Related Posts Plugin for WordPress, Blogger...

အသက် (၂၄) အရွယ်ရှိ မြောက်ဦးမြို့
နယ် ထမရိတ်မှ လူငယ် တစ်ဦးသည်
သူ့သူငယ်ချင်းအတွက် ဆယ်တန်းအောင်
စာရင်း သွားကြည့်စဉ် ရန်ကုန်တွင် ကား


တိုက် သေဆုံးသွားသည်ဟု သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ခိုင်ဇော်မင်းဖြစ်ပြီး မြောက်ဦးမြို့ ထမရိတ်မှ ဦးမောင်စိန်ဝင်း၏ သားဖြစ်ကြောင်း သိရသည်။

“ သူက ဆယ်တန်းအောင်ပြီးသားပါ။ စိန်ဂေဟာတွင် အလုပ် လုပ်နေသူ ဖြစ်ပါတယ်။ အဲဒီနေ့က သူ့သူငယ်ချင်း အတွက် စက်ဘီးနဲ့ ဆယ်တန်းအောင်စာရင်းသွားကြည့်ပေးတဲ့ အချိန်မှာ ရန်ကုန် မြေနီကုန်းမှာ ကားတိုက်ခံရတာပါ။ နောက်ထပ် သူ့သူငယ်ချင်း ဗမာကောင်လေး တစ်ယောက်ကတော့ အောက်ပိုင်း တစ်ခုလုံး ဖြတ်လိုက်ရတယ်လို့ သိရပါတယ်” ဟု လိုင်သာယာမှ လူမူရေး လုပ်နေသူ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

ဆယ်တန်းအောင်စာရင်း ကျေညာသည့် ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ကိုခိုင်ဇော်မင်းသည် သူ့၏ သူငယ်ချင်း တစ်ဦးနှင့်အတူ အခြား သူငယ်ချင်း တစ်ဦးဖြစ်သူ အတွက် စက်ဘီးဖြင့် ဆယ်တန်းအောင်စာရင်း သွားကြည့်စဉ် ကားတစ်စီးက ဖြတ်တိုက်သွားသည်ဟု သိရသည်။

ကိုခိုင်ဇော်မင်းမှာ ပွဲချင်းပီးသေဆုံးကာ နောက်တစ်ဦးမှာ ခြေထောက်များကို ဖြတ်ပစ်ရသည် အထိ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သူက ဆိုသည်။

သေဆုံးသူ ကိုခိုင်ဇော်မင်းအား ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့က ရေဝေးသုသာန်တွင် သဂြိင်္ုလ်ခဲ့သည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာန

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ