Related Posts Plugin for WordPress, Blogger...

 မူလခြေတော်ရာအစိတ်အပိုင်းဟု ယူဆရသည်မျာကို ဖူးတွေ့ရစဉ်
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်အတွင်းရှိ  ရွှေစက်တော်ဘုရား  အောက်ခြေတော်ရာ အား ဖန်အုပ်ဆောင်းဖြင့် အသစ်လဲရန် ပြင်ဆင်ရာမှ  ဇွန် ၅ ရက် နံနက်ပိုင်းက မူလခြေတော် ရာ၏ အစိတ်အပိုင်းဟု ယူဆရသည့် ကျောက်သားနှင့် ထွင်းထုထားသော နဂါးအမြီးပိုင်းသဏ္ဌာန်နှစ်ခု တွေ့ရှိခဲ့ ကြောင်း လုပ်ငန်းခွင်အတွင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်များထံမှ သိရသည်။
မန်းချောင်းရေတက်ချိန်တွင် အောက်ခြေတော်ရာအား ရေလွှမ်းလေ့ရှိသောကြောင့်  ယခင်နှစ် များ က ပွဲတော်ချိန်ပြီးသည်နှင့် ယင်းခြေတော်ရာအား သံအုပ်ဆောင်းဖြင့် အုပ်ထားလေ့ရှိကြောင်း ထို့ကြောင့် ပွဲတော်ချိန်ပြင်ပ လာရောက်သောဘုရားဖူးများ အောက်ခြေတော်ရာအား ဆယ့်နှစ်ရာသီဖူးမြော်နိုင်ရန် သံအုပ် ဆောင်းအစား ဖန်အုပ်ဆောင်းဖြင့်လဲရန် ပြင်ဆင်နေစဉ် အဆိုပါအစိတ်အပိုင်းကို တွေ့ခဲ့ကြောင်း ဂေါပက အဖွဲ့ဝင်များနှင့် ကိုယ်တိုင်ဖူးတွေ့ခဲ့ရသူများထံမှ သိရသည်။
“သံအုပ်ဆောင်းရဲ့နှုတ်ခမ်းသားအောက်ခြေက ရေမဝင်အောင်ကာထားတဲ့ အဝိုင်းစည်းတွေကိုခွာဖို့ ဖောက် စက်နဲ့ ထိုးလိုက်တုန်း အခုဖူးတွေ့နေရတဲ့ ခြေတော်ရာရဲ့ ဝဲဘက်အောက်ခြေနားမှာ နဂါးအမြီးပိုင်းလို အစိတ် အပိုင်းနှစ်ခုနဲ့ ကြေးရောင်နတ်ခေါင်းပုံစံမျိုးလေးတွေ တွေ့ခဲ့ရတာပါ တွေ့ ပြီးပြီးချင်း ဂေါပက အဖွဲ့ဝင်တွေက ချက်ချင်းပြန်အုပ်ခိုင်းထားပြီး နောက်နေ့မှာ လုံခြုံရေးတွေနဲ့ လာစောင့်နေပါတယ်” ဟု ဖန်အုပ်ဆောင်း တပ် ဆင်ရေး လုပ်ငန်းခွင်မှ ကိုယ်တိုင်ဖူးတွေ့ခဲ့ရသူတစ်ဦးက ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ The Daily Eleven သတင်းစာက ရွှေစက်တော်ဘုရား ဂေါပကဥက္ကဌ ဦးမျိုးမြင့်နှင့် တွေ့ဆုံမေးမြန်းခဲ့ရာ “အပြင်မှာပြောသလို ခြေတော်ရာပုံစံတူတွေ့တယ်ဆိုတာ မဟုတ်ပါဘူး ကောလာ ဟလတွေပါ အခုအပြင်မှာ ဖူးတွေ့နေရတဲ့ ခြေတော်ရာလိုမျိုး အစိတ်အပိုင်းပါ မိုးရွာလို့ ရေကျလာ ရင် လုပ်ငန်းတွေမပြတ်မှာစိုးလို့ လုပ်ငန်းခွင်ဝင်နေတဲ့အချိန်ဖြစ်တာကြောင့် ဘုရားဖူးလာသူတွေ ထိခိုက်မိ တာမျိုး လုပ်ငန်းခွင်အတွက်လည်း နှောင့်နှေးမှာမျိုးတွေဖြစ်မှာစိုးလို့ အပြင်လူတွေမဝင်ဖို့ တားထားရတာပါ”ဟု ပြောကြားခဲ့သည်။
အောက်ခြေတော်ရာအား ဖန်အုပ်ဆောင်းဖြင့် လဲလှယ်ရန်လုပ်ငန်းများ မစတင်မီက ရွှေစက်တော် ဘုရား အနီး နမ္မဒါကျေးရွာမှ အသက်ကြီးသူများအား ခြေတော်ရာနှင့် ပတ်သက်၍ တာဝန်ရှိသူများမှ မေးမြန်းခဲ့ စဉ်က ဘိုးဘွားများလက်ထက်ကတည်းက ယခုဖူးတွေ့နေရသော အောက်ခြေတော်ရာမှာ မူလခြေတော် ၏ အပေါ်မှ ငုံထားသည်ဟု ဖြေဆိုမှုများရှိခဲ့ကြောင်း ရွှေစက်တော်ပွဲတော်ချိန်တွင် လာရောက်ကြသော ဘုရားဖူးအချို့မှ ယခင်နှစ် ၅ဝ ခန့်က ၎င်းတို့ ဖူးတွေ့ခဲ့ရသော အောက်ခြေတော်ရာမှာ ယခုဖူးတွေ့နေရသော အနေ အထားထက် အနည်းငယ်နိမ့်သည်ဟု မေးမြန်းမှုများရှိခဲ့ကြောင်း အောက်ခြေတော်ရာအနီး နေထိုင်သူ များထံမှ သိရသည်။
 
http://shwenaingan.blogspot.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ