Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၁၂

သံဃာတော်များနှင့် လူများကို အင်အားသုံးဖယ်ရှားကာ ချိတ်ပိတ်လိုက်သော မဟာသန္တိသုခကျောင်း တိုက်တွင် မင်္ဂလာဆောင်ရန် ငွေပေးသွင်းထားသူများကို ဇွန်၁၂ရက်နေ့မှ စတင်ပြီး ငွေများပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း ယင်းကျောင်းတိုက်၏ အုပ်ချုပ်ရေးမှူး ဗိုလ်မှူး(ငြိမ်း) ဦးတင်ရွှေက ပြောကြားသည်။

ယင်းကျောင်းတိုက်၌ မင်္ဂလာဆောင်ရန်နှင့် အခြားအခမ်းအနားများ အတွက် စရံငွေများပေးသွင်းထားသော လူများကို ကျောင်းချိတ်ပိတ်ခဲ့သဖြင့် မင်္ဂလာပွဲများဆက်လက်မပြုလုပ်နိုင်ကြောင်း ပြောဆိုပြီး ၎င်းတို့ပေးသွင်းထားသော ငွေများကို ပြန်လည်ပေးနေကြောင်း၎င်းကဆိုသည်။
“ ဒီနေ့တစ်ယောက်ဖုန်းဆက်ပြီး ငွေလာထုတ်လို့ပေးလိုက်ပါတယ်၊ မနက်ဖြန် ၁၀နာရီကနေစပြီး ကျွန်တော်တို့ ဆက်သွယ်ပြီးပိုက်ဆံတွေပြန်ပေးမှာပါ၊ ကျွန်တော်တို့လဲ ဘယ်လိုမှ မတက်နိုင်တဲ့အတွက် ငွေပြန်ပေးတာပါ”ဟု ဦးတင်ရွှေက ပြောကြားသည်။

မဟာသန္တိသုခတွင် မင်္ဂလာဆောင်ရန် တစ်ပတ်လျှင် အနည်းဆုံး၎ပွဲခန့်ရှိပြီး ယခုလတွင် ၈ပွဲခန့် မင်္ဂလာဆောင်ရန် ခန်းမကြိုတင်စာရင်းပေးသွင်းထားကြောင်း၊ ယခုနှစ်တစ်နှစ်ပတ်လုံးအတွက် မဟာသန္တိသုခကျောင်းတွင် မင်္ဂလာဆောင်ရန် ခန်းမကြိုတင်စာရင်းပေးထားသူများစွာရှိကြောင်း မဟာသန္တိသုခထံမှ စုံစမ်းသိရှိရသည်။

ယခုလ ၁၁ ရက်နေ့တွင်မဟာသန္တိသုခချိတ်ပိတ်လိုက်သဖြင့် အခြားဘုန်းကြီးကျောင်းတစ်ကျောင်းတွင် ကျင်းပနိုင်ရန်စီစဉ်ရခြင်း၊ ဖိတ်စာတွင် မင်္ဂလာဆောင်မည့်နေရာအပြောင်းအလဲအတွက် ဖုန်းမှ SMSများပေးပို့ခြင်း၊ viberမှ နေရာပြောင်းလဲခြင်း မက်ဆေ့များပေးပို့ခြင်းအပြင် နေရာပြောင်းလဲကြောင်း စာရွက်များရိုက်ပြီး မိတ်ဆွေများထံပေးပို့ရခြင်းများ ပြုလုပ်ခဲ့ရကြောင်း ညီမဖြစ်သူ၏ မင်္ဂလာပွဲကျင်းပရန် ၃ရက်အလိုတွင် အရေးပေါ်နေရာပြောင်းရွှေ့ရခြင်းခြင်းနှင့်ပတ်သက်၍
ဦးကြည်ရွှေကပြောကြားသည်။

“ မဖြစ်သင့်တာဖြစ်သွားပေမယ့် တက်နိုင်သလောက် သတို့သမီး စိတ်ချမ်းသာအောင် လိုက်စီစဉ်နေပါတယ်၊ မင်္ဂလာပွဲဖြစ်မြောက်အောင်ကိုသာ အာရုံစိုက်နေတဲ့အတွက် မဟာသန္တိသုမကို ဒေါသထွက်ဖို့အချိန်မရသေးဘူး” ၎င်းကဆိုသည်။

ဇွန်လ ၁၁ရက်ညပိုင်းတွင် မဟာသန္တိသုခကျောင်းတွင် သတင်းသုံးနေသော သံဃာတော်၇ပါးနှင့် ကျောင်း၌ ဝေယျာဝစ္စလုပ်ကိုင်သူ ၃၂ဦးကို ရဲအင်အားတစ်ထောင်ဖြင့် ဖယ်ရှားခဲ့ကြောင်း၊အဆိုပါ ကျောင်းတိုက်ကိုဝိနည်းနှင့်မညီဘဲ သံဃာတော်များနှင့် ကျူးကျော်နေသူများကြောင့် ချိတ်ပိတ်ခဲ့ကြောင်း သာသနာရေးဝန်ကြီးဌာနမှ သာသနာရေးအကြံပေး ဦးအံမောင်က ပြောကြားသည်။

အိမွန်ကျော်
People power

Posted by Arakan News on 6/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ