Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၅

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်တွင် နယ်ခြားမှတ်တိုင် သတ်မှတ်ရာ၌ ဒေသခံများအကြား အငြင်းပွားမှု ဖြစ်နေသော ပြဿနာကို တရုတ်အစိုးရနှင့် ပြေလည်စွာ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။

အဆိုပါ နယ်ခြား မှတ်တိုင်များသည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ် အနီးတွင် နှစ်နိုင်ငံ ပူးတွဲ ဖွဲ့စည်းထားသော နယ်နိမိတ် သတ်မှတ်ရေးအဖွဲ့က မေလ ၂၇ ရက်မှ ၃၁ ရက်နေ့အထိ ကွင်းဆင်း စစ်ဆေးပြီး နယ်ခြားမှတ်တိုင် စိုက်ထူခဲ့သော်လည်း နမ့်ခမ်းမြို့နယ် ကုန်ဆာရွာအနီးတွင် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်ခဲ့သော လယ်ယာမြေများ တစ်ဖက်နယ်နိမိတ်အတွင်း ပါဝင်သွားသောကြောင့် ဒေသခံများက နယ်ခြား မှတ်တိုင်များကို မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

နယ်ခြားမှတ်တိုင်များသည် နယ်နိမိတ်စာချုပ်နှင့် မြေပုံတွင် ပါရှိသည့် နယ်နိမိတ်မျဉ်းကို အခြေခံကာ စိုက်ထူခြင်း ဖြစ်ပြီး ဒေသခံများ၏ နယ်နိမိတ် သွယ်တန်းမှု ကျော်လွန် စိုက်ပျိုးမှုများကို နှစ်ဖက်အစိုးရများက ပြေလည်အောင် ညှိနှိုင်း ဖြေရှင်းမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒေသခံတွေကို နားလည် သဘောပေါက်အောင် သေချာရှင်းပြပြီး အသိပညာ ပေးတာတွေ လုပ်မှာပါ” ဟု ဦးရဲထွဋ်က ဆိုသည်။

အဆိုပါ နယ်ခြားမှတ်တိုင် သတ်မှတ်ပြီးနောက်တွင် မြန်မာနိုင်ငံပိုင် နမ့်ခမ်းမြို့နယ် အတွင်းရှိ ကျေးခွန်ရွာပိုင် မြေဧက ၃၀ ကျော်၊ ကုန်ဆာရွာပိုင် မြေဧက ၇၀၀ ကျော်နှင့် မန့်နောင်ရွာပိုင် မြေဧက ၃၀ ကျော် တရုတ်နိုင်ငံဘက်သို့ ရောက်ရှိသွားကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ နယ်ခြားမှတ်တိုင်များ စိုက်ထူထားခြင်းနှင့် ပတ်သက်ပြီး နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ တင်ပြထားပြီး အစိုးရက ဒေသခံများကို ရှင်းလင်း ညှိနှိုင်းမည်ဟု ထုတ်ပြန် ကြေညာချက်ကို ကြိုဆိုကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD ပါတီ) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဆိုသည်။

“စိုက်ပျိုးမြေကို ထိခိုက်နိုင်တယ်ဆိုရင် အရင်ဆုံး ဒေသခံတွေကို ခေါ်တွေ့ပြီး ရှင်းပြတာတွေကို လုပ်သင့်တာပေါ့။ အခုတော့ ထင်ယောင်ထင်မှား ဖြစ်ပြီး ပြဿနာတွေ တက်တော့တာပေါ့” ဟု ၎င်းကဆိုသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်နိမိတ် စာချုပ်ကို ၁၉၆၀ ပြည့်နှစ်တွင် ပထမဆုံးအကြိမ် ချုပ်ဆိုခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံချုပ်ဆိုခဲ့ကာ ၁၉၉၀ ခုနှစ်တွင် နှစ်နိုင်ငံ နယ်နိမိတ်ကို နောက်ဆုံးအကြိမ် ပူးတွဲ စစ်ဆေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ စာချုပ်များကို အခြေခံပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်ခြားမှတ်တိုင် စုစုပေါင်း ၆၂ တိုင်ကို ယာယီ စိုက်ထူထားခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ဗဟိုအစိုးရများအကြား ပူးတွဲ ဖွဲ့စည်းထားသော ကော်မတီ အဆင့်ဆင့်တွင် ညှိနှိုင်းပြီးမှသာ အပြီးသတ် အတည်ပြုချက် ရယူမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ