Related Posts Plugin for WordPress, Blogger...

သာသနာရေးဦးစီးဌာနနဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့
တို့ ပူးပေါင်းပြီး ရန်ကုန်တိုင်း၊ တာမွေမြို့
နယ်၊ နတ်ချောင်းရပ်ကွက်ရှိ “မဟာသန္တိသု
ခကျောင်းတော်ကြီး””ကို အင်အားသုံးဝင်ရောက်
စီးနင်း သိမ်းပိုက်ကာ ကျောင်းရှိသံ
ဃာတော်တွေကို အလိုမတူဘဲ အတင်းအကျပ်

ခေါ်ဆောင်သွားပြီး ကျောင်းကို ချိပ်ပိတ်လိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

“ဤဖြစ်ရပ်မှာ ဗုဒ္ဓဘာသာထွန်းကားသောနိုင်ငံတစ်ခုတွင် လွန်စွာအကျည်းတန်ရုပ်ဆိုး လှသည်။ မဟာသန္တိသုခ ကျောင်းတော်ကြီး၏ ပဓာနနာယကဆရာတော်ဘုရားကြီး ပြည်ပ သာသနာပြု ခရီးကြွရောက်နေစဉ် အချိန်ကိုက် အင်အားသုံးဖယ်ရှားသည် မရိုးမဖြောင့်ဟု ယူဆသည်။ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့အနေဖြင့်လည်းကောင်း၊ သာသနာဝန်ကြီးဌာန အနေဖြင့်လည်းကောင်း သဘောထား အမျှော်အမြင်ကြီးစွာ ဖြေရှင်းရမည့်အစား ယခုကဲ့သို့ အင်အားသုံးဖယ်ရှားခဲ့ခြင်းအပေါ် ကျွန်ုပ်တို့ အနေဖြင့် အလေးအနက်ကန့်ကွက်လိုက်သည်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုဖြစ်ရပ်အတွက် နိုင်ငံတော်သံဃမဟာနာယက နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့မှာ တာဝန်ရှိသလို ပြည်ထောင်စုအစိုးရတွင်လည်း တာဝန်မကင်းဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် နောက်ဆက်တွဲအနေနဲ့ ဆန့်ကျင်မှုတွေ၊ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း၊ ဘာသာရေးကိစ္စဟာ အလွန်သိမ်မွေ့တဲ့အတွက် တက်နိုင်သမျှ အညင်သာဆုံးနဲ့ တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း ကြေညာချက်က ဆိုပါတယ်။

DVB (မြန်မာပိုင်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ