Related Posts Plugin for WordPress, Blogger...

မိနစ် ၉၀ မှာ ဘရားဇီးက ၁ ဂိုး ထပ်မံသွင်းယူပြီး ၂၀၁၄ခုနှစ် ကမ္ဘာဖလားပွဲ ဖွင့်ပွဲမှာ ၃ဂိုး ၁ဂိုးနဲ့ အနိုင်ယူသွားပါတယ်။

မိနစ် ၇၀ မှာ ဘရားဇီးက ပယ်နယ်တီ ကန်ခွင့်ရပြီး တဂိုး ထပ်မံရသွားပါတယ်။ ဘရားဇီး အသင်းရဲ့ ဂိုး ၂ ဂိုးစလုံးကို နာမည်ကြီးနေတဲ့ နံပါတ် (၁၀) နေမာက သွင်းယူခဲ့တာဖြစ်ပါတယ်။

၂၈ မိနစ်အကြာမှာ ဘရာဇီးအသင်းက တဂိုးပြန်သွင်းလိုက်လို့ သရေဖြစ်ပါပြီ

၂၀၁၄ခုနှစ် ကမ္ဘာဖလားပွဲ စတင်ပြီး ၁၁ မိနစ် အကြာမှာ ခရိုးအေးရှား က ဘရားဇီးကို  တဂိုးသွင်းလိုက်ပြီး ဖြစ်ပါတယ်။ ဘရားဇီး 3 - ခရိုအေးရှား 1

----------------------------------------------------------------------------

ဘရာဇီးလ် ၃ - ၁ ခရိုအေးရှား

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲအဖြစ် ယှဉ်ပြိုင် ကစားကြတဲ့ အိမ်ရှင် ဘရာဇီးလ်နဲ့ ဥရောပ ခရိုအေးရှား အသင်းတို့ရဲ့ ပွဲစဉ် ပြီးဆုံးသွားပြီး ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းက ဘရာဇီးလ်ပီပီ တစ်ဦးချင်း ခြေစွမ်းခြေစကို ပြသ တိုက်စစ်ဆင် ကစားသွားနိုင်သလို ခရိုအေးရှား အသင်းကလဲ သွက်လက်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့ မြန်မြန်ဆန်ဆန် အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံးက စိတ်လှုပ်ရှားစရာ အပြည့် ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မထင်မှတ်တဲ့ အခြေအနေမှာ ခရိုအေးရှားအသင်းက ပင်နယ်တီ ပေးလိုက်ရပြီး ပွဲရဲ့ အနေအထားက လုံးဝ ပြောင်းလဲသွားပါတယ်။ ဘရာဇီးလ်ဖက်က ဟန်ဆောင်လှဲချတယ်လို့ ယူဆလို့ ရတဲ့ အနေအထားမှာ ပင်နယ်တီ ပေးခံရတဲ့အတွက် ခရိုအေးရှားတွေ စိတ်ဓာတ်ပျက်ပြားသွားပုံ ရပါတယ်။ ၂ ဂိုး ၁ ဂိုး အနေအထားမှာ ပွဲက အေးစက်စက် ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်း မိနစ် ၉၀ (နေမာလူစားလဲ ထွက်သွားပြီး) မှာ နံပါတ် ၁၁ အော်စကာက ၂၂ ကိုက် အကွာကနေ ကန်သွင်းယူပြီး တတိယဂိုး သွင်းယူကာ ဘရာဇီးလ်တွေဟာ အနိုင်နဲ့ ထိုက်တန်ကြောင်းကို ပြသခဲ့ပါတယ်။

BBC Burmese


Posted by Arakan News on 6/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ