Related Posts Plugin for WordPress, Blogger...

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် မလ
ကျွန်းကျေးရွာရှိ ကိုယ်ဝန်ဆောင်မိခင်လေး
ဦးသည် အသက်မဲ့ကလေးငယ်များကို
 မွေးဖွားခဲ့သဖြင့် ယင်းကျေးရွာအနီးတွင်
တည်ဆောက်ထားသော သဘာဝ


ဓာတ်ငွေ့စက်ရုံက စွန့်ပစ်ပစ္စည်းများကြောင့်ဖြစ်သည်ဟု စွပ်စွဲခဲ့ပြီး ဓာတ်ငွေ့စက်ရုံထွက် အညစ်အကြေးများနှင့် ပတ်သက်၍လည်း စစ်ဆေးပေးရန် တောင်းဆိုလိုက်ကြသည်။

ပြီးခဲ့သည့် ၂၀၁၃ နိုဝင်ဘာအတွင်းက ကိုယ်ဝန်ဆောင်မိခင်လေးဦးသည် ကလေးအသေများကို မွေးဖွား ခဲ့ပြီး နောက်တွင်အဆိုပါကျေးရွာအနီးရှိ ဓာတ်ငွေ့သန့်စင် စက်ရုံမှထွက်သော စွန့်ပစ်ပစ္စည်းများကို ဆိုးကျိုး ရှိမရှိ စစ်ဆေးပေးရန် မလကျွန်း ဒေသခံများက တောင်းဆိုလျက်ရှိသည်ဟု ကျောက်ဖြူမြို့ အမျိုးသားလွှတ် တော် ကိုယ်စားလှယ် ဦးဘရှင်ကပြောသည်။

“အနံ့အသက်တွေလည်း နေ့စဉ် ဆိုးဆိုးရွားရွားနံတယ်၊ ရေဆိုးတွေစွန့်ပစ်တဲ့ ပင်လယ်ကမ်းခြေမှာလည်း ငါးတွေ သေတာတွေ့တယ်။ ကျွန်တော်တို့က အဲဒီပင်လယ်ပြင်မှာ ငါးဖမ်းရတာ” ဟု မလကျွန်း ဒေသခံ ကိုစိုးမြင့်က မဇ္ဈိမကိုပြောသည်။

မြန်မာ-တရုတ်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့်သွယ်တန်းရန် ကျောက်ဖြူ သဘာဝဓာတ် ငွေ့လုပ် ကွက်များမှထွက်သော သဘာဝဓာတ်ငွေ့များကို ဓာတ်ငွေ့သန့်စင်စက်ရုံတွင် ဓာတ်ငွေ့သန့်စင်ရခြင်းဖြစ် သည်။

ထိုဓာတ်ငွေ့သန့်စင်စက်ရုံမှ ထွက်သော ရေဆိုးနှင့် စွန့်ပစ်ပစ္စည်းများကိုမူ ပိုက်လိုင်းများဖြင့်သယ်ဆောင်ပြီး ပင်လယ်ထဲသို့ စွန့်ပစ်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကိုယ်တိုင်သွားစစ်ဆေးကြည့်တယ် ပညာရှင်မဟုတ်တော့ တကယ်ဆိုးကျိုးရှိလား မရှိဘူး လားမပြောနိုင်ဘူး၊ ဒါကို လွှတ်တော်ကိုတော့ တင်ပြဖို့ရှိတယ်” ဟု ကျောက်ဖြူမြို့နယ် အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဘရှင်ကပြောသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကို ၂၀၀၉ ခုနှစ်က မြန်မာအစိုးရနှင့် တရုတ်အမျိုးသား ကော်ပိုရေး ရှင်း  (CNPC) တို့ သဘောတူမှု လက်မှတ်ရေးထိုးပြီး အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ဇူလိုင် ၂၈ ရက်က သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို တရားဝင်ဖွင့်လှစ်ခဲ့ပြီးတရုတ်နိုင်ငံသို့ပို့လွှတ်လျက် ရှိသည်။
သတင်း Mizzima News  myanmar
ဓါက်ပုံ နိရဉ္စရာသတင်းဌာန

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ