစ်သည်။
ထိုမိန်းကလေး၏ လှပသောဓာတ်ပုံများကြောင့်
ကျော်ကြားပြီးအန်ထော်နီနှင့်အွန်လိုင်းမှတစ်ဆင့် ရည်းစားဖြစ်ခဲ့ကြသည်။
သူတို့ နှစ်ယောက်က နေရာအလှမ်းဝေးသဖြင် တရားဝင်ချစ်သူများဖြစ်သည့်
တိုင်အောင် တစ်ယောက်နှင့်တစ်ယောက်အပြင်မှာတော်တော်နှင့်မဆုံဖြစ်ကြ။
ထိုမိန်းကလေးက ၃၆၀ ကင်မရာကိုအမြဲသုံးပြီး
သူ့ဓာတ်ပုံများကိုလှပနေအောင်ဆွဲဆောင်မှုရှိအောင်လုပ်ထားကာ အွန်လိုင်းပေါ်က
လူအတော်များများကိုလှည့်စားထားသူဖြစ်သည်။ ထိုနည်းကလူတွေကို စိတ်ဝင်စား
ဆွဲဆောင်သည့်နည်းဟုမိန်းကလေးကထင်သည်။
ထိုအထဲမှာမှာကံဆိုးသူမောင်ရှင်ကမက်အန်ထော်နီဖြစ်ပါသည်။
လေးလကြာအောင်အဝေးကနေချစ်သူတွေဖြစ်ကြပြီးနောက် နောက်ဆုံးမှာလူချင်းတွေ
့ခဲ့ကြ၏။ တွေ့ တွေ့ ချင်းသူ၏ အွန်လိုင်းရည်းစား၏ ပကတိမျက်နှာကိုတွေ
့လိုက်ရသောအခါ အန်ထော်နီမှာ အလွန်စိတ်ပျက်ကာကြောက်ရွံ့အံသြသွားရပါသည်။
မိတ်ကပ်တွေမျက်နှာအပြည့်လိမ်းထားသည့်တိုင် သူ့
ရည်းစားမှာရုပ်ဆိုးလှပါချေတကား။
ထိုကဲ့ သို့ တွေ့ ပြီးသည့်အခါ
အန်ထော်နီမှာအော်ဟစ်ငိုယိုပေါက်ကွဲကာမိန်းကလေးနှင့် လမ်းခွဲပြီးသည်နှင့်
ဈေးဝယ်စင်တာ၏ လေးထပ်မှ နေပြီးခုန်ချအဆုံးစီရင်သွားပါတော့သည်။
အရေးပေါ်ကားများရောက်လာသည့်အခါတွင် အန်ထော်နီ၏ အသက်မမှီတော့။
ပွဲချင်းပြီးကွယ်လွန်ခဲ့ပါသည်။ သူကျသည့်အရှိန်မှာပြင်းသဖြင့် အသက်ရှင်ဖို
့မလွယ်ဟု ဆရာဝန်များက ကောက်ချက်ချပါသည်။
သနားစရာကောင်းသည့်အန်ထော်နီအဖြစ်ကိုလူအတော်များများကတွေ့ ခဲ့ပါသည်။ ရဲများက
ဖြစ်ရပ်ကိုစုံစမ်းကြည့်သည့်အခါ
ရာနှုန်းပြည့်ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါ၏။
(the real Singpore မှ သတင်းကိုဘာသာပြန်ဆိုထားပါသည်)
7Day DAILY
0 comments