Related Posts Plugin for WordPress, Blogger...

မီဇိုရမ်ပြည်နယ်မြို့တော် အိုင်ဇော်လ်မြို့၊ Dinthar ရပ်ကွက်အတွင်း အသက်မပြည့်မိန်းကလေးကို အလိုမတူ စော် ကားသော မြန်မာနိုင်ငံသာ တစ်ဦးကို ဥပဒေမှ ပြစ်ဒဏ် နာနာပေး ရန် ရပ်ကွက် NGO များဦးဆောင်ပြီး တရားရုံးရှေ့  တွင် မေ ၂၉ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့က အသက်မပြည့် မိန်းကလေးကို မြန်မာနိုင်ငံသားဟု သိရသော Malsawmtluanga (21) မှ အလိုမတူဆက်ဆံခဲ့သည်ကို ရပ်ကွက် လူကြီးများ က ၄င်းအား ဖမ်းဆီးပြီး ပြည်သူလူထုမှ ကိုယ်ထိ လက် ရောက် ရိုက်နှက်ကျုးလွန်မှု မပြုခင်ပြည်သူ့ရဲလက်ထဲသို့ အပ်နှံလိုက်ကြသည်။

Dinthar ရပ်ကွက်အတွင်း အသက်မပြည့်မိန်းကလေးများကို အလိုမတူစော်ကားတာမျိုးနောက်ထပ်မဖြစ်အောင် နှင့် အပြစ်ရှိသူကို ဥပဒေပုဒ်မအရ အပြစ်နာနာပေးရေး ဆိုင်းဘုတ်များကို ကိုင်ဆောင်ပြီးမြို့တော်တရားရုံးရှေ့တွင် လူဦး ရေ ၅၀ ခန့်က ဆန္ဒပြတာဖြစ်သည်။

မေလ ၂၉ ရက်နေ့ဟာ တရားခံ Malsawmtluanga ရဲ့ရုံးချိန်းရက်ဖြစ်သောကြောင့် အခုလို ရပ်ကွက်လူထု နှင့် NGO များလာရောက်ပြီး အပြစ်ရှိသူကို ပြစ်ဒဏ်နာနာ ကျခံဖို့ ဆန္ဒဖော်ထုတ်တာဖြစ်သည်။

ဆန္ဒပြ Dinthar Joint NGO မှ တရားရုံးထံ အပြစ်ရှိသူကိုထိုက်တန်တဲ့အပြစ်ပေးဖို့ နှင့် အာမခံလွတ်ငြိမ်း ခွင့်မပေး ရန်၊ အမျိုးသမီးများ နှင့် သက်မပြည့်မိန်း ကလေးများ ပိုမိုလုံခြုံအောင် Crime Against Women Cell ကို ပိုမို အင် အားရလာနိုင်အောင် စာတစောင်ပေးခဲ့ပြီး ပြည်သူလူထုကလည်းဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ကြောင်း တောင်းဆို ထားကြသည်။

နောက်ထပ် ၁၄ ရက်နောက်ပိုင်းမှ တရားခံ Malsawmtluanga ကို တရားရုံးမှအမိန့်ချသွားမှာဖြစ်တယ်လို့ သိရပါ သည်။

Khonumthung News Group

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ