Related Posts Plugin for WordPress, Blogger...

အမေရိကန်နိုင်ငံ အိုရီဂွန်ပြည်နယ် ၀ုဒ်ရွာ
မှာ ဇွန် ၁၀ ရက်နေ့မှာ သေနတ်သမား
တယောက်က ရေးနော့တ် အထက်
တန်းကျောင်းကို ပစ်ခတ်ခဲ့လို့ ကျောင်းသား
 ၁ ဦးအပါအ၀င် ၄ ဦး သေဆုံးခဲ့ပါတယ်။


ဒါဟာ အမေရိကန် ပညာရေးပရ၀ုဏ်ထဲမှာ ၃ ပတ်အတွင်း ၃ ကြိမ်မြောက် သေနတ်ကိုင်အကြမ်းဖက်မှု ဖြစ်ပါတယ်။

ပစ်ခတ်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူနဲ့ တခြားဘယ်သူမှ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ရဲတွေက ပြောပါတယ်။

အခင်းဖြစ်ပုံကို ကျောင်းသား တင်မ် ဇာဘတာ (Tim Zabata) က “ကျောင်းသားတယောက်က သေနတ်သံကြားတော့ တယောက်ယောက်က ဗျောက်အိုးဖောက်ပြီး နောက်တယ်လို့ထင်ခဲ့တာ။ အဲဒီနောက် သူတို့က စအော်ပြီး ၀ပ်နေခိုင်းတယ်။ အဲဒီတော့မှ ကျနော်တို့ အားလုံး အသည်းအသန် ဖြစ်ခဲ့တာ” လို့ ပြောပါတယ်။

ပစ်ခတ်မှု စတင်တာနဲ့ တပြိုင်နက် ကျောင်းရဲ့ လုံခြုံရေးစနစ်အရ တကျောင်းလုံး ပိတ်ကျသွားပြီး ဥပဒေအာဏာတည်ရေးနဲ့ အရေးပေါ်အဖွဲ့ဝင်တွေက တခန်းဝင် တခန်းထွက် ကျောင်းသားတွေကို ကယ်ထုတ်ခဲ့ရပါတယ်။

သံသယရှိသူနဲ့ သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာ ရဲတွေက မထုတ်ပြန်သေးပါဘူး။ ဒီကျောင်းမှာ ကျောင်းသားပေါင်း ၂၈၀၀ ကျော် ပညာသင်နေတာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘားရတ်အိုဘားမားကတော့ လက်နက်ထိန်းချုပ်ရေး ကန့်သတ်ချက်ကို ဥပဒေမပြုနိုင်တဲ့အတွက် သမ္မတတယောက်အနေနဲ့ စိတ်အပျက်ရဆုံး ကိစ္စတွေထဲက တခုဖြစ်ကြောင်း ဒီဖြစ်ရပ်အပြီး ပြောပါတယ်။

နိုင်ငံတွင်း လက်နက်ထိန်း ချုပ်ရေး သတ်မှတ်ချက်ကို ပြဋ္ဌာန်းဖို့ ပျက်ကွက်မှုအတွက် ကိုယ့်ကိုယ်ကိုယ် ရှက်သင့်တယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စဟာ တပတ်တခါနှုန်းနဲ့ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာနေပြီလို့လည်း သမ္မတ အိုဘားမား က ဆိုပါတယ်။

ဒီပစ်ခတ်မှုဟာ ၂၀၁၂ ဒီဇင်ဘာက နယူးတောင်း ပစ်ခတ်မှုကနေစပြီး ၇၄ ကြိမ်မြောက် ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုဖြစ်တယ်လို့ မြို့တိုင်းသေနတ်ဘေးကင်းရေး အဖွဲ့က ဆိုပါတယ်။ ဒီအဖွဲ့ဟာ တင်းကျပ်တဲ့ လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ဥပဒေတွေ ပြဋ္ဌာန်းဖို့ လှုံ့ဆော်နေတာပါ။

သမ္မတ အိုဘားမားဟာ နယူးတောင်းပစ်ခတ်မှုပြီးတည်းက လက်နက်ထိန်းချုပ်ရေးဥပဒေ ပြဋ္ဌာန်းဖို့ အောက်လွှတ်တော် ကွန်ဂရက်ကို ဆွဲဆောင်ဖို့ ကြိုးစားနေခဲ့တာပါ။

အမေရိကန်ဟာ ဒီလုပ်ရပ်ကို ခွင့်ပြုတဲ့ ကမ္ဘာ့ တခုတည်းသော နိုင်ငံ ဖြစ်ကြောင်း၊ ဒီအရေးနဲ့ ပတ်သက်ပြီး လှုပ်ရှားဖို့ ကွန်ဂရက်ကို တွန်းအားပေးရေး ပြည်သူ့အမြင်ကို ပြောင်းအောင် လုပ်မယ်လို့လည်း အိုဘားမားက ပြောပါတယ်။

DVB (မြန်မာပိုင်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ