Related Posts Plugin for WordPress, Blogger...

မကွေးမြို့ ရန်အောင်ရပ် ကွက် ၁၄ လမ်း အိမ်
အမှတ် ၃၅၈ တွင် အသက် ၇၃ နှစ်ရှိ အဘွား
အိုတစ်ဦးအား ဓားဖြင့်ထိုးသတ်ကာ ဝတ်ဆင်
ထားသော ရွှေထည်ပစ္စည်းများအား ချွတ်ယူ


သွားသည့် ဖြစ်ရပ် ဇွန် ၃ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ် က ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မကွေးမြို့ ရန်အောင် ရပ် ၁၄ လမ်း၊ အိမ်အမှတ် ၃၅၈ နေ ဒေါ် လုံးတင် ၇၃ နှစ်သည် တစ်ဦးတည်းရှိစဉ် မွန်းလွဲ ၁ နာရီခန့်တွင် သမက်ဖြစ်သူ ကိုနေ လင်းအောင်က နေအိမ်သို့ပြန်ကာ နံနက် စာအတွက် ဟင်းသွားယူရာ ဒေါ်လုံးတင် က အိမ်သို့ သက်နိုင်ဦးလာကြောင်း၊ အိမ် ထဲလှည့်ပတ်ကြည့်ရှုပြီး ပြန်ထွက်သွားကြောင်း ကိုနေလင်းအောင်အား ပြောသည်။

ကိုနေလင်းအောင်သည် ဆိုင် ပြန်သွားပြီး ဇနီးဖြစ်သူ ခင်သီတာအောင်ကို အကျိုးအကြောင်းပြောပြရာ ခင်သီတာ အောင်သည် ထမင်းမစားဘဲ အိမ်ပြန်သွား ပြီး အဘွားဖြစ်သူအား ဘယ်သူလာလာတံ ခါးဖွင့်မပေးရန် ပြောပြီး ခြံတံခါးကိုသော့ ခတ်၍ ပြန်လာခဲ့သည်။

ကိုနေလင်းအောင်က မိမိဆိုင် ၌ အကြော်ဆရာလုပ်နေသော ကိုဝင်းဌေး ၂၆ နှစ်ကို အဘွားဖြစ်သူအား စိတ်မချသဖြင့် အိမ်ပြန်အနားယူရန် လွှတ်လိုက်သည်။ နေ အိမ်သို့ ကိုဝင်းဌေးရောက်သောအခါ သက် နိုင်ဦးဆိုသူအား သွေးများပေကျံနေသော ဓားတစ်ချောင်းကို ကိုင်လျက်တွေ့ရကာ သူ့ ကိုမြင်သောအခါ သက်နိုင်ဦးသည် ဓားကို လွှင့်ပစ်ပြီး ခြံအပြင်ထွက်သွားကြောင်း၊ ကို ဝင်းဌေးက အိမ်ထဲမဝင်တော့ဘဲ ဆိုင်သို့ ပြန်လာကာ အကျိုးအကြောင်းဖြစ်စဉ်များ ကို ကိုနေလင်းအောင်တို့လင်မယားအား ပြောပြသည်။

ကိုနေလင်းအောင်တို့လင်မယား အိမ်သို့ချက်ချင်းသွားရောက်ကြည့်ရှုသည့် အခါ အိမ်ထဲရှိဆန်အိတ်ပုံဘေး၌ ဒေါ်လုံး တင်မှာ သွေးများဖြင့်လဲကျနေသည်ကိုတွေ့ ရပြီး ဒေါ်လုံးတင်၌ဝတ်ထားသော တစ်ကျပ် သား၊ စပလိန်လက်စွပ်တစ်ကွင်း၊ ကျောက် နီတစ်မတ်သားလက်စွပ်တစ်ကွင်းနှင့် နား တစ်ဖက်ပြတ်နေသောကြောင့် အခြားနား တစ်ဖက်ကိုကြည့်ရာ နားတွင်ဝတ်ဆင်ထား သည့် သုံးပဲသားခန့်နားကပ်တစ်ဖက်ပါသွား ကြောင်း၊ အိမ်အတွင်းရှိသေတ္တာများအား ပလာယာနှင့်ကိုက်ဖြတ်ထားသော ခြေရာ လက်ရာများတွေ့ရကြောင်း၊ ဒေါ်လုံးတင် ၇၃ နှစ်မှာလည်း ဓားဒဏ်ရာဖြင့်သွေးထွက်လွန် ကာ သေဆုံးနေကြောင်း သိရသည်။

ဒေါ်လုံးတင်အား ဓားဖြင့်ထိုး သတ်သွားသည့် သက်နိုင်ဦး ၂ဝ နှစ်(ဘ) ဦး စိန်နိုင်ဆိုသူမှာ အလုပ်အကိုင်အတည်တကျ မရှိ လေလွင့်လူငယ်တစ်ဦးဖြစ်ကြောင်း ခင် သီတာအောင်၏ခင်ပွန်း ကိုနေလင်းအောင် ထံမှသိရပြီး သက်နိုင်ဦးမှာ သေဆုံးသူ ဒေါ် လုံးတင်၏ခင်ပွန်းဟောင်း၏မြေးဖြစ်ကြောင်း သိရသည်။

ယင်းလူသတ်မှုနှင့်ပတ်သက်၍ မကွေးနယ်မြေရဲစခန်းက (ပ)၁၅၃၊ ပြစ်မှု ပုဒ်မ ၃ဝ၂/၃၉၂ ဖြင့်အမှုဖွင့်ကာ လူသတ် တရားခံအား ဖမ်းဆီးရမိရေးအတွက် အပူတ ပြင်းရှာဖွေလျက်ရှိကြောင်း သိရသည်။

Flower News Journal
Yangon Media Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ