Related Posts Plugin for WordPress, Blogger...

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ထဲမှာ
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး တရား
မ၀င် အလုပ်သမားတွေ ၀င်ရောက်ရှာဖွေ
ကာ ကျူးကျော်ရပ်ကွက်က နေအိမ် ၉ လုံး
ကိုလည်း ဖျက်ဆီးသွားပါတယ်။



ချင်းမိုင်မြို့ ၀ပ်ပါပေါဝ့် ရှမ်းဘုန်းကြီးကျောင်းနဲ့တကွ ကျောင်းတိုက်အနောက်က လူနေအိမ်ခြေနဲ့ အလုပ်သမားတန်းလျားတွေကို ထိုင်းနဲ့ စစ်တပ် ပူးပေါင်းတပ်ဖွဲ့တွေက  ဒီကနေ့ ၀င်ရောက် စစ်ဆေးသွားတာ ဖြစ်ပါတယ်။

အင်အား ရာနဲချီရှိတဲ့ စစ်တပ်နဲ့ ရဲတွေဟာ ဒီကနေ့မနက် ၆ နာရီကျော်ကလောက်ကတည်းက  ရပ်ကွက်တွင်း နေရာအနှံ့မှာ နေရာယူထားပြီး တချို့အာဏာပိုင်တွေက တအိမ်တက်ဆင်း လက်မှတ်လိုက်စစ်တယ်လို့ ကျောင်းတိုက် အနောက်မှာ  အိမ်ဆိုင်ဖွင့်ထားသူ ရှမ်းတိုင်းရင်းသား  စိုင်းမိုင်းက ပြောပါတယ်။

အာဏာပိုင်တွေက စစ်ဆေးရေးမလုပ်ခင်၊ ရပ်ရွာလုံခြုံရေးနဲ့ ဒုစရိုက်မှုတွေ နှိမ်နင်း ဆောင်ရွက်နေတဲ့ သူတွေကို ကူညီဖို့နဲ့  မှတ်ပုံတင်တွေ ကိုင်ဆောင်ပြီး မိမိအိမ်ရှေ့မှာ စောင့်နေဖို့ အသံချဲ့စက်နဲ့ အရင်ကြေညာခဲ့တဲ့အကြောင်း၊ မနက် ၁၁ နာရီကျော်ထိ  ရှာဖွေစစ်ဆေးမှုတွေ လုပ်ပြီး တရားမ၀င် အလုပ်သမားတွေကို  ကားနဲ့ အပြည့်တင်ဆောင်သွားတယ်လို့ ပြောပါတယ်။

ဖမ်းသွားတဲ့ အလုပ်သမားစုစုပေါင်း ဘယ်လောက်ရှိလဲဆိုတာမသိရပေမယ့် သူ့အိမ်ဘေးက အစားအစာရောင်းတဲ့ဆိုင်မှာတော့ မြန်မာပြည်ကလာတဲ့ အစားအစာ၊ မုန့်ထုတ်တွေ ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ခံ အစာနဲ့ဆေးဝါးဌာနက ဘေးကင်းကြောင်း ထောက်ခံချက် မရှိလို့ ဆိုပြီး ဆိုင်ရှင်ကိုပါ ခေါ်သွားတယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေက ကျောင်းဝင်းထဲမှာပဲ လိုက်ကြည့်ပြီး ကျောင်းပေါ်တော့ မတက်သလို သံဃာတော်တွေကိုလည်း မဖမ်းဆီးဘူးလို့ ၀ပ်ပါပေါဝ့် ဘုန်းကြီးကျောင်းက ဦးဇင်းတပါးက မိန့်ပါတယ်။

ဝပ်ပါပေါဝ့် ဘုန်းကြီးကျောင်းဟာ ရှမ်းလူမျိုးနဲ့တကွ မြန်မာပြည်က အလုပ်သမားတွေ သာရေးနာရေးကိစ္စနဲ့ အမြဲလာရောက်ဆုံဆည်းတဲ့ ကျောင်းတိုက်တခု ဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရပိုင် တီဗွီသတင်းမှာတော့  ထိုင်းနိုင်ငံ စစ်အုပ်ချုပ်ရေးကာလတွင်း စည်းစနစ်ရှိပြီး နေချင်ဘွယ်ကောင်းသော လူမှုအသိုင်းအ၀ိုင်း တည်ဆောက်ဖို့ ဒီကနေ့ ချင်းမိုင် ဒုခရိုင်ဝန် နိုင်းချန ဖိုင်းဖိပွန်း ဦးဆောင်ပြီး  စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်၊ တာဝန်သိပြည်သူ  ၅၀၀ ကျော်နဲ့  ပတ်ဝန်းကျင်သန့်ရှင်းရေး အစီအစဉ်တခု ပြုလုပ်ခဲ့တယ်လို့ ကြေညာသွားပါတယ်။

ဒီအစီအစဉ်အရ  ချင်းမိုင်မြို့ ပါဖိုင့်ရပ်ကွက်မှာ ကျူးကျော်နေထိုင်သူ တရားမ၀င် အလုပ်သမား တဲအိမ် ၉ လုံးကို ၀ိုင်းဝန်းဖြိုဖျက်တာ၊ ၀ပ်ပါပေါဝ့် ရှမ်းဘုန်းကြီးကျောင်း အနောက်က ရပ်ကွက်ထဲကို ၀င်ရောက်ကာ မူးယစ်ဆေးဝါးသုံးစွဲသူနဲ့  တရားမ၀င် ရွှေ့ပြောင်းအလုပ်သမား၊ အလုပ်သမား ဥပဒေနဲ့ မညီတဲ့ အလုပ်သမားတွေ စုစုပေါင်း ၃၀ ကျော် ဖမ်းဆီးခဲ့တယ်လို့လည်း ထိုင်းသတင်းမှာ ထုတ်လွှင့်သွားပါတယ်။

DVB ( မြန်မာပိုင်း)

Posted by Unknown on 6/11/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ