Related Posts Plugin for WordPress, Blogger...

ရန်ကုန်တိုင်း တာမွေမြို့ နယ်က မဟာသန္တိ
သုခကျောင်း တိုက်ကို အင်အားသုံးချိတ်
ပိတ်ပြီး ကျောင်းတိုက်တွင်းက သံဃာတော်တွေ
ကို အဓမ္မခေါ်ဆောင်သွားတာဟာ
သင့်လျော်မှုမရှိသလို နိုင်ငံတော်တည်ငြိမ်အေး


ချမ်းရေး အတွက်လည်း ထိခိုက်မှုဖြစ်မှာ စိုးရိမ်ကြောင်း သီတဂူ ဆရာတော် အရှင်ဥာဏိသရက မိန့်ကြားလိုက်ပါတယ်။

မနေ့ ညသန်းခေါင်အချိန်က ကျောင်းတိုက်ကို ရဲအင်အားနဲ့ဝိုင်းရံပြီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင်တွေက ကျောင်းကိုသိမ်းယူ ချိတ်ပိတ်ခဲ့တာနဲ့ ပတ်သက်လို့ RFA က ဆက်သွယ်မေးမြန်းစဉ်မှာ ဆရာတော်က မိန့်ကြားခဲ့တာပါ။

"သာသနာရေးဌာနတို့ သံဃာ့မဟာနာယကတို့က ချိတ်ပိတ်တာကို သူတို့ကထိန်းတယ်လို့ ဒီလိုထင်ပုံ ရတယ်၊ ချိတ်ပိတ်လိုက်တာ ထိန်းသိမ်းရာမရောက်ဘူး၊ လူတွေရဲ့ စိတ်နှလုံကို ဆူပူအောင်လှုံ့ဆော်တာ နောက် တစ်ချက်က ဒီလိုကျောင်းတိုက်တွေကို သူပိုင်ငါပိုင် အငြင်းပွားကြတဲ့ကိစ္စ ဘုရားဟောပါဋိတော်ထဲမှာ မျက်မှောက် ရင်ဆိုင်တွေ့ဆုံပြီးတော့ ဖြေရှင်းရမယ့်ကိစ္စမှာ ပီနန်ဆရာတော်ကြီး နိုင်ငံခြားခရီးထွက်နေတဲ့အချိန် တိုက်တိုက် ဆိုင်ဆိုင် သန်းခေါင်ယံမှာဝင်ပြီးတော့ ချိတ်ပိတ်လိုက်တဲ့ကိစ္စဟာလည်း တော်တော်မသင့်လျော်တဲ့ကိစ္စဖြစ်တယ်"

ဒါ့အပြင် သံဃာများ ရေစက်ချလှူဒါန်းထားတဲ့ ပစ္စည်းဥစ္စာကို အစိုးရက သိမ်းပိုင်ခွင့်မရှိသလို သံဃာ့မဟာနာယက အဖွဲ့ကလည်း သိမ်းပိုင်ခွင့်မရှိကြောင်း သံဃိတပစ္စည်းကို သံဃာကပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်ကြောင်း ဆရာတော်က မိန့်ပါတယ်။

သာသနာရေးဝန်ကြီးဌာန၊ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့တို့အနေနဲ့  ခုလိုပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စကို  ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းသင့်တယ်လို့လည်း  ဆရာတော်က မိန့်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆရာတော် ဦးပညာဝံသနဲ့  တပည့်တွေ ကို ကျောင်းတိုက်ကနေထွက်ပေးဖို့ ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆရာတော်က အဲဒီညွှန်ကြားချက်ကို လက်မခံဘဲ တရားဥပဒေကြောင်းအရ ဆောင်ရွက်ရင်လည်း ရင်ဆိုင်မယ်လို့  မိန့်ကြားခဲ့ပါတယ်။ ဇွန်လ ၁၀ ရက် မနေ့ ညသန်းခေါင်မှာတော့ ကျောင်းတိုက်ကို အင်အားသုံး ချိတ်ပိတ်ပြီးတဲ့နောက် သီတင်းသုံးနေတဲ့ သံဃာအပါး ၂၀ ခန့်ကို ကမ္ဘာအေး သံဃာ့မဟာနာယကရုံးကို ခေါ်ဆောင်သွားခဲ့ကြပါတယ်။

RFA (မြန်မာပိုင်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ