Related Posts Plugin for WordPress, Blogger...

မောင်တောနယ်စပ်ဒေသရှိ ပုဂ္ဂလိက
ဘဏ်ခွဲများတွင် လာရောက်ငွေသွင်း၊
 ငွေလွှဲပို့နေသူများထံမှ တစ်သောင်း
တန် ငွေအတုများကို တွေ့ရှိရမှုများ
လာကြောင်း သတင်းရရှိသည်။



“မနေ့ကငွေ သိန်းသုံးဆယ် ဘဏ်မှာသွားလွှဲတာ တစ်သောင်းတန်အတု သုံးရွက်တွေ့ပါတယ်။ ကျွန်တော်တို့ ဆိုင်သည် တွေက ငွေကောက်လို့ရှိရင် ပေးတဲ့အတိုင်းယူလာပြီး ဘဏ်မှာသွားလွှဲတာဖြစ်တဲ့အတွက် ကိုယ်တို့စစ်ဆေးတာ မရှိသလောက်ပါဘဲ။ အခုလိုမျိုးတစ်သောင်းတန်အတုတွေ များလာတာကြောင့် ငွေကိုသေချစစ်ဆေးယူဖို့ လိုလာပါပြီ။” ဟု ကုန်မျိုးစုံရောင်းသည့် အရောင်းဆိုင်သည်တစ်ဦးက ပြောပြသည်။

မောင်တောနယ်စပ်ဒေသတွင် ငါးထောင်ကျပ်တန်ငွေစက္ကူများ အသစ်ပေါ်သည့်အချိန်က ငါးထောင်တန်အတုများ များပြားစွာတွေ့ရှိခဲ့ပြီး တစ်သောင်းတန်ငွေစက္ကူပေါ်လာချိန်တွင် ငါးထောင်တန်အတုများမှာ ပျောက်သွားကြောင်း၊

ယခင် တစ်သောင်း တန်အတုများကို မတွေ့ရဘဲ ယခုဇွန်လမှစတင်ကာ တစ်သောင်းတန်အတုများ တစ်ရက်လျှင် ဆယ်ရွက်ထက်မနည်း ဘဏ်ထဲသို့ ၀င်လာကြောင်း၊ စက္ကူကောင်းမွန်သည့်အတွက် အတုအစစ်ခွဲခြားရန် ခက်ခဲသော်လည်း အရောင်မှာ သိသိသာသာကွဲပြားကြောင်း ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပြသည်။

မကြာသေးမီရက်ပိုင်းအတွင်းကလည်း ဆံသဆိုင်တွင် ဆံပင်ညှပ်ရန် လာရောက်သူ ဘင်္ဂလီတစ်ဦးမှ ဆံပင်ညှပ်သူအား တစ်သောင်းတန်ငွေစက္ကူတစ်ရွက်ပေးခဲ့ရာ ဆံပင်ညှပ်သူမှ ကုန်ဆုံဆိုင်တစ်ဆိုင်သို့သွားရောက် တစ်သောင်းတန်ကို ငွေအကြွေဖြင့် လှဲလှယ်ခိုင်းခဲ့ရာ ကုန်စုံဆိုင်သည်မှ တစ်သောင်းတန်ငွေအတုဖြစ်ကြောင်း ပြန်လည်ပေးအပ်လိုက်ရာ ဆံပင်ညှပ်သူမှ ဆံပင်ညှပ်ရန် လာရောက်သူ ဘင်္ဂလီအားပြန်လည် လှဲလှယ်ခိုင်းခဲ့ရာ အဆိုပါငွေကို တာကာငွေလှဲလှယ်သည့်ဆိုင်မှ ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ တစ်သောင်းတန်ငွေအတုများ ဘဏ်များတွင် မကြာခဏတွေ့ရှိနေမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ရန်လိုအပ်နေပြီဖြစ်ပြီး သုံးစွဲသူများမှာ အတုအစစ်မခွဲခြားတတ်သည့်အတွက် လွန်စွာအန္တရာယ်ရှိကြောင်း ဆိုသည်။

Western Gate Guard

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ