Related Posts Plugin for WordPress, Blogger...

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်
 နည်းပညာဝန်ကြီး ဌာနမှ နေပြည်တော်
အင်ဂျင်နီယာ ချုပ် တာဝန် ထမ်း ဆောင်
နေသော ဦးသန်းထွန်း (ယခင်မြန်မာ့ဆက်
သွယ်ရေးလုပ်ငန်း၊ ဧရာဝတီတိုင်း လက်ထောက်
အထွေထွေ မန်နေဂျာ)၊ AE ဦးသန်းအုန်း၊


AE ဒေါ်ဆွေ မာတို့အား ကျပ်သိန်း(၃၀၀၀)ကျော် အလွဲသုံးစား ပြုလုပ် သည် ဟုဆိုကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရေ ကြည်မြို့နယ်မှ စက်မှု(၄)ဦးနိုင်ဝင်း ၏ တိုင်ကြားထားမှုကို မေလ(၁)ရက်နေ့တွင် ဧရာဝတီတိုင်း ဆက်သွယ်ရေးရုံး၌ သက်ဆိုင်ရာဝန်ကြီးဌာနမှ လာ ရောက်စစ်ဆေး ခဲ့သည်။

အဆိုပါတိုင်ကြားထားသော တိုင်ကြားစာတွင် ယခုနေပြည် တော်အင်ဂျင်နီယာချုပ်ဖြင့်တာဝန် ယူနေသော ဦးသန်းထွန်းသည် ဧရာဝတီတိုင်းတွင် လက်ထောက် အထွေထွေမန်နေဂျာအဖြစ် တာဝန် ယူစဉ်ကာလ ၂၀၀၈-၂၀၀၉ခုနှစ်၊ ပုသိမ်ခရိုင် အင်ဂျင်နီယာ ဒေါ်ဆွေ မာ၊ မြို့နယ်တွင်း ကေဘယ်လ်လိုင်း ဌာနမှ AE ဦးသန်းအုန်း တို့နှင့် ပေါင်းကာ တယ်လီဖုန်းကျသင့်ငွေများ ပိုမိုတောင်းခံခြင်းများ အပါ အ၀င် ဌာနပိုင်ကေဘယ်လ်ကြိုးများ ရောင်းစားခြင်းစသည်ဖြင့် ကျပ်သိန်းပေါင်း (၃၀၀၀)ကျော်အား အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း၊ ဌာန အတွက် မိမိ စိုက်ထုတ် ထားသော ငွေကြေးများအား ပြန်မပေးသည့် အပြင် မိမိအားအလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ မဟုတ် မမှန် လီဆယ်တိုင် ကြားခြင်း ဖြစ်ပါက တရားဥပဒေအရ အရေးယူခံပါမည်ဟု ၀န်ခံကတိပြု ထားကာ မိမိ အလုပ်မှ ထုတ်ပယ်ခံရ သဖြင့် ဂုဏ်သိက္ခာညှိုးနွမ်းသိမ်ငယ် နေသောကြောင့် ဖြစ်စဉ်အားပြန် လည်စစ်ဆေး ပြီး မိမိတွင်အပြစ် မရှိပါက တာဝန်ပြန်လည်ထမ်း ဆောင်ခွင့်ပြုပါရန်တို့ ပါဝင်သည်။…

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုသိမ်ခရိုင်အင်ဂျင်နီယာ(ယခု တိုင်း အင်ဂျင်နီယာ) ဒေါ်ဆွေမာအား ဆက်သွယ် မေးမြန်းရာ ““ကျွန်မကို တော့ စနေနေ့က နေပြည်တော်က အဖွဲ့လာစစ်ပါတယ်။ ဆရာဦးသိန်း ထွန်းကိုတော့ စစ်ပြီးပြီလား သေချာ မသိရသေးပါဘူး။ ကျွန်မကတော့ ကိုယ်ဘာမှ မလုပ်ထားဘူးလို့ ပြော လိုက်တယ်။ နောက်ငွေပမာဏက လည်း ကျွန်မတို့အနေနဲ့တွက်ရင် အရမ်းများနေတယ်။ ကေဘယ်လ် ကြိုးကလည်း ရောင်း မယ်ဆိုရင်တောင် ၀ယ်မယ့်လူမရှိဘူး။ ကျွန်မ တို့ဆီမှာပိုနေတာအများကြီး။ သက်သက်သိက္ခာချချင်လို့ တိုင်တာ ပါ။ တိုင်ကြားစာတွေကို ၀န်ကြီးဌာနကို ပြန်လွှဲထားတော့ ဌာနကပဲလာစစ်တာပါ။ တိုင်တဲ့လူကိုတော့ ကျွန်မ ဘက်က ဘာမှပြန်မလုပ်ပါဘူး”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

အလွဲသုံးစားမှုအား တိုင်ကြားသူ ရေကြည်မြို့နယ် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ စက်မှု-၄ (ဟောင်း) ဦးနိုင်ဝင်း အားမေးမြန်းရာ ““အဲဒီနေ့က နေပြည်တော်က အဖွဲ့ ခရီးသွားဟန်လွှဲ ၀င်နားတာ မျိုးပဲ ရှိတယ်၊ ကျွန်တော့်ကိုခေါ် ယူစစ်ဆေးတာမျိုးမရှိဘဲ ပြန်သွား တာ၊ ကျွန်တော်က လာစစ်စေချင် တာပါ။ ဒါမှအကုန် ပေါ်သွားမှာလေ။ သူတို့တွေကတော်တော်လုပ်ခဲ့တာ”” ဟု ပြန်လည်ပြော ဆိုသည်။

အဆိုပါတိုင်ကြားစာကို ဧပြီ လ (၂၂)ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ဆက်သွယ်ရေး နှင့်သတင်းအချက် အလက် နည်း ပညာဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ လာဘ်ပေးလာဘ် ယူပပျောက်ရေး ကော်မရှင်တို့သို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

ရဲရင့်ထွန်း(ပုသိမ်)
Myanmartandawsint Newspaper

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ