Related Posts Plugin for WordPress, Blogger...

ထိုင်းနိုင်ငံအရှေ့ပိုင်း လရောင်းခရိုင်ထဲ
မှာ အလုပ်ရှင်နှိပ်စက်လို့ လှေပေါ်ကနေ
 ပင်လယ်ထဲ ခုန်ချခဲ့တဲ့ မြန်မာ အလုပ်
သမား ၂ ဦးကို ဖမ်းဆီးရမိတယ်လို့


ထိုင်းနိုင်ငံထုတ် ဖတ်ထယားဒေးလီးနျူးစ် သတင်း မှာ ဖော်ပြသွားပါတယ်။

ခရိုင်ရေလမ်းထိန်းသိမ်းရေးဗဟိုဌာနရဲ့ သတင်းပေးချက်အရ ပင်လယ်ထဲမှာ မျောနေတဲ့ အမျိုးသား ၂ ဦးကို သွားရောက်ကယ်ဆယ်ခဲ့တာလို့ အမှတ် ၁ ရေကြောင်းတပ်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ၀ီရဖန်း ဆုခ်ကွန့် က ဇွန်လ ၂၃ ရက် ညနေပိုင်းမှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။

သူတို့ကို ကယ်ဆယ်ရေးသင်္ဘောက တွေ့ရှိခဲ့တဲ့နေရာဟာ လရောင်းခရိုင် မာတာဖွတ်စက်မှုဇုန် အပိုင် ကမ်းစပ်နဲ့ ၂ မိုင်လောက်ဝေးတဲ့ ပင်လယ်ပြင်ဧရိယာထဲမှာဖြစ်ကြောင်း ၊ အချိန် ၂ နာရီကြာ ရှာဖွေ ကယ် ဆယ်ရေးလုပ်ခဲ့ပြီး ဗူး ၁ လုံးစီကို ဖက်တွယ်မျောပါနေတဲ့ သူတို့ဟာ ကယ်ဆယ်ရေးလှေအဖွဲ့ကိုအဝေးကနေ လက်လှမ်းမြှောက်ပြခဲ့တယ်လို့ ဆိုပါတယ်။

ကုန်းပေါ်ရောက်ပြီး နွမ်းနယ်နေတဲ့ သူတို့ကို ရှေးဦးသူနာပြုစုပြီး သီရိခေတ်ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း၊ စစ်ဆေးမေးမြန်းချက်အရ သူတို့ ၂ ဦးဟာ ကိုခင်နိုင် (၂၀ နှစ်) နဲ့ ကိုချူး (၂၆) နှစ်တို့ဖြစ်ပြီး ချွန်းပူးရီးခရိုင် ဆတဟိပ် လှေဆိပ်ကနေ ငါးဖမ်းလှေပေါ် ရောက်ခဲ့ကြောင်း၊ လှေပေါ်မှာ ကျွန်လိုခိုင်းစေခံရပြီး နှိပ်စက်တဲ့အတွက် ကြာရင် အသတ်ခံရမှာစိုးလို့ လူတွေအိပ်နေတဲ့အချိန် လှေပေါ်ကနေ ခုန်ချခဲ့တာလို့ တာဝန်ရှိ သူတွေကို ဖြေကြားသွားပါတယ်။

ဒီလဆန်းပိုင်း ၈ ရက်နေ့ကလည်း ဖူးကစ်ခရိုင် အန်ဒါမန်ပင်လယ်ပြင်မှာ အလုပ်သမား ၃ ဦး ငါးဖမ်းလှေပေါ်က ခုန်ချခဲ့ပြီး ၁ ဦးကိုဘဲ ထိုင်းအာဏာပိုင်တွေက အသက်ကယ်တင်နိုင်ခဲ့ကာ ၂ ဦး ပျောက်ဆုံးခဲ့ပါတယ်။

DVB (မြန်မာပိုင်း)

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ