Related Posts Plugin for WordPress, Blogger...

ပညာရေးဝန်ကြီးဌာန သည် တက္ကသိုလ်ဆရာ၊ ဆရာမ များ ရာထူးတိုး၊ ပြောင်းရွှေ့ရေး ဆောင်ရွက်ရာတွင် ကျင့်သုံးသော မူဝါဒများကို ဆရာ၊ ဆရာမများ သို့ ပထမဆုံးအကြိမ် အသိပေး၍ သဘောထား ဆန္ဒတောင်းခံ လိုက် သည်။

တက္ကသိုလ်၊ ကောလိပ်၊ ဒီ ဂရီကောလိပ်များရှိ ဆရာ၊ ဆရာမ များ၏ နေရာအပြောင်းအရွှေ့ နှင့် ရာထူးတိုးအတွက် အငြင်း ပွားမှုများဖြစ်ပေါ်နေပြီးနောက် ရာထူးတိုး ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒများကို ဆရာ၊ ဆရာမများ အား အသိပေးရှင်းလင်းကြောင်း အဆင့်မြင့်ပညာရေး ဦးစီးဌာန (အောက်မြန်မာပြည်)က အ ကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ပါမောက္ခ၊ တွဲဖက်ပါမော က္ခ၊ ကထိကနှင့် အောက်ရာထူး များအတွက် ရာထူးတိုးပြောင်း ရွှေ့မှုဆိုင်ရာမူဝါဒများကို ဆရာ၊ ဆရာမများအား ပြသခဲ့ပြီး သ ဘောထားမှတ်ချက်များ တောင်းခံနေကြောင်း တက္ကသိုလ်ဆရာ၊ ဆရာမများက ပြောသည်။

‘‘အရင်က ဆရာ၊ ဆရာမ တွေ ရာထူးတိုးနဲ့ နေရာအပြောင်း  အရွှေ့အတွက် တစ်ခါမှ ဒီလိုချ ပြတာမရှိသေးဘူး။ အခုမူဝါဒတွေဝေပြီးတော့ သဘောထားဆန္ဒ တွေ တောင်းခံနေတယ်။ ပြီးတဲ့ ကျောင်းတွေကို ဖက်စ်အမြန်ပို့ ခိုင်းနေတယ်တဲ့’’ဟု ဒဂုံတက္က သိုလ်ဆရာ၊ ဆရာမများအသင်းမှ ဆရာတစ်ဦးကဆိုသည်။

တက္ကသိုလ်ဆရာ၊ ဆရာမ များ၏ ရာထူးတိုးနှင့် နေရာ ပြောင်းရွှေ့သော ကြေညာချက် သတ်မှတ်ချိန်တွင် ထွက်ပေါ်လာ ခြင်းမရှိသောကြောင့် ဆရာ၊ ဆရာမများ၏ မကျေနပ်မှုကြီး ထွားနေချိန်၌ မူဝါဒထွက်ရှိလာ ပြီး သဘောထားဆန္ဒများ အလျင်အမြန် တောင်းခံနေခြင်းဖြစ် သည်။

‘‘တန်းစီဇယားရေးဆွဲရေးမူ မှာ သုတေသနလုပ်ဆောင်မှုနဲ့ အရည်အချင်းကို ထည့်သွင်းစဉ်း စားဖို့ အကြံပြုထားတယ်။ လုပ် သက်တွေပဲ ကြည့်နေရင် ဘာအ ရည်အချင်းမှ မရှိဘဲ အိပ်စောင့် နေရင်း ပါမောက္ခဖြစ်လာမှာပေါ့။ ရာထူးတိုးတွေမှာ ပါမောက္ခရဲ့ ထောက်ခံအမှတ်ပေးခိုင်းတာကို သဘောမကျဘူး။ ဘက်လိုက်မှု တွေများတယ်။ အဲ့ဒီအစား ရာထူး တိုးမယ့်သူရဲ့ ကိုယ်ပိုင်အရည် အချင်းတစ်ခုချင်းစီ အပေါ်မှာ အမှတ် သတ်မှတ်ပေးစေချင် တယ်’’ဟု ရေနံချောင်းဒီဂရီကော လိပ်မှ ဆရာမတစ်ဦးက ပြော ကြားသည်။

တက္ကသိုလ် ဆရာ၊ ဆရာမ များအတွက် ရာထူးတိုးပြောင်း ရွှေ့မှုဆိုင်ရာမူဝါဒများကို တစ် ကြိမ်တစ်ခါမှ ချပြဖူးခြင်းမရှိဘဲ ပထမဆုံးအကြိမ်ချပြခဲ့ပြီးနောက် တက္ကသိုလ်ဆရာ၊ ဆရာမများ အသိုင်းအ၀ိုင်းတွင် ဝေဖန်ပြော ဆိုမှုများ ပြင်းထန်နေကြောင်း သိရသည်။

‘‘၀န်ထမ်းဆိုတာ နယ်ပြောင်းရမယ်ဆိုတာ မှန်တယ်။ ဒါပေ မဲ့ နယ်တွေမှာ သူ့ရာထူးနဲ့ ကိုက်ညီတဲ့ နေရာထိုင်ခင်းပေးဖို့ တော့ လိုလိမ့်မယ်။ အခုက နယ်မှာ ရဲဘော်လိုင်းခန်းထက် စုတ်ပြတ်တဲ့ နေရာမျိုးပေးတာ။ ထမင်း၊ ဟင်းချက်စရာနေရာမရှိ လို့ အပြင်ဘက် ကော်ရစ်ဒါမှာ တန်းစီပြီးထွက်ချက်ကြရတာ။ ဒါ တွေကြောင့် ဆရာ၊ ဆရာမ တွေ နယ်မပြောင်းချင်ကြတာပါ။ ၀န် ထမ်းဖြစ်ပြီး မြို့ပေါ်မှာပဲ နှပ်ချင် ကြတာ မဟုတ်ပါဘူး’’ဟု နယ်မြို့ တစ်မြို့တွင် တာဝန်ကျနေ သော ဆရာမတစ်ဦးကပြောသည်။

ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်၊ ကောလိပ်များသို့ ဆရာ၊ ဆရာမများ ပြောင်းရွှေ့ ရပါက အနည်းဆုံးတာဝန်ထမ်း ကာလအနေဖြင့် ရန်ကန်နယ်မြေ တက္ကသိုလ်များ၊ မန္တလေးနယ်မြေ တက္ကသိုလ်များ၊ ပြည်တက္ကသိုလ် နှင့် ပဲခူးတက္ကသိုလ်တို့အတွက် သုံးနှစ်၊ အခြားတက္ကသိုလ်၊ ကော လိပ် ၁၇ ခုအတွက် ၂ နှစ်နှင့် စစ် တွေ၊ မြစ်ကြီးနား၊ တောင်ကုတ် စသည့် ဝေးလံသော ဒေသများမှာ တက္ကသိုလ် ၁၁ ခုအတွက် တစ် နှစ်သတ်မှတ်ထားသည်။

Author: နေလင်းထွန်း
7Day Daily

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ